ပေကျင်း၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရခြင်းအတွက် ဖူမီအို ခူရှီဒါ (Fumio Kishida) ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာတစ်စောင်ကို အောက်တိုဘာ ၄ ရက်က ပေးပို့ခဲ့ကြောင်း သိရသည်။ ရေပိုင်နက်တစ်ခုတည်းဖြင့် ခွဲခြားထားသော တရုတ်နိုင်ငံနှင့်...
ချင်းသောင် ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ) ပြီးခဲ့သော မတ်လက ဆူးအက်တူးမြောင်းအတွင်း အချိန်တစ်ပတ်နီးပါးကြာ ပိတ်မိနေခဲ့သော Ever Given ကုန်တင်သင်္ဘောကြီးသည် ပြင်ဆင်မှုများပြုလုပ်ရန်အတွက် တရုတ်နိုင်ငံ အရှေ့ပိုင်း ချင်းသောင်မြို့သို့ အောက်တိုဘာ ၄ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။ သင်္ဘောဦးပိုင်းတွင် အဓိက ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့ရသော ယင်းသင်္ဘောကြီးအား...
ပေကျင်း ၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ) ပေကျင်းမာရသွန်အပြေးပြိုင်ပွဲအား ယခု အောက်တိုဘာလ ၃၁ ရက် နံနက် ၇ နာရီခွဲအချိန်တွင် စတင်ကျင်းပသွားမည် ဖြစ်ကြောင်း ကျင်းပရေးကော်မတီက အောက်တိုဘာ ၃ ရက်တွင် အတည်ပြုခဲ့သည်။
ကျိုကျိုက်ကိုး၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ကျိုကျိုက်ကိုး ရှုခင်းသာခရီးသွားနေရာကို စက်တင်ဘာ ၂၈ ရက်က တရားဝင်အပြည့်အဝ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။
ပေကျင်း ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက နျူကလီးယားရေငုပ်သင်္ဘောနှင့် ပတ်သက်၍ အမေရိကန်နိုင်ငံ ၊ ဗြိတိန်နိုင်ငံ နှင့် ဩစတြေးလျနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုအား ပြတ်ပြတ်သားသားဆန့်ကျင်ကန့်ကွက်ကြောင်း စက်တင်ဘာ ၃၀ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ပေကျင်း ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီသည် စက်တင်ဘာ ၃၀ ရက်က ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်၌ ၇၂ နှစ်မြောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခြင်း ဂုဏ်ပြု ဧည့်ခံပွဲ အခမ်းအနားတစ်ခုကို ကျင်းပခဲ့သည်။
ရာကျန်း၊ စက်တင်ဘာ ၃၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ကန်းကျဲ(တိဗက်လူမျိုး)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ ရာလုံကျန်းမြစ်ပေါ်ရှိ လျန်ဟဲခို ရေအားလျှပ်စစ်စီမံကိန်းသည် ဗုဒ္ဓဟူးနေ့တွင် ဓါတ်အားထုတ်လုပ်လည်ပတ်နိုင်ပြီဖြစ်ကြောင်း သိရသည်။ ပျမ်းမျှပင်လယ်ရေမျက်နှာပြင်အထက် ၃,၀၀၀ မီတာရှိသည့် ယင်းစီမံကိန်းသည် တရုတ်နိုင်ငံတွင် အမြင့်ဆုံးနေရာ၌ရှိသည့် ရေအားလျှပ်စစ်စက်ရုံများအနက် တစ်ခုဖြစ်သည်။
ပေကျင်း ၊ စက်တင်ဘာ ၃၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအစိုးရက ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်ခဲ့သည့် တရုတ်နိုင်ငံ အမျိုးသားလူ့အခွင့်အရေးဆိုင်ရာ လုပ်ဆောင်ရန်အစီအစဉ်(၂၀၁၆-၂၀၂၀) ကို အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီဖြစ်ကြောင်း တတိယအစုအဖွဲ့ကျွမ်းကျင်ပညာရှင်များမှ ထုတ်ပြန်သော အကဲဖြတ်မှတ်တမ်းတစ်ခုအရ သိရသည်။
ပေကျင်း၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဥရောပသမဂ္ဂ (EU) ၏ နိုင်ငံခြားရေးရာနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် Josep Borrell နှင့်အတူ ၁၁ ကြိမ်မြောက် အဆင့်မြင့်ကိုယ်စားလှယ်အဆင့် မဟာဗျူဟာမြောက် ဆွေးနွေးပွဲအား စက်တင်ဘာ ၂၈ ရက်၌...
ရှန်ဟိုင်း၊ စက်တင်ဘာ ၂၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ စီးပွားရေးအချက်အချာဖြစ်သည့် ရှန်ဟိုင်းတွင် ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့သို့ သွားရောက်သည့် ကုန်ရထားဝန်ဆောင်မှုကို အင်္ဂါနေ့တွင် စတင်ခဲ့ရာ ရှန်ဟိုင်း-ဥရောပ နယ်စပ်ဖြတ်ကျော် ပထမဆုံး ရထားဝန်ဆောင်မှုစတင်သည့် အမှတ်သင်္ကေတ ဖြစ်ခဲ့သည်။