ပေကျင်း၊ ဒီဇင်ဘာ ၁၆ ရက်(ဆင်ဟွာ) ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်းသည် တရုတ်နိုင်ငံ၏ တစ်ကမ္ဘာလုံး တံခါးဖွင့်ပူးပေါင်းဆောင်ရွက်မှု ၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးစီမံခန့်ခွဲမှု စနစ်တိုးတက်အောင် ပါဝင်ဆောင်ရွက်ခြင်းဖြစ်သလို အတူဖွံ့ဖြိုးစည်ပင်၀ပြောစေရန်နှင့် လူသားတို့၏ကံတူအကျိုးပေးအသိုက်အဝန်းတစ်ခုကို တည်ဆောက်ရန် တွန်းအားပေးမြှင့်တင်ဆောင်ရွက်သည့် တရုတ်နိုင်ငံ၏ နည်းလမ်းဗျူဟာဖြစ်ရာ ၂၀၁၉ ခုနှစ် နိုဝင်ဘာ အထိဆိုရလျှင် တရုတ်နိုင်ငံသည် နိုင်ငံပေါင်း ၁၃၇...
မကာအို ၊ ဒီဇင်ဘာ ၁၆ ရက်(ဆင်ဟွာ) အမိမြေသို့ မကာအိုပြန်လည်ရောက်ရှိခြင်း နှစ် ၂၀ ပြည့်အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တရုတ်နိုင်ငံတောင်ပိုင်း မကာအို၌ လေကြောင်းပြပွဲတစ်ခုကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင်စတင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဒီဇင်ဘာ ၁၅ ရက်(ဆင်ဟွာ) ဒေသတွင်းစီးပွားရေး စီမံကိန်းများက ပိုမိုကောင်းမွန်သော အခွင့်အလမ်းများရရှိလာမှု နှင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်လာမှု ဆိုင်ရာအကြောင်းများကို ရေးသားထားသည့် တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်၏ ဆောင်းပါးတစ်ပုဒ်ကို ဒီဇင်ဘာ ၁၆ ရက်တွင် ထွက်ရှိမည့် ၂၀၁၉ ခုနှစ် Qiushiဂျာနယ် အတွဲ ၂၄...
ပေကျင်း၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး ဒီဇင်ဘာ ၁၂ ရက်က ပြုလုပ်ခဲ့သော နိုင်ငံတော်ကောင်စီ အမှုဆောင်အစည်းအဝေးတွင် တရုတ်နိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ အကောင်အထည်ဖော်ရေးဆိုင်ရာ နည်းဥပဒေမူကြမ်းကို အတည်ပြုခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ) ဆယ်စုနှစ်နှစ်ခုအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်သော မကာအိုသည် “တစ်နိုင်ငံ၊ စနစ်နှစ်ခု” မူအရ စီးပွားရေးဖွံ့ဖြိုးမှုတွင် ကြီးမားသော တိုးတက်မှုများ ရရှိခဲ့ပြီး ကြွယ်ဝချမ်းသာမှုနှင့် တည်ငြိမ်မှုများ ရရှိခဲ့ပေသည်။
ပေကျင်း ၊ ဒီဇင်ဘာ ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် အမိမြေသို့ မကာအိုပြန်လည်ရောက်ရှိခြင်း နှစ် ၂၀ ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားသို့ တက်ရောက်ရန် ဒီဇင်ဘာ ၁၈ ရက်မှ ၂၀ ရက်ထိ မကာအိုသို့သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
ဟန်ကျိုး၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ) ထူးချွန်ပြောင်မြောက်သော တာဝန်ထမ်းဆောင်မှုကို အသိအမှတ်ပြုသောအားဖြင့် တရုတ် ရေတပ်ဆေးသင်္ဘော Peace Ark ကို “ခေတ်ကာလ၏ စံပြ” ဆုတံဆိပ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
နန်ကျင်း ၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ အစိုးရ က ဒီဇင်ဘာ ၁၃ ရက် နံနက်ပိုင်း တွင် နန်ကျင်း မြို့ ၌ နန်ကျင်း အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရသူများ အတွက် ၂၀၁၉ ခုနှစ် နိုင်ငံတော်...
ပေကျင်း ၊ ဒီဇင်ဘာ ၁၃ရက်(ဆင်ဟွာ) ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်မှစတင်ကာ တရုတ်နိုင်ငံအလယ်ပိုင်း Danjiankou ရေလှောင်ကန်မှ ရေကုဗမီတာပေါင်း ၅.၂ ဘီလီယံကျော်ကို တောင်မှမြောက်သို့ ရေပေးဝေဖြန့်ဖြူးမှု ပြုလုပ်ခဲ့ရာ ပေကျင်းမြို့နေပြည်သူ ၁၂ သန်းကျော်အတွက် အကျိုးပြုပေးခဲ့ကြောင်း သိရသည်။
ရှန်ဟိုင်း၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ၂၀၂၀ ခုနှစ် ဇန်နဝါရီမှစတင်ကာ လမ်းဘေးခွေးက အနံ့ခံခွေးအဖြစ် တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ရှန်ဟိုင်း အကောက်ခွန် အာဏာပိုင်များက ပြောခဲ့သည်။