ပေကျင်း၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီးဝမ်ရိ(Wang Yi )သည် BRICS နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး သို့တက်ရောက်ရန် နှင့် တရားဝင်ချစ်ကြည်ရေးခရီးလည်ပတ်ရန် ဇူလိုင် ၂၄ ရက် မှ ၂၆ ရက် အထိ ဘရာဇီးနိုင်ငံသို့ သွားရောက်ရန်ရှိကြောင်း သိရသည်။
ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ တတိယ(၁၀)ရက်ပတ်တွင် ဘင်္ဂလားပင်လယ်အော် ၌ လေဖိအားနည်းရပ်ဝန်း (၁)ကြိမ်ဖြစ်ပေါ်နိုင်ကြောင်း အနောက် တောင်မုတ်သုံလေသည် အားအသင့် အတင့် ရှိနိုင်ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့သတင်းထုတ်ပြန်သည်။
ပေကျင်း၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) သမ္မတရှီကျင့်ဖိန် က ဒေသခံပြည်သူ့လွှတ်တော်များ နှင့် ၎င်းတို့ ၏ အမြဲတမ်းကော်မတီများ သည် ဒေသအခြေအနေများကို အခြေခံ၍ ဥပဒေ နှင့်ကြီးကြပ်ဆောင်ရွက်ခြင်းများကို တိုးတက်ရန် ဉာဏ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက် ရန် ညွှန်ကြားခဲ့သည်။
ထျန်ကျင်း၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နှင့် စင်္ကာပူနိုင်ငံတို့ ပူးပေါင်းသည့် စီမံကိန်းတစ်ခုဖြစ်သောထျန်ကျင်း Eco-city တစ်မြို့လုံးတွင် ယခုနှစ်ကုန်ပိုင်း၌ 5Gကွန်ယက်နည်းပညာ အသုံးပြုမှု တိုးတက်လာလိမ့်မည်ဟု အဆိုပါမြို့ ၏ စီမံခန့်ခွဲမှုဗျူရိုက ဇူလိုင်လ ၁၆ ရက် တွင်ပြောသည်။
ပေကျင်း ၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ) နိုင်ငံတကာငွေကြေးဈေးကွက်တွင် သတိပြုမိကြသည်ဆိုသောအနေအထားတွင်သာရှိခဲ့သည့်ငွေကြေး အဖြစ်မှသည်ယခုအခါကမ္ဘာအနှံ့အသိအမှတ်ပြုခံရသည့်အခြေအနေသို့ရောက်ရှိလာခဲ့သော ငွေကြေး တစ်မျိုးကိုဖေါ်ပြပါဆိုလျှင် တရုတ်နိုင်ငံသုံးငွေကြေးဖြစ်သော ယွမ်ငွေ ကို ရည်ညွှန်း ဖေါ်ပြရပေမည်။ လွန်ခဲ့သည့်ဆယ်စုနှစ်တစ်ခုအတွင်း ကမ္ဘာ့အဆင့်တွင်တရုတ်ယွမ်ငွေ ပါဝင်မှုတိုးမြင့်လာခြင်းကလည်း တရုတ်နိုင်ငံ၏ စီးပွားရေးအင်အားနှင့်ပြောင်းလဲမှုမရှိနိုင်သောတံခါးဖွင့်စီးပွားရေးလုပ်ငန်းစဉ်တိုးတက်မှု တို့အားဖေါ်ပြနေ ခြင်းလည်းဖြစ်ပေသည်။
ကွမ်ကျုံး ၊ ဇူလိုင် ၁ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကွမ်တုံးပြည်နယ် ကွမ်ကျုံးမြို့(Guangzhou) ၌ မြန်နှုန်းမြင့် 5G အင်တာနက်ကွန်ရက် တည်ဆောက်ရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပြီး ယခုနှစ် နှစ်ကုန်ပိုင်းတွင် မြို့အတွင်း 5G အင်တာနက် ကွန်ရက် အခြေစိုက်စခန်းပေါင်း ၁၄,၆ဝဝ ထိကို တည်ဆောက်ပြီးစီးရန် မျှော်လင့်ထားကြောင်း...
ပေကျင်း၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) ၁၉၉၈ ခုနှစ်က တရုတ်ရိုးရာပုံပြင်အား အခြေခံကာ “Mulan” အန်နီမေးရှင်းရုပ်ရှင်ဇာတ်ကားကို သရုပ်ဆောင်များဖြင့် ရိုက်ကူးထားသည့် တရုတ်ဘာသာစကားပြောရုပ်ရှင်နမူနာအား Walt Disney Pictures က ပြသလိုက်ကြောင်း သိရသည်။
ဂျင်နန်း ၊ ဇူလိုင် ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ Shandong တက္ကသိုလ် နှင့် စင်ကာပူနိုင်ငံ၏ Nanyang နည်းပညာတက္ကသိုလ်တို့အကြား နိုင်ငံတကာ ဉာဏ်ရည်တုနည်းပညာ(AI) ဆိုင်ရာ သုတေသန စင်တာတစ်ခုကို ပူးတွဲထူထောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ထျန်းကျင်း၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာတင်သင်္ဘော MSC Gulsun သည် ဇူလိုင်လ ၈ ရက်က တရုတ်နိုင်ငံ ဆိပ်ကမ်းမြို့ဖြစ်သော ထျန်းကျင်းမှ ဥရောပတိုက် အနောက်မြောက်သို့ ဦးတည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇူလိုင် ၈ရက် (ဆင်ဟွာ) ၂၀၁၉ World Internet of Things (WIOT) ပြပွဲကို တရုတ်နိုင်ငံ၏ အရှေ့ဘက် ကျန်းဆူးပြည်နယ်၊ ဝူရှီးမြို့တွင် စက်တင်ဘာ ၇ ရက် မှ ၁၀ ရက် အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။