ဆန်းကျန့်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ်တွင် ဆန်းကျန့် အထူးစီးပွားရေးဇုန် (SEZ) တည်ထောင်ခြင်း နှစ် ၄၀ ပြည့်အထိမ်းအမှတ် အခမ်းအနားကို ယနေ့( အောက်တိုဘာ ၁၄ ရက်) တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဆန်းကျန့် ၊ အောက်တိုဘာ ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က အထူးစီးပွားရေးဇုန်များ တည်ဆောက်ခြင်းသည် တရုတ်ကွန်မြူနစ်ပါတီ နှင့် နိုင်ငံ၏ တိုးတက်သော ပြုပြင်ပြောင်းလဲမှု နှင့် တံခါးဖွင့်မှု လုပ်ဆောင်ချက်များအပြင် ဆိုရှယ်လစ်စနစ်ခေတ်မီစေရန် ပြုလုပ်သော ကြီးမားသည့် အတွေးအမြင်ဆန်းသစ်မှု အရွေ့တစ်ခုဖြစ်ကြောင်း ယနေ့ အောက်တိုဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။
ကွမ်ကျိုး ၊ အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီဗဟိုကော်မတီအထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ်သို့ သွားရောက်သည့် စစ်ဆေးရေးခရီးတစ်ခုအတွင်း ကုမ္ပဏီများ၏ လွတ်လပ်သောတီထွင်ဆန်းသစ်မှုအပေါ် မီးမောင်းထိုး ပြောကြားခဲ့သည်။
ချန်ရှား၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဟူနန်ပြည်နယ် မြို့တော်ချန်ရှားနှင့် အခြားမြို့များဖြစ်သည့် ချန်တယ်၊ ရိယန်တို့ကို ချိတ်ဆက်မည့် ချန်ရိချန်(ချန်တယ်-ရိယန်-ချန်ရှား)မိုးပျံရထားလမ်းတည်ဆောက်မှု၏ ရိချန်(ရိယန်-ချန်ရှား)တံတားတည်ဆောက်မှုအပိုင်းတွင် ချိတ်ဆက်လမ်းခင်းမှုလုပ်ငန်းများ စတင်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
ရှီးချန်း၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် အမြင်အာရုံခံစနစ်ဖြင့် အဝေးထိန်းဂြိုဟ်တုသစ်တစ်စင်းကို ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ အောက်တိုဘာ ၁၂ ရက် ပေကျင်းစံတော်ချိန် ၀၀:၅၇ နာရီက အောင်မြင်စွာလွှတ်တင်ခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ) တရုတ် နှင့် အာဖရိက နှစ်ဖက်စလုံးသည် အမျိုးမျိုးသော အန္တရာယ်များ နှင့် စိန်ခေါ်မှုများကို အောင်မြင်စွာကျော်ဖြတ်နိုင်ရေး လက်တွဲကာ စည်းလုံးညီညွတ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှု စိတ်ဓာတ်ကို ဆုပ်ကိုင်ထားရန် အသင့်ရှိကြောင်း နှင့် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုကို နိုင်ငံစုံပါဝင်ရေးဝါဒ ၊...
ပေကျင်း ၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က လူငယ်အရာရှိများအား ၎င်းတို့အနေဖြင့် စွမ်းဆောင်ရည်အပြည့်ဖြင့် လက်တွေ့ကျသော ပြဿနာရပ်များကိုဖြေရှင်းရာတွင် စိတ်ဆန္ဒရှိစွာ ပြုမူကြရန် နှင့် စစ်မှန်သောရလဒ်များထွက်ပေါ်လာသည်အထိ ကြိုးပမ်းဆောင်ရွက်ကြရန် အောက်တိုဘာ ၁၀ ရက်က မိန့်ခွန်းပြောကြားခဲ့သည်။
QAMDO ၊ တိဗက်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဗက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Qamdo စီရင်စုနယ် ငြိမ်းချမ်းစွာလွတ်လပ်မှုရရှိခြင်း နှစ် ၇၀ ပြည့်အထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာ ၉ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးယာဉ် ထျန်းဝန်-၁ သည် အောက်တိုဘာ ၉ ရက် ညပိုင်း (ပေကျင်းစံတော်ချိန်) က လမ်းကြောင်းပြောင်းတည့်မတ်ခြင်း အောင်မြင်စွာပြီးစီးသွားပြီဖြစ်ကြောင်း တရုတ် အမျိုးသားအာကာသ စီမံခန့်ခွဲမှုဦးစီးဌာန (CNSA) ထံမှ သိရသည်။
ပေကျင်း၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) ဆူဒန်နိုင်ငံ အစိုးရနှင့် အတိုက်အခံအုပ်စုများအကြား ဘက်စုံငြိမ်းချမ်းရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်းအပေါ် တရုတ်နိုင်ငံက ကြိုဆို ထောက်ခံကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က အောက်တိုဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။