ထျန်ကျင်း၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) အာရှတွင် အကြီးဆုံးဖြစ်သည့် တရုတ်နိုင်ငံမှ တည်ဆောက်သော သောင်တူးသင်္ဘောသည် ပထမဆုံး ပင်လယ်တွင် စမ်းသပ်မောင်းနှင်ခြင်း အောင်မြင်စွာပြီးဆုံးပြီးနောက် တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းစုပြည်နယ် ချီတုံမြို့ရှိ သင်္ဘောကျင်းသို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo သည် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ၏ ဖိတ်ကြားချက်ဖြင့် တရုတ်နိုင်ငံသို့ ဇွန်လ ၁၄ ရက်တွင် လာရောက်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၁၃ ရက်တွင် ပြောကြားလိုက်သည်။
ပေကျင်း ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ) မြောက်ကိုရီယား-အမေရိကန် ထိပ်သီးဆွေးနွေးပွဲက မြောက်ကိုရီးယားကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုတွင် လက်တွေ့ကျသည့် ခြေလှမ်းလျှောက်လှမ်းနိုင်ရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ယနေ့(ဇွန်လ ၁၂ ရက်) တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
ပေကျင်း၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) ဘိုလီဗီးယားနိုင်ငံ သမ္မတ Juan Evo Morales Ayma သည် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်ဖြင့် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးအဖြစ် ဇွန်လ ၁၈ ရက်မှ ၂၀ ရက်အထိ လာရောက်ရန်ရှိကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန...
ချင်းသောင် ၊ ဇွန် ၁၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ဇွန်လ ၁၀ ရက်တွင် SCO အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်များနှင့်အတူ သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် “ယနေ့ခေတ်တွင် မည်သည့်နိုင်ငံမျှ တစ်ကိုယ်ကောင်း ပုံစံဖြင့် ရပ်တည်နိုင်မည် မဟုတ်” ဟု ပြောကြားလိုက်သည်။
ချင်းသောင်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ) ၁၈ ကြိမ်မြောက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးအပြီး SCO အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ကာဂျစ်စတန်နိုင်ငံက တာဝန်ယူရန် အဖွဲ့ဝင်နိုင်ငံများက သဘောတူခဲ့ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဇွန်လ ၁၀ ရက်တွင် ပြောကြားလိုက်သည်။
ချင်းသောင်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ) ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (Shanghai Cooperation Organization) က နိုင်ငံတကာ တုံ့ပြန်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဇွန်လ ၁၀ ရက်တွင် ပြောကြားလိုက်သည်။
ချင်းသောင် ၊ ဇွန် ၁၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က လုံခြုံရေးနှင့်တည်ငြိမ်ရေးသည် လူတိုင်းလိုလားသည့်အရာ ဖြစ်သောကြောင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုသည် အနာဂတ်လျှောက်လှမ်းရမည့် လမ်းစဉ်ဖြစ် ကြောင်း ဇွန်လ ၁၀ ရက်က ကျင်းပသည့် (၁၈)ကြိမ်မြောက် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့(SCO) ထိပ်သီးအစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။
ချင်းသောင် ၊ ဇွန် ၁ဝ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO)၏ အဖွဲ့ဝင်နိုင်ငံများအကြား စည်းလုံးညီညွတ်မှု နှင့် အပြန်အလှန်ယုံကြည်မှု တည်ဆောက်သွားကြရန် ယနေ့ဇွန်လ ၁ဝ ရက်တွင် တိုက်တွန်းပြောကြားလိုက်သည်။
ချင်းသောင် ၊ ဇွန် ၁၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က “ရှန်ဟိုင်း စိတ်ဓာတ်”သည် ယဉ်ကျေးမှုပဋ္ဋိပက္ခ၊ စစ်အေးအတွေး အခေါ်၊ အနိုင်အရှုံးအဖြေတစ်မျိုးတည်းသာရှိသော သူသေကိုယ်ရှင် ဆက်ဆံရေး(zero-sum game) စသည့် ရှေးကျအတွေးအခေါ်များအား ကျော်လွှားနိုင်ခဲ့ပြီး နိုင်ငံတကာဆက်ဆံရေး သမိုင်းစာမျက်နှာ သစ်ကို လျှောက်လှမ်းနိုင်ခဲ့သောကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏သဘောတူထောက်ခံမှု...