ဝူးလူမုချီ ၊ ဇူလိုင် ၁၁ ရက်(ဆင်ဟွာ)
ဘာလီကျွန်း၊ ဇူလိုင် ၁၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ ကျင်းပသော G20 နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီး ဇူလိုင် ၉ ရက်တွင် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။
ဦလန်ဘာတာ ၊ ဇူလိုင် ၁၀ ရက်(ဆင်ဟွာ) ကပ်ရောဂါဒဏ်သင့် ခရီးသွားလုပ်ငန်းကဏ္ဍအား မြှင့်တင်ရန် နှင့် မျိုးဆက်သစ်လူငယ်များအား ရိုးရာအဝတ်အထည်များ ဝတ်ဆင်ရေး အားပေးလှုံ့ဆော်ရန် ၁၆ ကြိမ်မြောက် မွန်ဂိုလီးယားနိုင်ငံ၏ အမျိုးသားဝတ်စုံပွဲတော်အား ဇူလိုင် ၉ ရက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇူလိုင် ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး ကွယ်လွန်မှုအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာအား ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ဖူမီအို ခီရှိဒါထံသို့ ဇူလိုင် ၉ ရက်က ပေးပို့ခဲ့သည်။ သဝဏ်လွှာတွင် သမ္မတ ရှီကျင့်ဖိန်က ဂျပန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း...
ပေကျင်း၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) BRICS အဖွဲ့ဝင်နိုင်ငံများ၏ မီဒီယာအဖွဲ့အစည်းများက တရုတ်နိုင်ငံ ပေကျင်းမြို့၌ ပြုလုပ်သော ပဉ္စမအကြိမ်မြောက် BRICS မီဒီယာဖိုရမ်တွင် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကို အာရုံစိုက်အလေးထားရန် ဇူလိုင် ၈ ရက်က တိုက်တွန်းပြောကြားခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို...
ပေကျင်း၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ) တရုတ်-အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံဆွေးနွေးပွဲ၏ သတင်းစာရှင်းလင်းပွဲ၌ အမေရိကန်အရာရှိတစ်ဦးက နှစ်နိုင်ငံဆက်ဆံရေးအတွက် “အကာအရံ” ထပ်တိုးရန် ပြောကြားချက်နှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက တရုတ်-အမေရိကန် ဆက်ဆံရေး၏ “အကာအရံ”သည် တရုတ်-အမေရိကန် ပူးတွဲကြေညာချက် ၃ ရပ်ဖြစ်ကြောင်း၊ အမေရိကန်အနေဖြင့် ပူးတွဲကြေညာချက်၏...
ဘာလီ ၊ အင်ဒိုနီးရှား ၊ ဇူလိုင် ၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် G20 အဖွဲ့၏ မူဘောင်အတွင်း ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းရှိကာ လက်တွေ့ကျပြီး အပြုသဘောဆောင်သော တုံ့ပြန်မှုများနှင့် ဆွေးနွေးမှုများအတွက် တွန်းအားပေးရန် အင်ဒိုနီးရှားနိုင်ငံနှင့်အတူ လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဇူလိုင် ၇...
ပေကျင်း၊ ဇူလိုင် ၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့ ဆင်ခြေဖုံး မိယွင်ခရိုင်ရှိ သက်တမ်း ၃,၅၀၀ ရှိ ကျောက်ပန်းပင်ကြီးတစ်ပင်သည် အစိုးရ၏ ထိန်းသိမ်းကာကွယ်ပေးမှုဖြင့် အညွန့်အခက်အလက်များမှ အသီးအပွင့်များထွက်လာပြီး ပြန်လည်ရှင်သန်လာခဲ့သည်။ တရုတ်နိုင်ငံ မြို့တော်၏ သက်တမ်းအရင့်ဆုံး သစ်ပင်ဟု ယူဆရသည့် အဆိုပါ ကျောက်ပန်းပင်ကြီးသည် အမြင့် ၁၁.၅...
နန်နင်း၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် နန်နင်းတွင် စက်တင်ဘာ ၁၆ ရက်မှ ၁၉ ရက်အထိ ကျင်းပမည့် ၁၉ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် ဒေသတွင်း ဘက်စုံစီးပွားရေး မိတ်ဖက်ဆက်ဆံရေး (RCEP) မှ...
ပေကျင်း ၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) Shenzhou-14 မှ တရုတ်အာကာသယာဉ်မှူးများသည် ယခုလအတွင်း လွှတ်တင်မည့် တရုတ်နိုင်ငံ၏ အာကာသစခန်း လက်တွေ့စမ်းသပ်ခန်းမော်ဂျူး Wentian ၌ သိပ္ပံပညာဆိုင်ရာ တိုက်ရိုက်သင်ခန်းစာ တစ်ခုအား သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။ ယင်းမှာ တရုတ်အာကာသယာဉ်မှူးများအတွက် အာကာသလက်တွေ့စမ်းသပ်ခန်းမော်ဂျူးမှ တိုက်ရိုက်သင်ခန်းစာပို့ချချက်...