ရှန်းကျန့်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) ဟွာဝေးက ၎င်း၏ပထမဆုံး 5G မိုဘိုင်းဖုန်းအား စီးပွားဖြစ်အသုံးပြုရန်အတွက် ၎င်းတို့၏ရုံးချုပ်ရှိရာ ရှန်းကျန့်မြို့တွင် မိတ်ဆက်ပြသခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် က စစ်မှုထမ်းဟောင်းရေးရာကိစ္စများ တွင် တိုးတက်မှုအသစ်များရရှိရန် အားထုတ်ကြိုးပန်း ၍ ဆောင်ရွက်ကြရန် ဇူလိုင် ၂၆ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။
ပေကျင်း၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) “Looking Up,”တရုတ်မိသားစုဒရမ်မာ ဇာတ်လမ်းသည် တရုတ်နိုင်ငံ ၏ လူကြိုက်အများဆုံးရုပ်ရှင်ကားများအား ဆန္ဒမဲကောက်ယူသည့် box office ၏ ဇူလိုင်လ ၂၄ရက်စာရင်းအရ ထိပ်ဆုံးတွင် ဆက်လက်ရပ်တည်လျက်ရှိကြောင်း တရုတ်ရုပ်ရှင် သတင်းအချက်အလက်ကွန်ရက် က ဇူလိုင် ၂၅ ရက် တွင်...
ကျိုချွမ်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) တရုတ် ပုဂ္ဂလိကကုမ္ပဏီတစ်ခုမှ ထုတ်လုပ်သော ဂြိုဟ်တုသယ်ဆောင်ရေးဒုံးပျံသည် ဂြိုဟ်တုနှစ်ခုအား တင်ဆောင်ကာ ဂြိုဟ်ပတ်လမ်းအတွင်းသို့ နိုင်ငံအရှေ့မြောက်ပိုင်းရှိ ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဇူလိုင်လ ၂၅ ရက် မွန်းလွဲ ၁း၀၀ နာရီတွင် အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇူလိုင် ၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က ဗြိတိန်ဝန်ကြီးချုပ်သစ် ဘောရစ်ဂျွန်ဆင်ထံသို့ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရသည့်အတွက် ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်အလွှာကို ဇူလိုင် ၂၄ ရက်တွင် ပေးပို့ခဲ့ ကြောင်း သိရသည်။
ပေကျင်း၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) မသန်စွမ်းသူများ အကျိုးစီးပွား နှင့် အခွင့်အရေးအားကာကွယ်ရန် နှစ်ပေါင်း ၇၀ အတွင်း တိုင်းပြည်၏ ကြိုးစားအားထုတ်မှုတစ်ခုနှင့််ပတ်သက်၍ အစီရင်ခံစာ စက္ကူဖြူစာတမ်းကို တရုတ်နိုင်ငံက ဇူလိုင်ဇူလိုင် ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဘန်ကောက် ၊ဇူလိုင် ၂၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ဆက်သွယ်ဖောက်လုပ်မည့် အရှည် ၂၅၂ ဒသမ ၃ ကီလိုမီတာရှိ မြန်နှုန်းမြင့်ရထားလမ်းပထမအဆင့်၏အင်ဂျင်နီယာပိုင်းဆိုင်ရာအသေးစိတ်ဒီဇိုင်းကိုတရုတ်နိုင်ငံရထား လမ်းဒီဇိုင်းကော်ပိုရေးရှင်း(CRDC)ကရေးဆွဲပြီးစီးပြီးဖြစ်ကြောင်းဇူလိုင်လ ၂၃ ရက်က ဆင်ဟွာသတင်း သို့ပြောကြားခဲ့သည်ဟုသိရသည်။
ပေကျင်း၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ပထမဆုံးအကြိမ်အဖြစ် အမေရိကန်နိုင်ငံအား ကျော်တက်ကာ ယခုနှစ် Fortune Global 500 စာရင်းတွင် ကုမ္ပဏီအရေအတွက်အများဆုံး ပါဝင်လာခဲ့ကြောင်း သိရသည်။
ဟောင်ကောင် ၊ ဇူလိုင် ၂၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ဟောင်ကောင်ဒေသခံ သုံးသိန်းကျော်သည် ဇူလိုင် ၂ဝ ရက် မွန်းလွဲပိုင်းတွင် အကြမ်းဖက်မှုဆန့်ကျင်ကြောင်း နှင့် ရဲတပ်ဖွဲ့အား ထောက်ခံကြောင်း စုရုံးဆန္ဒထုတ်ဖော်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီးဝမ်ရိ(Wang Yi )သည် BRICS နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး သို့တက်ရောက်ရန် နှင့် တရားဝင်ချစ်ကြည်ရေးခရီးလည်ပတ်ရန် ဇူလိုင် ၂၄ ရက် မှ ၂၆ ရက် အထိ ဘရာဇီးနိုင်ငံသို့ သွားရောက်ရန်ရှိကြောင်း သိရသည်။