ပေကျင်း ၊ ဒီဇင်ဘာ ၂၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် ပင်မစက်ရုပ်နည်းပညာများနှင့် ဆက်စပ်သည့် အဆင့်မြင့်ထုတ်ကုန်များ၌ အောင်မြင်မှုများစွမ်းဆောင်နိုင်ရန် ကတိပြုထားကြောင်း ဒီဇင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည့် လမ်းညွှန်ချက်အရ သိရသည်။ တရုတ်နိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် စက်ရုပ်တီထွင်အသုံးချရေးပညာတီထွင်ဆန်းသစ်မှုအတွက် ကမ္ဘာလုံးဆိုင်ရာအချက်အချာတစ်ခုဖြစ်လာရန် ကြိုးပမ်းသွားမည် ဖြစ်ပြီး...
ပေကျင်း၊ ဒီဇင်ဘာ ၂၉ ရက်(ဆင်ဟွာ) ယခုနှစ်တွင် တရုတ် အာကာသစခန်းသို့ အမေရိကန် Starlink ဂြိဟ်တု နှစ်ကြိမ်ချဉ်းကပ်ခဲ့ပြီး အာကာသစခန်းရှိ အာကာသယာဉ်မှူးများ၏ အသက်အန္တရာယ်ကျန်းမာရေးကို ခြိမ်းခြောက်သည့်ကိစ္စရပ်အပေါ် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက အမေရိကန်သည် နိုင်ငံတကာဥပဒေကို အခြေခံသည့် အာကာသနိုင်ငံတကာအခင်းအကျင်းကို လေးစားမှုရှိသင့်ပြီး ထိုသို့သောကိစ္စရပ်များ ထပ်မံ...
ပေကျင်း၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ) တရုတ် နှင့် စင်ကာပူ နှစ်နိုင်ငံသည် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အစည်းအဝေးများအား ဒီဇင်ဘာ ၂၉ ရက်တွင် ဗွီဒီယိုလင့်မှတဆင့် ဆက်တိုက်ကျင်းပမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Zhao Lijian က ဒီဇင်ဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ...
ပေကျင်း ၊ ဒီဇင်ဘာ ၂၈ ရက်(ဆင်ဟွာ) ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲတက်ရောက်ရန်အတွက် အမေရိကန်နိုင်ငံ တာဝန်ရှိသူများ၏ ဗီဇာလျှောက်ထားမှုကို တရုတ်ဘက်က လက်ခံရရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒီဇင်ဘာ ၂၇ ရက်တွင် အတည်ပြုခဲ့သည်။ ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲအတွင်း အမေရိကန်အားကစားသမားများအတွက် လုံခြုံရေး နှင့် ဆေးဘက်ဆိုင်ရာအကူအညီပေးရန် အထူးသဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့မှ...
ပေကျင်း၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက စီးပွားရေးတံခါးပိုမိုဖွင့်လှစ်ခြင်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အရည်အသွေးမြင့်မြင့် မြှင့်တင်ရန် ကြိုးပမ်းအားထုတ်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဖြေလျှော့ ကန့်သတ်စာရင်းနှစ်ခုကို ဒီဇင်ဘာ ၂၆ ရက်က ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယခုလိုဆောင်ရွက်ခြင်းသည် ငါးနှစ်ဆက်တိုက်ရှိပြီဖြစ်ပြီး ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံကြီးအနေဖြင့် နိုင်ငံ၏ကန့်သတ်စာရင်းနှင့် ရှေ့ပြေး...
ဝူးလူမုချီ၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ) ယခုနှစ် ပြီးခဲ့သည့် ၁၁ လကြာ ကာလတွင် တရုတ်နိုင်ငံ ရှင်းကျန်းဂိတ်မှ ဥရောပသမဂ္ဂသို့ ပို့ကုန်သွင်းကုန် ကုန်သွယ်ရေးပမာဏသည် ယွမ် ၂၆၁.၈၂ ဘီလီယံအထိရှိပြီး ကာလတူထက် ၃၀ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း ဝူးလူမုချီ အကောက်ခွန်ရုံးမှ သိရသည်။ ၎င်းတို့အနက်...
