ပေကျင်း၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နိုဝင်ဘာ ၄ ရက်တွင် ရှန်ဟိုင်းမြို့၌ ကျင်းပမည့် တတိယအကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲ (CIIE) နှင့် ဟုန်ချောင် နိုင်ငံတကာစီးပွားရေးဖိုရမ် ဖွင့်ပွဲအခမ်းအနား၌ ဗီဒီယိုလင့်ခ်မှတစ်ဆင့် မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း စီးပွားရေးနှင့်...
ရှီးအန်း၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် ၁၄ ကြိမ်မြောက် အမျိုးသားအားကစားပွဲများအတွက် အားကစားနေရာများတည်ဆောက်မှုသည် အဆင်ပြေချောမွေ့စွာ ပြီးစီးခဲ့ပြီး စီမံကိန်းနေရာ ၈ ခုကို စီစဉ်ထားသည့်အတိုင်း ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
ရှီးချန်း၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်ရှိ ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှတစ်ဆင့် အဝေးထိန်းအာရုံခံစနစ်ပါသော ဂြိုဟ်တုအသစ်အုပ်စုတစ်စုကို အောက်တိုဘာ ၂၆ ရက်က အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း သိရသည်။
နန်နင်း၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ် တရုတ်-အာဆီယံ ခရီးသွားလုပ်ငန်းပြပွဲကို တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကွေ့လင်မြို့တွင် ဒီဇင်ဘာ ၈ ရက်၌ ပြုလုပ်မည်ဖြစ်ကြောင်း ဒေသတွင်း ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဌာနက အောက်တိုဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
ချန်ချွမ်း၊အောက်တိုဘာ ၂၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမှ တီထွင်ထုတ်လုပ်သည့် တစ်နာရီလျှင် ကီလိုမီတာ ၄၀၀ မောင်းနှင်နိုင်သည့် မြန်နှုန်းမြင့် ကျည်ဆန်ရထားကြီးကို CRRC Changchun Railway Vehiclesကုမ္ပဏီက တရုတ်နိုင်ငံ ကျီလင်ပြည်နယ် ချန်ချွမ်းမြို့တွင် ယနေ့(အောက်တိုဘာ ၂၁ ရက်)က သံလမ်းတင်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊အောက်တိုဘာ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံဒုတိယဝန်ကြီးချုပ် Hu Chunhuaသည် အောက်တိုဘာ၂၀ တွင် အမေရိကန်နိုင်ငံစီးပွားရေးကိုယ်စားလှယ်အဖွဲ့နှင့် ဗီဒီယိုလင့်ခ်တစ်ဆင့်တွေ့ဆုံခဲ့ရာတွင် နှစ်နိုင်ငံစီးပွားရေးနှင့်ကုန်သွယ်ရေးဆက်ဆံမှုကောင်းမွန်တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်မှုသည်နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းများနှင့်ပြည်သူများ၏အခြေခံအကျိုးစီးပွားများနှင့်ကိုက်ညီကြောင်းပြောကြားခဲ့သည်။
ပေကျင်း ၊ အောက်တိုဘာ ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် ၎င်း၏ 5G ကွန်ရက်ကို တိုးချဲ့ရန်အတွက် အခြေစိုက်စခန်းများ ဆက်လက် တည်ဆောက်လျက်ရှိရာ ယခုအခါ နိုင်ငံတစ်ဝှမ်းတွင် 5G အခြေစိုက်စခန်းပေါင်း ၆၀၀,၀၀၀ ကျော်ထိ ရှိလာခဲ့ကြောင်း တရုတ်နိုင်ငံ စက်မှု နှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန(MIIT) ၏ ထုတ်ပြန်ချက်အရ...
ချန်းကျီ၊ အောက်တိုဘာ ၁၈ ရက်(ဆင်ဟွာ) ရွှေရောင် ဆောင်းဦးရာသီ အောက်တိုဘာလသည် တရုတ်နိုင်ငံ ရှင်းကျန်ဒေသ နေရာသီးသီးတွင် ဝါဂွမ်း ရိတ်သိမ်းသည့်ကာလဖြစ်သည်။ ရှင်းကျန်းဒေသ ချန်းကျီ ဟွေလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ မာနာ့စစ်ခရိုင်တွင် ဧက ၈၃၀,၀၀၀ ခန့်သောရှိ ဝါဂွမ်းများကို ရိတ်သိမ်း၍ စက်ရုံသို့ပို့ဆောင်ရသည့် လုပ်ငန်းစည်ကားနေချိန်လည်းဖြစ်သည်။
ဝူးလူမုချိ၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဗို့အားအလွန်မြင့်မားသည့် ဓာတ်အားလိုင်းသစ် စတင်လည်ပတ်နေပြီဖြစ်ပြီး ဒေသတွင်း ၇၅၀ ကေဗီ ဓာတ်အားကွန်ရက် လွှမ်းခြုံနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
လာဆာ ၊ အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ)တရုတ်နိုင်ငံ တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆောင်ရွက်ရာတွင် အဓိကအောင်မြင်မှု ရရှိခဲ့ကြောင်း ဒေသဆိုင်ရာ တရုတ်ကွန်မြူနစ်ပါတီ(CPC) အကြီးအကဲWu Yingjie က ယနေ့အောက်တိုဘာ ၁၅ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။