ရှီချန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် ရှိ ရှီချန်ဂြိုလ်တုလွှတ်တင်ရေးစင်တာ မှ အဝေးထိန်းအာရုံခံစနစ်ပါရှိသည့် ဂြိုလ်တုများကို Long March-2C ဂြိုလ်တုသယ်ဆောင်ရေးဒုံးပျံဖြင့် ဒီဇင်ဘာ ၂၆ရက် နံနက် ၃း၄၄နာရီတွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ သည် တရုတ်-အာဖဂန်နစ္စတန်-ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲသို့ တက်ရောက်ရန် ရောက်ရှိလာသော အာဖဂန်နစ္စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဆာလာဟတ်ဒင် ရက်ဘာနီ နှင့် ပေကျင်းမြို့၌ ဒီဇင်ဘာ ၂၅ရက်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဂွမ်ကျိုး ၊ ဒီဇင်ဘာ ၂၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံထုတ် ကုန်းရေ နှစ်မျိုး သွားနိုင်သည့် AG600 လေယာဉ်ကို နိုင်ငံတောင်ပိုင်း ကွမ်ဒေါင်း(Guangdong) ပြည်နယ်၌ ယနေ့(ဒီဇင်ဘာ ၂၄ ရက်)တွင် အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ကြောင်း သိရသည်။
ကျုံချွမ်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ဂိုဘီသဲကန္တာရ ရှိ ကျုံချွမ်ဂြိုလ်တုလွှတ်တင်ရေးစင်တာ မှ မြေယာရှာဖွေဖော်ထုတ်ရေး ဂြိုလ်တု တစ်လုံးအား သတ်မှတ်ဂြိုလ်ပတ်လမ်းကြောင်းအတွင်းသို့ ပေကျင်းစံတော်ချိန် ဒီဇင်ဘာ ၂၃ ရက် နေ့လည် ၁၂း၁၄နာရီတွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။
တက်ရှ်ခန့် ၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) ဥဇဘက်ကစ္စတန် နိုင်ငံ သမ္မတ Shavkat Mirziyoyev က ဒီဇင်ဘာ ၂၀ ရက်နေ့ ညနေပိုင်း အချိန်တွင် လည်ပတ်ရေး ခရီးစဉ်အဖြစ် ရောက်ရှိနေသည့် တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ ကာကွယ်ရေး...
မကာအို၊ဒီဇင်ဘာ၂၁ရက်(ဆင်ဟွာ) ဒီဇင်ဘာ ၂ဝ ရက်တွင်ကျရောက်သည့် တရုတ်နိုင်ငံသို့မကာအိုပြန်လည်ရောက်ရှိခြင်း ၁၈ နှစ်မြောက် နှစ်ပတ်လည်နေ့ နှင့် မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ(SAR) တည်ထောင်ခြင်း ၁၈ နှစ်မြောက် အခမ်းအနားကို မကာအိုပြည်သူ ထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ပေကျင်း၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ယန်ကျဲ့ချီသည် ဒီဇင်ဘာလ ၂၂ ရက်တွင် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ အထူးကိုယ်စားလှယ်များအကြား နယ်စပ်ရေးရာများ နှစ်ပတ်လည်အစည်းအဝေး တက်ရောက်ရန်အတွက် အိန္ဒိယနိုင်ငံသို့သွားရောက်မည်ဖြစ်ပြီး အိန္ဒိယနိုင်ငံ အမျိုးသား လုံခြုံရေး အကြံပေး Ajit Doval ၏ ဖိတ်ကြားချက်ဖြင့်...
ပေကျင်း၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ၂၀၁၇ ခုနှစ်အတွက် စီးပွားရေးတိုးတက်နှုန်းအပေါ် ကမ္ဘာ့ဘဏ်၏ ခန့်မှန်းမှုအား အိမ်ထောင်စု ဝင်ငွေနှင့် ပြင်ပ လိုအပ်ချက် တိုးတက်လာမှုအား အခြေခံကာ ၆.၇ ရာခိုင်နှုန်းမှ ၆.၈ ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်ကြောင်း ဒီဇင်ဘာလ ၁၉ ရက်က နောက်ဆုံးထုတ်ပြန်လိုက်သည့်...
ပေကျင်း၊ဒီဇင်ဘာ ၂ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံဥပဒေပြုရေးထိပ်တန်းအရာရှိ ကျန်းတယ်ကျန်း(Zhang Dejiang) သည် ဗီယက်နမ်နိုင်ငံအမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒိုဘတိုင်း(Do Ba Ty) နှင့် ဒီဇင်ဘာ ၁၉ ရက်က တွေ့ဆုံစဉ် နှစ်နိုင်ငံ လွှတ်တော်ကိုယ်စားလှယ်များအကြား အပြန်အလှန်ဖလှယ်မှု ပိုမိုလုပ်ဆောင်သွားရန် ပြောကြားခဲ့သည်။
ပေကျင်း၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ) စွမ်းအင်သစ်သုံး မော်တော်ယာဉ်များ (NEVs) ဈေးကွက် တိုးတက်ကြီးထွားလာခြင်း နှင့်အတူ ယခုအခါ တရုတ်နိုင်ငံသည်လည်း အကြီးဆုံးသော NEV ဘက်ထရီထုတ်လုပ်သူ ဖြစ်လာသည်ကို တွေ့ရပေမည်။ သို့သော် ယင်းအခွင့်အလမ်းသည် များပြားလာသော စွန့်ပစ်ဘက်ထရီများကို မည်ကဲ့သို့ ပြန်လည်သုံးစွဲမည်ဟူသော စိန်ခေါ်မှုတစ်ရပ်ကိုလည်း ဖြစ်လာစေပါသည်။