ချိုမိုလန်းမားတောင် ၊ မေ ၂၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမှ မြေတိုင်းကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ကမ္ဘာ့အမြင့်ဆုံးချိုမိုလန်းမား တောင်ထိပ်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်ကြောင်း သိရသည်။
ဟောင်ကောင်၊ မေ ၂၆ ရက် (ဆင်ဟွာ) သွေးများလွှမ်းနေသည့် မျက်နှာဖြင့် ရန်ရွှယ်ကျစ် တစ်ယောက် ဟောင်ကောင်၏ Mong Kok ရပ်ကွက်ရှိ လမ်းမတစ်ခုပေါ်တွင် ထိတ်လန့်တုန်လှုပ်စွာ မတ်တပ်ရပ်နေခဲ့သည်။ ၎င်း၏နောက်တွင်မူ သွေးများပေကျံနေသည့် တူတစ်ချောင်းကိုင်ကာ မျက်နှာဖုံးဝတ်ဆင်ထားသည့် အသက် ၂၇ ခုနှစ်အရွယ် ဆူပူအုံကြွသူ လူငယ်တစ်ဦး ရှိနေခဲ့သည်။
ပေကျင်း၊ မေ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် တည်ဆောက်ထားသော ကမ္ဘာ့အကြီးဆုံး AG600 ကုန်း၊ ရေနှစ်သွယ်သွားလေယာဉ်သည် ယခုနှစ် ဒုတိယနှစ်ဝက်တွင် ပထမဆုံးအကြိမ် ပင်လယ်ရေပြင်ပေါ်တွင် စမ်းသပ်ပျံသန်းမည်ဖြစ်ကြောင်း လေယာဉ်တည်ဆောက်ရေးကုမ္ပဏီက မေ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ မေ ၂၆ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံက နျူကလီးယား စမ်းသပ်မှု ပြန်လည် လုပ်ဆောင်ရန် ယခု ရက်ပိုင်း အတွင်း ပြောဆိုမှုအပေါ် တရုတ် နိုင်ငံက အလေးထား စောင့်ကြည့်နေပြီး အမေရိကန် နိုင်ငံ အနေဖြင့် ကမ္ဘာ့မဟာဗျူဟာ တည်ငြိမ်မှု အား...
ပေကျင်း ၊ မေ ၂၆ ရက်(ဆင်ဟွာ) ဟောင်ကောင်အရေးသည် လုံးဝဥဿုံတရုတ်နိုင်ငံ၏ ပြည်တွင်းရေးသာဖြစ်ပြီး အမေရိကန်အနေဖြင့် ဝေဖန်ရန် သို့မဟုတ် ဝင်ရောက်စွက်ဖက်ရန် အခွင့်အရေးမရှိကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျောက်လိကျန်း(Zhao Lijian) က မေ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
ချိုမိုလန်းမားတောင် အခြေစိုက် စခန်း ၊ မေ ၂၅ ရက်(ဆင်ဟွာ) မြေတိုင်း ကျွမ်းကျင်ပညာရှင် တစ်ဦး ဖြစ်သူ Chen Gang သည် ၎င်း၏ အလုပ်အတွက် သိပ္ပံနည်းကျ ချဉ်းကပ်မှုကို အစဉ် ပြုမူလုပ်ကိုင်ခဲ့ပြီး ၎င်းရောက်ရှိခဲ့သော နေရာတိုင်းတွင် တိကျသည့် အချက်အလက် ကောက်ယူခြင်းခြင်းနှင့်အတူ စူးစမ်းလေ့လာမှုပြုလုပ်ခဲ့သည်။
ပေကျင်း ၊ မေ ၂၅ ရက်(ဆင်ဟွာ) ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) နှင့်ပတ်သက်၍ အမျိုးသားလုံခြုံရေးဥပဒေပြဌာန်းရန် ဆုံးဖြတ်ချက်မူကြမ်းတစ်ခုကို တရုတ်နိုင်ငံ ဥပဒေပြုအမတ်များက လုပ်ဆောင်နေစဉ်အတွင်း မိုက်ပွန်ပီယို နှင့် နန်စီပလိုစီကဲ့သို့သော အချို့သော ပြည်ပနိုင်ငံရေးသမားများသည် ဝင်ရောက်စွက်ဖက်မှု ပြုလုပ်ရန် မစောင့်ဆိုင်းနိုင်အောင် ဖြစ်နေကြသည်။
ပေကျင်း၊ မေ ၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံနှင့်အာဆီယံ၏ဆက်ဆံရေးသမိုင်းကို ပြန်ပြောင်းကြည့်မည်ဆိုလျှင် အာရှဘဏ္ဍာရေး အကျပ်အတည်းတွင်ဖြစ်စေ၊နိုင်ငံတကာ ဘဏ္ဍာရေးအကျပ်အတည်းတွင် ဖြစ်စေ တရုတ်-အာဆီယံဆက်ဆံရေးသည် ပို၍နီးကပ်လာသလို ပူးပေါင်းဆောင်ရွက်မှုသည်လည်း ပို၍အားကောင်းလာခဲ့ကြောင်း၊ ၎င်းမှာ တရုတ်-အာဆီယံ၏ သူမတူသည့် ချစ်ကြည်ရင်းနှီးမှုနှင့်နက်ရှိုင်းသည့် အပြန်အလှန် ယုံကြည်မှုကြောင့်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မေ ၂၄...
ဝူးလူမုချီ၊ မေ ၂၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ လုပ်ငန်များပြန်လည်လည်ပတ်လာသည့်ကာလတွင် တရုတ်နိုင်ငံ ရှင်းကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဝူးလူမုချီလေဆိပ် တိုးချဲ့တည်ဆောက်မှု စီမံကိန်းလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ တိုးတက်လျက်ရှိကြောင်း သိရသည်။
မကာအို ၊ မေ ၂၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသ(SAR) အစိုးရက အမျိုးသားလုံခြုံရေးထိန်းသိမ်းရန် ဗဟိုအစိုးရ၏ ဆုံးဖြတ်ချက်ကို ခိုင်မာစွာ ထောက်ခံကြောင်း မေ ၂၃ ရက်တွင်ပြောကြားခဲ့သည်။