ကျိနန် ၊ ဒီဇင်ဘာ ၂၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်း ဆန်းတုန်းပြည်နယ်၌ ဒီဇင်ဘာ ၂၆ ရက်တွင် မြန်နှုန်းမြှင့်ရထားလမ်းပိုင်းတစ်ပိုင်းအား စတင်လည်ပတ်ခဲ့ပြီး Heze မြို့အား တရုတ်နိုင်ငံ၏ မြန်နှုန်းမြှင့် ရထားလမ်းကွန်ရက်အတွင်းသို့ ထည့်သွင်းခဲ့ကြောင်း သိရသည်။ ၁၉၉ ကီလိုမီတာ အရှည်ရှိ ရထားလမ်းပိုင်းအသစ်သည် Heze မြို့ Caoxian...
ပေကျင်း၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ) Shenzhou-13 အာကာသယာဉ်မှူးအဖွဲ့သည် သတ်မှတ်တာဝန်များကို ထမ်းဆောင်ရန်အတွက် ဒီဇင်ဘာ ၂၇ ရက် ၀၀ နာရီ ၅၅ မိနစ်တွင် ဒုတိယအကြိမ်မြောက် အာကာသစခန်းပြင်ပသို့ ထွက်ခွာခဲ့ကြောင်း၊ စခန်းပြင်ပ တာဝန်ထမ်းဆောင်ချိန် ၆ နာရီကြာပြီးနောက် အာကာသယာဉ်မှူး ကျိုက်ကျစ်ကန်း၊ ယဲ့ကွမ်းဖုတို့သည်...
ဝူးလူမုချီ ၊ ဒီဇင်ဘာ ၂၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း(ဝေဂါ)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပထမဆုံး ကန္တာရဖြတ်ကျော် အမြန်လမ်းအား ဒီဇင်ဘာ ၂၅ ရက်တွင် တရားဝင်ဖွင့်လှစ်ခဲ့ပြီး ရှင်းကျန်းဒေသမြောက်ပိုင်းရှိ မြို့များအကြား ခရီးသွားလာမှုကြာချိန်ကို လျှော့ချပေးနိုင်ခဲ့ကြောင်း ဒေသတွင်းသယ်ယူပို့ဆောင်ရေးဌာနက ပြောကြားခဲ့သည်။ အားလက်ထိုက် စီရင်စုနှင့် ရှင်းကျန်းဒေသ၏မြို့တော် ဝူးလူမုချီကို ဆက်သွယ်ထားသောအမြန်လမ်းသည်...
ရှီးအန်း၊ဒီဇင်ဘာ၂၆ရက်(ဆင်ဟွာ) ဆီးနှင်းများကျသည့်ကာလတွင် တရုတ်နိုင်ငံ၊ရှီးအန်းမြို့၌ တစ်မြို့လုံးအား လေ့ာဒေါင်း ဆောင်ရွက်မှုကို ဒီဇင်ဘာ၂၅ ရက်တွင်အကောင်အထည်ဖော်လျက်ရှိသောကြောင့် nucleicacid စစ်ဆေးမှုကိုစနစ်တကျဆောင်ရွက်ကာ ရှေ့တန်းမှကျန်းမာရေးဝန်ထမ်းများသည်ပြည်သူများကိုအစွမ်းကုန်ဝန်ဆောင်မှုပေးနေကြောင်း၊ မြို့သူမြို့သားများအေနဖြင့် အိမ်ပြင်မထွက်ရသည့်စည်းကမ်းကိုလိုက်နာရန်နှင့် အခြေခံစားနပ်ရိက္ခာများကို လုံလောက်စွာထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ အများပြည်သူပိုင်နေရာဒေသများတွင် ပိုးသတ်ဆေးဖျန်းခြင်းစသည့် ကပ်ရောဂါထိန်းချုပ်ရေးလုပ်ဆောင်ချက်များကိုစနစ်တကျတိုးမြှင့်ဆောင်ရွက်ပေးနေကြောင်းသိရသည်။ (Xinhua) ——————————— (Chinese Version) (聚焦疫情防控•新华视界)防疫下的古城西安 2021-12-25 19:10:51 分类:...