ဝါရှင်တန် ၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ) နိုင်ငံတကာအိုလံပစ်ကော်မတီ(IOC)အဖွဲ့ဝင် Dick Pound က ပေကျင်း ၂၀၂၂ ခုနှစ် ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲကို အမေရိကန်နိုင်ငံ၏ “ သံတမန်ရေးရာသပိတ်မှောက်ခြင်း” ဟု ပြောဆိုနေမှုသည် ထိရောက်သည့် အကျိုးသက်ရောက်မှု များများစားစား ရှိနိုင်မည်မဟုတ်ကြောင်း ပြောကြားလိုက်သည်။
ပေကျင်း ၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ အခမ်းအနားတက်ရောက်ရန် မည်သည့်ဩစတြေးလျအစိုးရအရာရှိကိုမျှ ဖိတ်ကြားသွားမည်မဟုတ်ကြောင်း နှင့် သူတို့လာရောက်ခြင်း(သို့မဟုတ်) မလာရောက်ခြင်းကိုလည်း မည်သူတစ်ဦးတစ်ယောက်မျှ ဂရုစိုက်နေမည်မဟုတ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒီဇင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်-ဂျာမနီ ဆက်ဆံရေးအား အဆင့်သစ်တစ်ခုသို့ မြှင့်တင်သွားမည် ဖြစ်ကြောင်း ဂျာမနီနိုင်ငံ အဓိပတိအဖြစ် ရွေးကောက်ခံရသော Olaf Scholz ထံ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာထဲတွင် ဒီဇင်ဘာ ၈ ရက်က တိုက်တွန်းပြောကြားခဲ့သည်။
ကွေ့ယန် ၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်ရှိ အာရှ၏ အရှည်လျားဆုံး လိုဏ်ဂူအတွင်း နှစ်ပေါင်း ၁၀၀,၀၀၀ ကျော် သက်တမ်းရှိ ပန်ဒါကြီးမျိုးရုပ်ကြွင်းအား တူးဖော်တွေ့ရှိခဲ့ကြောင်း သုတေသီများက ဒီဇင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။
ကျန်းဆူး၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)
ပေကျင်း၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် ကာကွယ်ရေးဝန်ကြီး ဝေ့ဖုန့်ဟော်(Wei Fenghe) သည် ဒီဇင်ဘာ ၇ ရက်တွင် စတုတ္ထအကြိမ်မြောက် ကုလသမဂ္ဂ (UN) ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ ဝန်ကြီးအဆင့်ညီလာခံတွင် ဗီဒီယိုမှတစ်ဆင့် မိန့်ခွန်းပြောကြားခဲ့သည်။
ကျိုချွမ် ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ CERES-1 Y2 သယ်ဆောင်ရေးဒုံးပျံအား ဒီဇင်ဘာ ၇ ရက်တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ Shenzhou-12 မစ်ရှင် အာကာသယာဉ်မှူး ၃ ဦးသည် ဒီဇင်ဘာ ၇ ရက်က စာနယ်ဇင်းများနှင့် တွေ့ဆုံခဲ့ကြောင်း၊ စက်တင်ဘာလက ကမ္ဘာမြေသို့ ပြန်လည်ရောက်ရှိလာပြီးနောက် ကနဦးပြန်လည်နာလန်ထူလာချိန်မှစ၍ လူထုအကြား ပထမဆုံးပေါ်ထွက်လာခြင်းလည်း ဖြစ်ကြောင်း သိရသည်။
ပေကျင်း ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) ဒီမိုကရေစီကိုမျက်ကွယ်ပြုထားပြီး ဒီမိုကရေစီထိပ်သီးအစည်းအဝေးတစ်ခုကျင်းပမည့် အမေရိကန်နိုင်ငံ၏ အရည်အချင်းကို တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျောက်လိကျန်းက ဒီဇင်ဘာ ၇ ရက်တွင် မေးခွန်းထုတ်လိုက်သည်။
ပေကျင်း၊ ဒီဇင်ဘာ ၇ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် အများပြည်သူအတွက် အခြေခံအဆောက်အအုံ၏ အရေးပါသော အစိတ်အပိုင်းဖြစ်သည့် အသေးစားနှင့် အလတ်စား လေဆိပ်များ ချောမွေ့စွာလည်ပတ်နိုင်စေရန် ကြိုးပမ်းသွားမည်ဟု မြို့ပြလေကြောင်းအာဏာပိုင်များက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ မြို့ပြလေကြောင်းဦးစီးဌာန (CAAC) သည် ထောက်ပံ့ရေးမူဝါဒများကို စဉ်ဆက်မပြတ်အကောင်အထည်ဖော်ပြီး နှစ်စဉ်ခရီးသည် ၂ သန်းထက်နည်းသော လေဆိပ်များသို့...