ပေကျင်း၊ အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဒုတိယအကြိမ်မြောက် ကုလသမဂ္ဂ ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲသော လမ်းပန်းဆက်သွယ်ရေး ကွန်ဖရင့်သို့ အောက်တိုဘာ ၁၄ ရက် ညပိုင်းက ဗွီဒီယိုလင့်ခ်ဖြင့် တက်ရောက်၍ “ကမ္ဘာနှင့်ကူးလူးဆက်ဆံသော ခေတ်ကာလနှင့်လျော်ညီသည့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းတွင် ရှေ့သို့လျှောက်လှမ်းမည်”ဟူသော ခေါင်းစဉ်ဖြင့် မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့သည်။ ထိုသို့...
ထိုက်ယွမ် ၊ အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမြောက်ပိုင်း ဆန်းရှီးပြည်နယ်ရှိ ထိုက်ယွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ အောက်တိုဘာ ၁၄ ရက် ပေကျင်းစံတော်ချိန် ည ၆ နာရီ ၅၁ မိနစ်အချိန်တွင် ပထမဆုံး နေစကြဝဠာ စူးစမ်းလေ့လာရေးဂြိုဟ်တုကို အာကာသအတွင်းသို့ လွှတ်တင်ခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ) ကုလသမဂ္ဂအထွေထွေညီလာခံဆုံးဖြတ်ချက် ၂၇၅၈ ကိုဆန့်ကျင်ကာ ထိုင်ဝမ်ဒီမိုကရက်တစ်တိုးတက်ရေးပါတီ(DPP) အာဏာပိုင်များ၏ ထပ်ဖန်တလဲလဲ ပုံဖျက်ပြောဆိုမှုများနှင့်ဝေဖန်မှုများကို တရုတ်ပြည်မအစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးက အောက်တိုဘာ ၁၄ ရက်တွင် ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်သည်။
ကျိုချွမ်၊ အောက်တိုဘာ ၁၄ ရက်(ဆင်ဟွာ) Shenzhou-13 လူတင်အာကာသယာဉ်ကို တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ် ဂြိုလ်တုလွှတ်တင်ရေးစင်တာမှ အောက်တိုဘာ ၁၆ ရက် ပေကျင်းစံတော်ချိန် ၀၀:၃၀ မိနစ်တွင် လွှတ်တင်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ လူတင်အာကာသယာဉ်အေဂျင်စီ (CMSA)က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
ရှန်ဟိုင်း၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) စတုတ္ထအကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲ (CIIE) ပြပွဲအတွင်း၏ အွန်လိုင်းပြပွဲ ပြင်ဆင်မှုကာလကို အောက်တိုဘာ ၁၃ ရက်၌ စတင်လိုက်ပြီး နိုင်ငံအသီးသီးမှ ၎င်းတို့၏ ယကျေးမှု၊ စက်မှုလုပ်ငန်းသွင်ပြင်လက္ခဏာများနှင့် ကုန်စည်များအား ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။
စိန်ရန် ၊ အောက်တိုဘာ ၁၄ ရက်(ဆင်ဟွာ)
ပေကျင်း ၊ အောက်တိုဘာ ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် အောက်တိုဘာ ၁၃ ရက်က ဗီဒီယိုလင့်ခ်မှတစ်ဆင့် ဂျာမနီနိုင်ငံဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ကူမင်း၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ကမ္ဘာလုံးဆိုင်ရာ ဇီဝမျိုးကွဲများ ကာကွယ်မှုမြှင့်တင်ရေး ကုလသမဂ္ဂ အဓိကအစည်းအဝေးတွင် ကမ္ဘာပေါ်ရှိ သက်ရှိအာလုံးပါဝင်သော အသိုက်အဝန်းတစ်ခု တည်ဆောက်ရန် ကြိုးပမ်းအားထုတ်မှုများအတွက် အောက်တိုဘာ ၁၂ ရက်က တိုက်တွန်းပြောကြားခဲ့သည်။
ကူမင်း၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကူမင်းမြို့တွင် ၁၅ ကြိမ်မြောက် ဇီဝမျိုးကွဲဆိုင်ရာ ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများ၏ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး (COP15) တွင် ကူမင်းကြေညာချက်ကို အောက်တိုဘာ ၁၃ ရက်က အတည်ပြုခဲ့ကြောင်း သိရသည်။
ထိုက်ယွမ်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ) ငါးကြိမ်မြောက် နိုင်ငံတကာရုပ်ရှင်ပွဲတော် ကို တရုတ်နိုင်ငံ မြောက်ပိုင်းဆန်းရှီးပြည်နယ်ရှိ နှစ်ပေါင်း ၂၇၀၀ သက်တမ်းရှိ Pingyaoမြို့၌ အောက်တိုဘာ ၁၂ ရက်တွင် ဖွင့်လှစ်ခဲ့သည်။