ပေကျင်း ၊ နိုဝင်ဘာ ၂၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံထုတ် မောင်းသူမဲ့ဒရုန်းယာဉ် (The Wing Loong-10) သည် အဏ္ဏဝါမိုးလေဝသ စောင့်ကြည့်လေ့လာရေးဆိုင်ရာ သိပ္ပံသုတေသန နှင့် လက်တွေ့စမ်းသပ်မှု ခရီးစဉ်တစ်ခုကို အလုံးစုံအောင်မြင်စွာ ပြီးမြောက်သွားပြီဖြစ်ကြောင်း ယင်းမောင်းသူမဲ့ယာဉ်(UAV) ထုတ်လုပ်သော ကုမ္ပဏီက စနေနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ပေကျင်း၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့တော်၌ ပထမဆုံးသော စီးပွားဖြစ် မောင်းသူမဲ့မော်တော်ယာဉ် စမ်းသပ် မောင်းနှင်မှု ကို စတင်ခဲ့ပြီး ဆက်စပ်ေသာစီမံခန့်ခွဲမှု မူဝါဒများကို ယခုသီတင်းပတ် အစောပိုင်းတွင် ထုတ်ပြန်ခဲ့ကြောင်း မြို့တော်၏ အဆင့်မြင့် မောင်းသူမဲ့ သရုပ်ပြဇုန်ရုံးမှ သိရသည်။
ချုံချင့်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) လိမ္မော်သီးများတင်ဆောင်ထားသည့် ကုန်တင်လေယာဉ်သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြူနီစပယ်ဒေသမှ စင်္ကာပူနိုင်ငံသို့ နိုဝင်ဘာ ၂၆ ရက်က ထွက်ခွာခဲ့ကြောင်း မြူနီစပယ်ကုန်သွယ်ရေးကော်မရှင်၏ ထုတ်ပြန်ချက်အရသိရသည်။
ပေကျင်း၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နိုဝင်ဘာ ၂၉ ရက်မှ ၃၀ ရက်အထိ ဆီနီဂေါနိုင်ငံ ဒက်ကာမြို့တွင် ကျင်းပရန်လျာထားသော ၈ ကြိမ်မြောက် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု (FOCAC) ဖိုရမ် ဝန်ကြီးအဆင့် ကွန်ဖရင့် ဖွင့်ပွဲအခမ်းအနားအား...
ဝူဟန့်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟူဘေးပြည်နယ် မြို့တော် ဝူဟန့်တွင် ပထမဆုံး တရုတ်နိုင်ငံ (Wuhan) ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ကုန်စည်ပြပွဲကို နိုဝင်ဘာ ၂၆ ရက်က ဖွင့်လှစ်ခဲ့သည်။
ကူမင်း၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်းပြည်နယ်ခွဲ၊ ရွှေလီမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်တွင် နိုဝင်ဘာ ၂၆ ရက်၌ သွင်းကုန်ပို့ကုန်များ အကောက်ခွန်ဌာနမှ ဖြတ်သန်းခြင်းလုပ်ငန်းပြန်လည်စတင်ကြောင်း၊ ၎င်းမှာ တက်ဟုန်းပြည်နယ်ခွဲတွင် ကပ်ရောဂါ သက်ရောက်မှုကြောင့် ကုန်သွယ်မှုနယ်စပ်ဂိတ်များ ရပ်ဆိုင်းပြီးနောက် ပထမဆုံးသော သွင်းကုန်ပို့ကုန် ဖြတ်သန်းသွားလာမှုများ ပြန်လည်စတင်သည့်...
ရှီးချန်း၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်ရှိ ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဂြိုဟ်တုအသစ်တစ်စင်းကို ယနေ့ (နိုဝင်ဘာ ၂၇ ရက်) က အာကာသအတွင်းသို့ အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း သိရသည်။
ဝူဟန့်၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) တရုတ်အာကာသသိပ္ပံနှင့် စက်မှုလုပ်ငန်းကော်ပိုရေးရှင်းသည် အာကာသနည်းပညာ”စွမ်းအင်သစ်” ကို ပျိုးထောင်ရာတွင် အရေးကြီးသော အောင်မြင်မှုရရှိခဲ့ကြောင်း သိရသည်။
ပေကျင်း၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် အာဖရိကနိုင်ငံ ၃၁ နိုင်ငံနှင့် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခဲ့ကြောင်း ယနေ့ (နိုဝင်ဘာ ၂၆ ရက်) တွင် ထုတ်ပြန်သည့် ခေတ်သစ်တွင် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စက္ကူဖြူစာတမ်းအရ သိရသည်။
ဝူးလူမုချီ၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ရှင်းကျန်း(ဝေဂါ)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း လမ်းဖောက်လုပ်တည်ဆောက်ရေး ရင်းနှီးမြုပ်နှံမှုပမာဏသည် ယွမ် ၆၃.၅ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၉.၉ ဘီလီယံခန့်) ရှိကြောင်း ဒေသအစိုးရက သောကြာနေ့တွင် ပြောကြားခဲ့သည်။