ဟိုင်ခို ၊ ဖေဖော်ဝါရီ ၁၁ ရက်(ဆင်ဟွာ) တရုတ် နိုင်ငံ တောင်ပိုင်း ဟိုင်နန် ပြည်နယ်၌ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသော လေးလ အရွယ် ကလေးငယ် တစ်ဦးမှာ ရောဂါပျောက်ကင်း၍ ပြန်လည် သက်သာလာခဲ့ပြီးနောက် ယနေ့တွင် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၁၁ ရက်(ဆင်ဟွာ) နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ဖြေရှင်းရေး ဗဟို ဦးဆောင်အဖွဲ့ အစည်းအဝေးကို ဖေဖော်ဝါရီ ၁၀ ရက်တွင် ကျင်းပခဲ့ရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်း ကော်မတီဝင်၊ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ်၊ ရောဂါဖြေရှင်းရေး ဗဟိုဦးဆောင်အဖွဲ့ခေါင်းဆောင် လီခဲ့ချန်က...
ပေကျင်း၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ စီးပွားရေးဝန်ကြီးဌာန (MOC) သည် ဖေဖော်ဝါရီ ၁၀ ရက်က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး နိုဗယ် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေသည့်ကာလအတွင်း နိုင်ငံခြားရင်းနှီးငွေဖြင့် လုပ်ကိုင်သော စီးပွားရေးလုပ်ငန်းများအတွက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ထောက်ပံ့ပေးရန် ဒေသခံအာဏာပိုင်များအား ညွှန်ကြားထားကြောင်း သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်သည် မြို့တော် ပေကျင်းရှိ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းသို့ ယနေ့ဖေဖော်ဝါရီ ၁၀ ရက်တွင် သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ချင်းသောင်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေသည့်ကြားမှ ဘေးကင်းစိတ်ချရသော မင်္ဂလာဆောင်တစ်ခုကို မည်သို့ကျင်းပနိုင်မည်နည်း။ တရုတ်နိုင်ငံသား မင်္ဂလာမောင်နှံနှစ်ဦးက အချိန်နှစ်မိနစ်ခန့်သာ ကြာမြင့်သည့် မင်္ဂလာပွဲကို နှာခေါင်းစည်းများတပ်ဆင်ထားသော လူ ၆ ဦးဖြင့်သာ ကျင်းပခဲ့သည်။
ဂျီနီဗာ၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အထူးသဖြင့် ဟူပေပြည်နယ်တွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသော လူနာများအား မည်သို့ အကောင်းဆုံးကုသမည်နှင့် ဗိုင်းရပ်စ် ပျံ့နှံ့မှုကို မည်သို့ကာကွယ်မည်ကို ရှာဖွေရန် ကျန်းမာရေးဝန်ထမ်းများ၏ ကြိုးပမ်းအားထုတ်မှုများအတွက် ကမ္ဘာက ကျေးဇူးတင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်...
ပေကျင်း၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု တိုက်ဖျက်ရာတွင် အောင်မြင်မှုရှိစေရန် သိပ္ပံနည်းကျ သုတေသန အခန်းကဏ္ဍကို အလေးထားဆောင်ရွက်ရန် ဖေဖော်ဝါရီ ၉ ရက်က ပြောကြားခဲ့သည်။
ချန်ရှား ၊ ဖေဖော်ဝါရီ ၁၀ ရက်(ဆင်ဟွာ) ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး လုပ်ဆောင်နေသည့် တရုတ်နိုင်ငံအပေါ် ထောက်ခံသည့်အနေဖြင့် နိုင်ငံတကာကျောင်းသားများစွာသည် အတူတကွ ပူးပေါင်း၍ ၎င်းတို့၏ အားပေးထောက်ခံမှု သဝဏ်လွှာ တစ်စောင်ကို ရေးသားဖော်ပြခဲ့သည်။
ပေကျင်း ၊ ဖေဖော်ဝါရီ ၁ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုမှ ရောဂါသက်သာလာ၍ ဆေးရုံဆင်းခွင့်ရသော လူနာအရေအတွက်မှာ ဖေဖော်ဝါရီ ၉ ရက် ညနေပိုင်းအထိ စုစုပေါင်း ၃,၂၈၁ ဦးထိ ရှိသွားပြီးဖြစ်ကြောင်း တရုတ်နိုင်ငံကျန်းမာရေးအာဏာပိုင်များက ယနေ့ ဖေဖော်ဝါရီ ၁၀ ရက်တွင် ကြေညာခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၉ ရက်(ဆင်ဟွာ) ဟူပေပြည်နယ်မှအပ တရုတ်နိုင်ငံ ကျန်ဒေသများတွင် ဖေဖော်ဝါရီ ၈ ရက် နေ့အထိ စစ်ဆေးတွေ့ရှိချက်များအရ ကိုရိုနာ အဆုတ်ရောင်ရောဂါ အတည်ပြုလူနာ အရေအတွက် နေ့စဉ်တိုးတက်မှုနှုန်းသည် ၅ ရက် ဆက်တိုက် ကျဆင်းလျက်ရှိကြောင်း တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေးကော်မရှင်၏ အချက်အလက်များအရ သိရသည်။