ဝူးလူမုချီ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် ထုတ်လုပ်သော C919 ခရီးသည်တင်လေယာဉ်ကြီးအား နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်းဝေဂေါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ထူလူဖန်းမြို့အတွင်း မြင့်မားသောအပူချိန်တွင် စမ်းသပ်ပျံသန်းမှုများ စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က ခေတ်သစ်တွင် ပါတီကို ဆက်လက်ခိုင်မာတောင့်တင်းမှုရှိစေရန် CPC ၏ အဖွဲ့အစည်းပုံစံကို ပိုမိုကောင်းမွန်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားရန် အလေးထားပြောကြားခဲ့ကြောင်း သိရသည်။
ဟောင်ကောင်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အတွက် အထူးကုန်သွယ်ခွင့် အား အမေရိကန်နိုင်ငံက ရုပ်သိမ်းလိုက်ခြင်းအပေါ် မည်သည့်ပိတ်ဆို့မှုမျိုးကိုမဆို ကြောက်ရွံ့နေမည်မဟုတ်ကြောင်း ဟောင်ကောင် အုပ်ချုပ်ရေးမှူး Carrie Lam က ဇွန် ၃၀ ရက်တွင် တုံ့ပြန်ပြောကြားလိုက်သည်။
ပေကျင်း၊ ဇွန် ၃၀ ရက်(ဆင်ဟွာ) ဟောင်ကောင်ဒေသ မတည်မငြိမ်ကွဲပြဲအောင် လုပ်ဆောင်နေသည့် အင်အားစုများ မည်သို့ပင် ကြွေးကြော်နေပါစေ၊ ပြည်ပအင်အားစုအနေဖြင့်မည်သို့ပင် ဖိအားပေးပါစေ တရုတ်နိုင်ငံ၏ ဟောင်ကောင်အမျိုးသားလုံခြုံရေး ဥပဒေပြဋ္ဌာန်းသည့် ဆုံးဖြတ်ချက်နှင့်လုပ်ဆောင်ချက်ကို တားဆီး၍ရမည် မဟုတ်ကြောင်း ၊ ၎င်းတို့၏အကြံအစည်သည် မုချရှုံးနိမ့်မည်သာဖြစ်ပြီး ၎င်းတို့၏ဟောင်ကောင်အရေးစွက်ဖက်သည့် အဆိုပြုချက်သည်လည်း အသုံးမဝင်သည့် စက္ကူတစ်ရွက်သာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန...
ပေကျင်း ၊ ဇွန် ၂၉ ရက်(ဆင်ဟွာ) ကျင်းပဆဲ တရုတ်နိုင်ငံ၏ ထိပ်တန်း ဥပဒေပြုရေး အမျိုးသား ပြည်သူ့ကွန်ဂရက်(NPC) အမြဲတမ်းကော်မတီ၏ အစည်းအဝေးအတွင်း တရုတ်ဥပဒေပြုကိုယ်စားလှယ်များက ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR)တွင် အမျိုးသားလုံခြုံရေးကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ဥပဒေကြမ်းတစ်ခုပြဌာန်းရေးနှင့်ပတ်သက်၍ ဇွန် ၂၈ ရက်တွင် အစုအဖွဲ့အလိုက် အလေးအနက်ထားဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောင်ကောင်၊ဇွန် ၂၈ ရက်(ဆင်ဟွာ) အမေရိကန်က တရုတ်အစိုးရအရာရှိများအား ဗီဇာကန့်သတ်မှုများ ဆောင်ရွက်သွားမည်ဟူသောကြေညာချက်အား ပြင်းထန်စွာကန့်ကွက်ကြောင်း၊ ဟောင်ကောင်ရေးရာနှင့်တရုတ်နိုင်ငံ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သော ဗိုလ်ကျအနိုင်ကျင့်သည့် လုပ်ဆောင်ချက်များကို ရပ်တန့်ရန်နှင့်အမှားများကို ချက်ချင်းပြင်ဆင်ရန် တိုက်တွန်းကြောင်း ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသရှိ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇွန် ၂၇ ရက်တွင် ပြောကြားခဲ့သည်။
ချန်ချွမ်း၊ ဇွန် ၂၇ ရက် (ဆင်ဟွာ) အနံ့ခံ ခွေးလေး ဟေးဆာသည် ၎င်း၏နည်းပြ ကျန်းဖုန်းနှင့်အတူ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျီလင်ပြည်နယ် Baishan မြို့တွင် နေထိုင်သည်မှာ ခြောက်လခန့်ရှိပြီဖြစ်သည်။
ဟာရာရီ ၊ ဇွန် ၂၇ ရက် (ဆင်ဟွာ) ဇင်ဘာဘွေ နိုင်ငံ ရှိ တရုတ်နိုင်ငံလုပ်ငန်း ကုမ္ပဏီ များ အဖွဲ့ချုပ် က ဇွန်လ ၂၆ ရက် ၌ ဇင်ဘာဘွေ နိုင်ငံ အစိုးရ အား တန်ဖိုးအား ဖြင့် အမေရိကန် ဒေါ်လာ...
ပေကျင်း၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံ၏ အမျိုးသား အခြေခံကျန်းမာရေးအာမခံ အစီအစဉ်များတွင် တရုတ်နိုင်ငံသား ၉၅ ရာခိုင်နှုန်းကျော်ကို လွှမ်းခြုံမှုပေးနိုင်ခဲ့ကြောင်း အမျိုးသားကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဘေးကင်းလုံခြုံရေးစီမံခန့်ခွဲမှုဦးစီးဌာနမှ ထုတ်ပြန်သည့် စာရင်းအင်းများအရ သိရသည်။
ရှန်ဟိုင်း၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) တတိယအကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲ (CIIE) သို့ တက်ရောက်ရန် ကျွမ်းကျင်မှုနယ်ပယ်ဆိုင်ရာ ဧည့်သည်များ မှတ်ပုံတင်ခြင်းကို ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ကြောင်း ပြပွဲဖြစ်မြောက်ရေးစီစဉ်သူများက ပြောကြားခဲ့သည်။