ပေကျင်း၊ မတ် ၈ ရက် (ဆင်ဟွာ) တရုတ် တိုင်ပေရှိ တိုင်တန်ခရိုင်အနီး ပင်လယ်ပြင်တွင် မတ်လ ၈ ရက် နံနက် ၁၀း၃၂ နာရီက ပြင်းအား ၅.၃ ရှိသော ငလျင်တစ်ခုလှုပ်ရှားသွားကြောင်း တရုတ် ငလျင်ကွန်ရက်များစင်တာ (CENC) ထံမှသိရသည်။
ပေကျင်း ၊ မတ် ၆ ရက်(ဆင်ဟွာ) စီးပွားရေးကဏ္ဍအပေါ် ဖိအားများ တိုးမြင့်လာနေလင့်ကစား တရုတ်နိုင်ငံသည် လူမှုရေး နှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများဖွံ့ဖြိုးတိုးတက်ရေးအတွက် ၎င်း၏ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြိုးပမ်းအားထုတ်ခြင်းကို မဆုတ်မနစ်သောဇွဲ နှင့် အာရုံစူးစိုက်မှုအပြည့်ဖြင့်ကမ္ဘာကြီးကို အာမခံပြောကြားအသိပေးလျက်ရှိသည်။
နန်နင်း ၊ မတ် ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီဇူအန်း(Guangxi Zhuang) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ၂ဝ၁၆ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့သော ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး အစီအစဉ်အရ ယခုနှစ် ဖေဖော်ဝါရီ ၂၈ရက် မှစတင်ကာ စုစုပေါင်း နွမ်းပါးပြည်သူ ၆၉၅,ဝဝဝ ဦးကို ပိုမိုကောင်းမွန်သော လူနေမှုဘဝသို့ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အကြီးစား နိုင်ငံပိုင်စီးပွားရေးဘဏ်များသည် အသေးစား နှင့် မိုက်ခရိုစီးပွားရေးလုပ်ငန်းများ အတွက် ချေးငွေအား ၂၀၁၉ခုနှစ်တွင် ၃၀ရာခိုင်နှုန်းကျော် တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း အစိုးရအလုပ်အစီရင်ခံစာအရ သိရသည်။
ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ၂၀၁၉ခုနှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား ပိုမိုဆွဲဆောင်နိုင်ရန်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အမျိုးသားပြည်သူ့ကွန်ဂရက် နှစ်ပတ်လည်အစည်းအဝေး မတိုင်မီ မတ် ၅ ရက် တွင် သတင်းမီဒီယာ၌ ဖော်ပြသော အစိုးရ၏ အလုပ်အစီရင်ခံစာတစ်ခုအရ သိရသည်။
ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ၂၀၁၉ခုနှစ်တွင် ၎င်း၏ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးသူ ဦးရေအား ၁၀သန်းကျော်အထိ လျှော့ချသွားမည်ဟု ကတိကဝတ်ပြုခဲ့ကြောင်း အမျိုးသားပြည်သူ့ကွန်ဂရက် နှစ်ပတ်လည်အစည်းအဝေး မတိုင်မီ မတ် ၅ ရက် တွင် သတင်းမီဒီယာ၌ ဖော်ပြသော အစိုးရ၏ အလုပ်အစီရင်ခံစာတစ်ခုအရ သိရသည်။
ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် ၂၀၁၉ ခုနှစ်အတွင်း လေထုညစ်ညမ်းမှုအား ကာကွယ်ရန်နှင့် ထိန်းချုပ်ရန် ယွမ် ၂၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃.၇၃ ဘီလီယံ) သတ်မှတ်ထားမည် ဖြစ်ကြောင်း၊ တစ်နှစ်ထက်တစ်နှစ် ၂၅ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း တရုတ်နိုင်ငံ၏ ဥပဒေပြုရေးအစည်းအဝေးသို့ တင်သွင်းသော...
ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ၎င်း က ကာကွယ်ရေးအသုံးစရိတ် တိုးတက်မှုနှုန်းအား ယခင်နှစ် က ၈.၁ ရာခိုင်နှုန်းရှိရာမှ ၂၀၁၉ခုနှစ်တွင် ၇.၅ရာခိုင်နှုန်း အထိ လျှော့ချသွားမည်ဖြစ်ကြောင်း မတ်လ ၅ရက် တွင် စတင်ကျင်းပသော အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ၏ နှစ်ပတ်လည်အစည်းအဝေး...
ပေကျင်း ၊ မတ် ၅ ရက်(ဆင်ဟွာ) ယနေ့ခေတ်ကမ္ဘာကြီးသည် နှစ်တစ်ရာတွင်တစ်ခါမကြုံရသည့် အပြောင်းအလဲများနှင့် ရင်ဆိုင်နေရ ကြောင်း ဝန်ကြီးချုပ် လီခဲ့ချန်က မတ်လ ၅ ရက် အစိုးရလုပ်ငန်းအစီရင်ခံရာတွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ မတ် ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် အရေးကြီးသောစီမံကိန်းများကို အကောင်အထည်ဖောင်ဆောင်ရွက်ရေးအတွက် အရှိန်အဟုန်မြှင့်တင်ရန် ထိရောက်သော ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အစိုးရအလုပ်အစီရင်ခံစာတစ်စောင်အရ သိရသည်။