ပေကျင်း ၊ ဩဂုတ် ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက ၂၀၂၂ ခုနှစ်တွင် နိုင်ငံတစ်ဝှမ်း ဒီဂျစ်တယ်ယာဉ်မောင်းလိုင်စင် ထုတ်ပေးနိုင်မည် ဖြစ်ကြောင်း ပြည်သူ့လုံခြုံရေးတာဝန်ရှိသူတစ်ဦးက ဩဂုတ် ၁၈ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ်ပေါ်သွားယာဉ် ကျူးလုံ (Zhurong) သည် သတ်မှတ်ထားသည့်အတိုင်း ၎င်း၏ စူးစမ်းလေ့လာရေးနှင့် ရှာဖွေတွေ့ရှိရေး လုပ်ငန်းများ ပြီးမြောက်လျက်ရှိကြောင်း တရုတ်နိုင်ငံ အမျိုးသား အာကာသစီမံခန့်ခွဲမှုဦးစီးဌာန (CNSA) က ဩဂုတ် ၁၇ ရက်၌ ပြောကြားခဲ့သည်။
ပေကျင်း ၊ ဩဂုတ် ၁၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် အာဖဂန်ပြည်သူများ၏ ရွေးချယ်မှုများကို လေးစားကြောင်း နှင့် အာဖဂန်အခြေအနေတွင် ချောမွေ့သည့် အသွင်ကူးပြောင်းရေးအတွက် မျှော်လင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဩဂုတ် ၁၆ ရက်တွင် ပြောကြားခဲ့သည်။ တာလီဘန်တို့က အာဖဂန်နစ္စတန်နိုင်ငံ၌ စစ်ပွဲပြီးဆုံးသွားပြီ ဖြစ်ကြောင်း နှင့် မကြာမီတွင်...
ဝူးလူမုချီ ၊ ဩဂုတ် ၁၆ ရက်(ဆင်ဟွာ) တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်(PLA)က ၂၀၂၁ ခုနှစ် နိုင်ငံတကာ စစ်ဘက်ဆိုင်ရာအားကစားပွဲ(International Army Games 2021)၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ပြိုင်ပွဲ ၃ ရပ်တွင် ပါဝင်ကာ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ ရုရှား ၊ ဘီလာရုစ်...
ရှန်ဟိုင်း၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ) ပဉ္စမအကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲ (CIIE) အတွက် စီးပွားရေးပြခန်း ပြသမည့်သူများအတွက် မှတ်ပုံတင်ခြင်းကို ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ပြပွဲဖြစ်မြောက်ရေးစီစဉ်သူက ဩဂုတ် ၁၂ ရက်တွင် ပြောကြားခဲ့သည်။
ဝူဟန့် ၊ ဩဂုတ် ၁၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအလယ်ပိုင်း ဟူပေပြည်နယ်တွင် ဩဂုတ် ၈ ရက်ကတည်းက မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ ဒေသခံ တစ်သိန်းကျော် အပေါ် သက်ရောက်မှုရှိခဲ့ကြောင်း နှင့် ပြည်နယ်အစိုးရအနေဖြင့် ၎င်း၏ မိုးသက်လေပြင်း အရေးပေါ်ကယ်ဆယ်ရေးတုံ့ပြန်မှုအဆင့်ကို ဩဂုတ် ၁၂ ရက်က အဆင့် ၃...
ချင်းသောင်၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ်ရှိ လေဆိပ်သစ်ဖြစ်သော ချင်းသောင် ကျောင်းတုန်း နိုင်ငံတကာလေဆိပ် (Qingdao Jiaodong International Airport) အား ဩဂုတ် ၁၂ ရက်တွင် တရားဝင်လုပ်ငန်းလည်ပတ်လျက်ရှိကြောင်း ချင်းသောင် လေဆိပ်အုပ်စုက ပြောကြားခဲ့သည်။
ပေကျင်း ၊ ဩဂုတ် ၁၂ ရက်(ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းအထိ တရုတ်နိုင်ငံက လက်ရှိဆင်းရဲနွမ်းပါးမှုမျဉ်းအောက် ရှိနေသော ကျေးလက်နေပြည်သူ ၉၈ ဒသမ ၉၉ သန်းအား ၈ နှစ်တာ ကြိုးပမ်းအားထုတ်ပြီးသည့်နောက် ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်အောင် ဆွဲတင်နိုင်ခဲ့ကြောင်း စက္ကူဖြူစာတမ်းအရ သိရသည်။
ပေကျင်း၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အဓိကလေဆိပ်များတွင် ခရီးဆောင်အိတ်များ ခြေရာခံရာ၌ ရေဒီယိုကြိမ်နှုန်းဖြင့်ခွဲခြားဖော်ထုတ်သည့် (RFID) နည်းပညာဖြင့် ဂရုတစိုက်ဆောင်ရွက်ပြီး ၎င်းတို့၏ ခရီးဆောင်အိတ်စီမံခန့်ခွဲခြင်း ဝန်ဆောင်မှုစွမ်းရည်မြှင့်တင် သွားမည်ဖြစ်ကြောင်း နိုင်ငံ၏လေကြောင်းအာဏာပိုင်များ၏ အဆိုအရ သိရသည်။
လန်ဒန်၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် အနာဂတ် သန့်ရှင်းသောစွမ်းအင် အကူးအပြောင်း၌ ကမ္ဘာပေါ်တွင် ဦးဆောင်လျက်ရှိပြီး ၎င်း၏ အစိမ်းရောင်နည်းပညာ ထုတ်လုပ်မှုက အကြောင်းပြချက်ဖြစ်ကြောင်း ဘီဘီစီ၏ ဩဂုတ် ၉ ရက်တွင် ထုတ်ပြန်သည့် ဆောင်းပါးအရ သိရသည်။