ပေကျင်း၊ မတ် ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပညာရေးဝန်ကြီးဌာန (MOE) က ကောလိပ်မှ ဘွဲ့ရများအတွက် COVID-19 ရောဂါဖြစ်ပွားနေစဉ်အတွင်း ပညာထပ်မံသင်ကြားခြင်း သို့မဟုတ် အလုပ်အကိုင်ရှာဖွေခြင်းများ လုပ်ဆောင်နိုင်ရန် လမ်းကြောင်းများ တိုးချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။
ချန်ကျန်း၊ မတ် ၆ ရက် (ဆင်ဟွာ) ယခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်က ဟူပေပြည်နယ် ချန်ကျန်းမြို့ရှိ မိခင်နှင့်ကလေး ကျန်းမာရေးဆေးရုံတွင် မွေးဖွားခဲ့သည့် သမီးလေး တျန်တျန်သည် ၎င်း၏မိခင်မှာ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း အတည်ပြုခံရပြီးနောက် ဆေးရုံ၏ သီးသန့်ကြပ်မတ်ဆောင်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ရသည်။
ဝူဟန့်၊ မတ် ၆ ရက်(ဆင်ဟွာ) ဟူပေပြည်နယ် ကျန်းမာရေးကော်မတီ၏ မတ် ၆ ရက်တွင် ထုတ်ပြန်ချက်များအရ ၂၀၂၀ ပြည့်နှစ် မတ် ၅ ရက် ၀၀:၀၀ နာရီမှ ၂၄:၀၀ နာရီအတွင်း ဟူပေပြည်နယ်တစ်ခုလုံး၌ အသစ်ထပ်တိုးအတည်ပြုလူနာ ၁၂၆ ဦးရှိရာ ၎င်းတို့မှာ ဝူဟန့်တွင်သာဖြစ်ပြီး ကျန်မြို့ဒေသ...
ပေကျင်း ၊ မတ် ၆ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်း က တရုတ် နိုင်ငံ အနေဖြင့် အီရန် နိုင်ငံ ၏ ကပ်ရောဂါ တိုက်ဖျက်ရေး တွင် အတတ်နိုင်ဆုံး ဆက်လက် ကူညီထောက်ပံ့ ပေးသွားမည် ဖြစ်ပြီး...
ဝူဟန့်၊ မတ် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန့်မြို့သည် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ဖြစ်ပွားမှုကြောင့် အရေးတကြီးစွန့်ပစ်ရန်လိုသော ဆေးဘက်ဆိုင်ရာသုံး စွန့်ပစ်ပစ္စည်းများဖြင့် ပြည့်နှက်နေသည်။
ဝူဟန့်၊ မတ် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဟူပေပြည်နယ်ရှိ မြို့သုံးမြို့မှလွဲ၍ ကျန်မြို့များအားလုံးတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားသူအသစ်မရှိကြောင်း၊ အချို့မြို့များ၌ ၁၂ ရက်ဆက်တိုက် ကူးစက်မှုလုံးဝမရှိမှတ်တမ်းကို ထိန်းထားနိုင်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ မြို့ပြလေကြောင်းလုပ်ငန်းသည် နိုဗယ် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးတွင် လုံခြုံစိတ်ချ၍ ချောမွေ့သော လေကြောင်းသယ်ယူပို့ဆောင်မှု ဖြစ်စေရန် ပြီးပြည့်စုံသည့် ဆောင်ရွက်ချက်များ အကောင်အထည်ဖော်လျက်ရှိကြောင်း တရုတ်နိုင်ငံ မြို့ပြလေကြောင်း စီမံခန့်ခွဲမှု (CAAC) ၏ ပြောကြားချက်အရ သိရသည်။
ချန်တူး၊ မတ် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွန်းပြည်နယ်ရှိ တရုတ် ကုမ္ပဏီတစ်ခုက နှာခေါင်းစည်း ဝတ်ဆင်ထားသူများအား ခွဲခြားနိုင်စွမ်းရှိသော 3D မျက်နှာမှတ်သားသောစနစ်တစ်ခုကို တီထွင်ခဲ့ကြောင်း ၎င်းကုမ္ပဏီ၏ ပြောကြားချက်အရ သိရသည်။
ဂျီနီဗာ၊ မတ် ၄ ရက်(ဆင်ဟွာ) တစ်ကမ္ဘာလုံး ဆေးကုသရာတွင် အသုံးပြုသည့် အကာအကွယ်ပစ္စည်းများ လိုအပ်နေခြင်းကြောင့် နိုင်ငံအများစု၌ COVID-19 ရောဂါ ဖြေရှင်းနိုင်စွမ်းကို အကန့်အသတ် ဖြစ်စေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO) ညွှန်ကြားရေးမှူးချုပ် Tedros Adhanomက မတ် ၃ ရက်တွင် ပြောကြားခဲ့သည်။
ဝူဟန့်၊ မတ် ၄ ရက် (ဆင်ဟွာ) နိုဗယ် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဖြစ်ပွားရာ တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်၌ ယာယီဆေးရုံများကို ဖြည်းဖြည်းချင်းလျှော့ချသွားရန်နှင့် ရောဂါအတွက် သတ်မှတ်ထားသော ဆေးရုံအရေအတွက်ကိုလည်း လျှော့ချသွားရန် မျှော်လင့်ထားကြောင်း ဒေသခံအာဏာပိုင်များက မတ် ၃ ရက်တွင် ပြောကြားလိုက်သည်။