ပေကျင်း၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် စစ်မှန်သော နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို အစဉ်တစိုက် ကတိပြုထားပြီး ဖြစ်သလို ကုလသမဂ္ဂကို ဗဟိုပြုသည့် နိုင်ငံတကာစနစ်အား အခိုင်အမာထိန်းသိမ်းစောင့်ရှောက်မည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက ဇန်နဝါရီ ၂၁ ရက်၌ ပြောကြားခဲ့သည်။ ကုလသမဂ္ဂသည် စွမ်းဆောင်မှုကြောင့် ဆက်လက်တည်ရှိသင့်သော်လည်း...
ဂျေရုဆလမ်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) တရုတ်ကားကုမ္ပဏီ SAIC Motor က ၎င်း၏ MG အမှတ်တံဆိပ်အောက်ရှိ ဟိုက်ဘရစ်ကား မော်ဒယ်အသစ်ကို အစ္စရေးနိုင်ငံတွင် ရောင်းချမှုစတင်လိုက်ကြောင်း အစ္စရေးကားတင်သွင်းသူ Lubinsky Group က ကြေညာချက်တစ်စောင်၌ ဇန်နဝါရီ ၂၀ ရက်က ထုတ်ပြန်ခဲ့သည်။ အဆိုပါအလတ်စား...
ရှန်းပင်းကျောင်း၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နန်ရှားကျွန်းစု ရှန်းပင်းကျောင်းကျောက်ဆောင်အနီး ပင်လယ်ပြင်တွင် ကင်းလှည့်တာဝန်ထမ်းဆောင်နေသော တရုတ်ကမ်းခြေစောင့်တပ် ဖူရင်းသင်္ဘောက တရားမဝင်ထားရှိသော ငါးဖမ်းကိရိယာများကို ဇန်နဝါရီ ၁၂ ရက် နံနက်ပိုင်းတွင် တွေ့ရှိခဲ့သည်။ ပင်လယ်ရေမျက်နှာပြင်တွင် တာယာ၊ ဖော့ သို့မဟုတ် သံပုံးစသည့် ပစ္စည်းများသည် အဆိုပါကိရိယာအတွက်...
မွန်တီဗစ်ဒီအို၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) တရုတ်ရေတပ် ဆေးရုံသင်္ဘောကြီး “ပိုးလမ်းမသင်္ဘော” သည် ဥရုဂွေးနိုင်ငံ မွန်တီဗစ်ဒီအိုဆိပ်ကမ်းသို့ ဒေသစံတော်ချိန် ဇန်နဝါရီ ၂၀ ရက်တွင် ရောက်ရှိပြီး လေးရက်ကြာ နည်းပညာအရဆိပ်ကမ်းဆိုက်ကပ်ခြင်းကို စတင်ခဲ့သည်။ ယင်းမှာ တရုတ်ရေတပ်သင်္ဘောကြီး ဥရုဂွေးနိုင်ငံသို့ ပထမဆုံးအကြိမ် ဆိုက်ရောက်ခြင်း ဖြစ်သည်။ နံနက်...
ပေကျင်း၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ လကုန်အထိ တရုတ်နိုင်ငံ၏ လျှပ်စစ်ကား အားသွင်းအဆောက်အဦ အရေအတွက်သည် အခုရေ ၂၀.၀၉၂ သန်း ရှိလာသောကြောင့် အရေအတွက် သန်း ၂၀ ကျော်ရှိလာပြီဖြစ်ကြောင်း၊ ထို့ကြောင့် တစ်ကမ္ဘာလုံးတွင် အကြီးဆုံး လျှပ်စစ်ကား အားသွင်းကွန်ရက်...
ပေကျင်း၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) ၂၀၂၅ ခုနှစ်အတွင်း တရုတ်နိုင်ငံ ပေကျင်းမြို့၏ GDP သည် ယွမ် ၅.၂၀၇၃၄ ထရီလီယံရှိခဲ့ရာ ယမန်နှစ်ကာလတူထက် ၅.၄ ရာခိုင်နှုန်း တိုးလာကြောင်း ပေကျင်းမြို့ စာရင်းအင်းဗျူရို၏ ဇန်နဝါရီ ၂၁ ရက်က ထုတ်ပြန်သည့် အချက်အလက်များတွင် ဖော်ပြထားသည်။...
ပေကျင်း၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) ပြည်လုံးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဝမ်ဟုနင်က ဇန်နဝါရီ ၂၀ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ပါကစ္စတန်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Sardar Ayaz Sadiq နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ဟုနင်က ၂၀၂၅ ခုနှစ်တွင် သမ္မတရှီကျင့်ဖိန်နှင့်...
ဂျက်ဒါ၊ ဆော်ဒီအာရေဗျ၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒါမြို့တွင် ဇန်နဝါရီ ၂၀ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အေအက်ဖ်စီ ယူ-၂၃ အာရှဖလားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် တရုတ်အသင်းက ဗီယက်နမ်အသင်းကို ၃ ဂိုးပြတ် အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲသို့ ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။ ယခုအနိုင်ရလဒ်မှာ ယခင်ပြိုင်ပွဲ...
ဟောင်ကောင်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) ၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသသို့ ခရီးသွားဧည့်သည်လာရောက်လည်ပတ်မှုမှာ ၄၉.၉ သန်းရှိခဲ့ပြီး ၂၀၂၄ ခုနှစ်ကထက် ၁၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊ ယင်းမှာ နိုင်ငံတကာခရီးသွားလာမှုနှင့်အညီ မြင့်တက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ဒေသတွင်းအချက်အလက်များက ဇန်နဝါရီ ၁၉ ရက်၌ ဖော်ပြခဲ့သည်။...
မကာအို၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသ၏ မကာအိုအစိုးရခရီးသွားလုပ်ငန်းရုံး (MGTO) က ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသသို့ ရောက်ရှိလာသည့် နိုင်ငံတကာ ခရီးသွားဧည့်သည်များအတွက် တိုက်ရိုက်ကားလက်မှတ်များ အခမဲ့ပေးအပ်မည့် အထူးအစီအစဉ်ကို စတင်မည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၉ ရက်၌ ကြေညာခဲ့သည်။ အဆိုပါခရီးသွားလုပ်ငန်းရုံးက ထိုအခမဲ့ဝန်ဆောင်မှုကို ဟောင်ကောင်-မကာအို ဘတ်စ်ကားဝန်ဆောင်မှုလုပ်ငန်းနှင့်...