ပေကျင်း၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး ကြိုးပမ်းအားထုတ်မှုများအပေါ် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များက ချီးကျူးကြောင်းနှင့် ယုံကြည်မှုရှိကြောင်း ဖော်ပြခဲ့ကြသည်။
ပေကျင်း ၊ ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ ဟူပေ ပြည်နယ် ပြင်ပ၌ နေ့စဉ် ကိုရိုနာဗိုင်းရပ်စ် ရောဂါ(COVID-19) ရောဂါ အသစ် ဖြစ်ပွားမှုနှုန်းမှာ ၁၀ ရက် ဆက်တိုက် ကျဆင်းလာကြောင်း အမျိုးသား ကျန်းမာရေး ကော်မရှင်ထံမှ သိရသည်။
ဝူဟန့်၊ ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ) ဟူပေပြည်နယ်ဆေးကုသရေးတွင် အားဖြည့်ဆောင်ရွက်ရန်အတွက် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်(PLA)သည် လေတပ်လေယာဉ် ၁၁ စီးဖြင့် ဆေးကုသရေး တပ်ဖွဲ့ဝင်များကို ဖေဖော်ဝါရီ ၁၃ ရက် နံနက်ပိုင်းက ဝူဟန့်မြို့သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ရှမန်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရှမန်လေကြောင်း၏ လေယာဉ်မှူးတစ်ဦးဖြစ်သော ဩစတြေးလျနိုင်ငံသား မိုင်လ်စ် ဘားနတ် ဝက်စ်တန် (Myles Bernard Weston) သည် ဖေဖော်ဝါရီ ၁၃ ရက်တွင် စင်းလုံးငှားလေကြောင်း ခရီးစဉ်အမှတ် MF8779 ကို မောင်းနှင်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19)...
ပေကျင်း၊ ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် မဟာသီယာမိုဟာမက်(Mahathir Mohamad)နှင့် ဖေဖော်ဝါရီ ၁၃ ရက်က ချိန်းဆိုထားသည့်အတိုင်း ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၁၃ ရက်(ဆင်ဟွာ) တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ဖြစ်သူ သမ္မတရှီကျင့်ဖိန်၏ခွင့်ပြုချက်ဖြင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)သည် COVID-19 ရောဂါ တိုက်ဖျက်ရေးအတွက် ဝူဟန့်မြို့သို့ ဆေးကုသရေးတပ်ဖွဲ့ဝင် ၂,၆၀၀ ဦး ထပ်မံအားဖြည့်စေလွှတ်ခဲ့ကြောင်း သိရသည်။
ဝူဟန့်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်ရှိ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဖြစ်ပွားမှုမြင့်မားသည့် နေရာများအနက် တစ်ခုဖြစ်သော ရှီဆွေနယ်မြေတွင် အချိန် ၇ ရက်အတွင်း ဆေးရုံတစ်ရုံ ပြန်လည်တည်ဆောက်ရန် လျာထားခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ နိုင်ဗယ် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ တိုက်ဖျက်မှုအပေါ် ထောက်ခံကြောင်း BRICS အဖွဲ့ ဥက္ကဋ္ဌနိုင်ငံ၏ ကြေညာချက်အတွက် ဂုဏ်ပြုကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကိန်းစွမ်က ဖေဖော်ဝါရီ ၁၂ ရက်တွင် အွန်လိုင်းသတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
နန်ချန်း ၊ ဖေဖော်ဝါရီ ၁၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးလုပ်ဆောင်နေကြသည့် ဆေးဝန်ထမ်းများသည် သီးသန့်လူနာကုသရေးအဆောင်၌ တာဝန်ထမ်းဆောင်ရချိန်တွင် ရောဂါပိုးကူးစက်ခြင်းမှ ကာကွယ်ရန်အလို့ငှာ နှာခေါင်းစည်းများ နှင့် ကိုယ်ခန္ဓာ အကာအကွယ်ဝတ်စုံများကို နာရီပေါင်းများစွာ မချွတ်တမ်းဝတ်ဆင်ထားရကြောင်း သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကိုဝီဒိုဒိုနှင့် ဖေဖော်ဝါရီ ၁၁ ရက်က ချိန်းဆိုထားသည့်အတိုင်း ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။