ပေကျင်း ၊ မတ် ၂၃ ရက်(ဆင်ဟွာ) ပိုင်နက်နယ်မြေအငြင်းပွားမှုဖြစ်ပေါ်နေသော ဂိုလန်ကုန်းမြင့်အရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂ၏ ဆက်စပ်သဘောတူညီချက်များနှင့်အတူ ညှိနှိုင်းအဖြေရှာကြရန် သက်ဆိုင်ရာနိုင်ငံအားလုံးကို တရုတ်နိုင်ငံက မတ် ၂၂ ရက်တွင်တိုက်တွန်းပြောကြားလိုက်သည်။
ပေကျင်း၊ မတ် ၂၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အီတလီနိုင်ငံသမ္မတ Sergio Mattarella ၊ မိုနာကိုနိုင်ငံ အကြီးအကဲ Albert II နှင့် ပြင်သစ်နိုင်ငံသမ္မတ Emmanuel Macron တို့၏ ဖိတ်ကြားချက်အရ ၎င်းနိုင်ငံများသို့ နိုင်ငံတော်အလည်အပတ်ခရီးစဉ်သွားရောက်ရန် ယနေ့(မတ် ၂၁ ရက်)တွင်...
နန်နင်း၊ မတ် ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တုံရှင်းမြို့နှင့် ဗီယက်နမ်နိုင်ငံ မုံချိုင့်မြို့တို့အား ချိတ်ဆက်ထားသော နယ်စပ်ဖြတ်ကျော် တံတားသစ်အား မတ်လ ၁၉ ရက်က တရားဝင်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
ပေကျင်း ၊ မတ် ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် မတ် ၂၁ ရက် မှ ၂၆ ရက် အထိ အီတလီနိုင်ငံ ၊ မိုနာကိုနိုင်ငံ နှင့် ပြင်သစ်နိုင်ငံများသို့နိုင်ငံတော်အလည်အပတ်ခရီးစဉ်သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လုခန်က ယနေ့မတ် ၁၈ ရက်တွင်...
ကွမ်ကျိုး၊ မတ် ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ၌ ဆောင်းရာသီအားကစားလှုပ်ရှားမှု များပြားလာသည်နှင့် အမျှ နိုင်ငံ တောင်ပိုင်း တွင် စတုရန်းမီတာ ၇၅,၀၀၀ ကျယ်ဝန်းသည့် မိုးလုံလေလုံ စကိတ်စီးကွင်းကြီးတစ်ခု ကို ဇွန် ၁၅ ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပေကျင်း၊ မတ် ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရှေးဟောင်းတံတိုင်းကြီး၏ သုတေသန၊ ပြန်လည်ပြင်ဆင်မွမ်းမံရေးနှင့် ကာကွယ်ရေး ပညာရှင်တို့ပေါင်းစည်းထားသော ပထမဆုံး မဟာတံတိုင်း (Great Wall) ပြန်လည်ပြင်ဆင်မွမ်းမံရေး စင်တာအား မြို့တော် ပေကျင်းတွင် တည်ထောင်မည် ဖြစ်ကြောင်း သိရသည်။
နန်နင်း၊ မတ် ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ကုန်သွယ်မှု စုစုပေါင်းတန်ဖိုးမှာ ၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅၈၇.၈၇ ဘီလီယံအထိ စံချိန်တင်မြင့်တက်ခဲ့ပြီး ယခင်နှစ်ကထက် ၁၄.၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း စီးပွားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက မတ်လ ၁၃ ရက်တွင် ပြောကြားလိုက်သည်။
နန်ကျင်း ၊ မတ် ၁၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမှ ပထမဆုံးတီထွင်ထုတ်လုပ်ခဲ့သည့် ဝင်ရိုးစွန်းဒေသစူးစမ်းလေ့လာရေး သင်္ဘောကြီးကို မတ် ၁၂ ရက်တွင် တရုတ်နိုင်ငံ အရှေ့ပိုင်း Jiangsu ပြည်နယ် ဟိုင်မန်(Haimen) ၌ ရေချ စမ်းသပ်မောင်းနှင်ခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ မတ် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ထိပ်တန်းနိုင်ငံရေးအတိုင်ပင်ခံပုဂ္ဂိုလ်များ တက်ရောက်ခဲ့သည့် တရုတ်ပြည်သူ့နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ညီလာခံ(CPPCC) ၏ ၁၃ ကြိမ်မြောက် အမျိုးသားကော်မတီ၏ ဒုတိယအကြိမ်အစည်းအဝေးပိတ်ပွဲအခမ်းအနားကို ယနေ့( မတ် ၁၃ ရက် ) နံနက်ပိုင်းတွင် အောင်မြင်စွာကျင်းပပြီးစီး ခဲ့ကြောင်း သိရသည်။
ရှီးချန်း၊ မတ် ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် ရှိ ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေး စင်တာမှ ဆက်သွယ်ရေးဂြိုဟ်တုသစ် တစ်စင်းအား မတ် ၁၀ ရက်တွင်လွှတ်တင်ခဲ့ကြောင်း သိရသည်။