ပေကျင်း၊ ဧပြီ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ယနေ့ (ဧပြီလ ၄ ရက်) နေ့လည်ပိုင်းတွင် ဖင်လန်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်အတွက် ပေကျင်းမှ ထွက်ခွာခဲ့ပြီး အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ရှိ မာ-အာ-လာဂို စံအိမ်တွင် ပြုလုပ်မည့် တရုတ်-အမေရိကန် သမ္မတများ တွေ့ဆုံပွဲသို့...
ပေကျင်း၊ဧပြီ ၃ ရက်(ဆင်ဟွာ) ကိုလံဘီယာနိုင်ငံ၌ ဧပြီလ ၁ ရက် ညပိုင်းကဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှု နှင့် မြေပြိုမှုများအတွင်း လူပေါင်းများစွာ အသက်သေဆုံးခဲ့ရခြင်းအတွက် ဝမ်းနည်းစာနာမိကြောင်း သဝဏ်လွှာ တစ်စောင်ကို တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ကိုလံဘီယာနိုင်ငံသမ္မတ ဂျူအန်မန်နျူဆန်းတိုစ့်ထံ ဧပြီလ ၂ ရက်တွင် ပေးပို့ခဲ့ကြောင်း သိရသည်။
ကူမင်း၊ ဧပြီ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သိပ္ပံ တက္ကသိုလ် (CAS) မှ သုတေသီများက ပိုလီယူရသိန်း (Polyurethane= PU) ပလပ်စတစ် လျှော့ချရေးအတွက် နိုဘယ်လ်မှို တစ်မျိုးကို ဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
ပေကျင်း၊ မတ် ၃၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ သမ္မတ ဦးထင်ကျော်သည် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်ဖြင့် ဧပြီလ ၆ ရက်မှ ၁၁ ရက်အထိ တရုတ် နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီးလာရောက်မည် ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ...
ပေကျင်း၊ မတ် ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံဟာ နိုင်ငံရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေဖို့ အဖက်ဖက်က အားထုတ်ကြိုးပမ်းနေတဲ့အပြင် အဓိက ကုန်သွယ်ဖက်များဖြစ်တဲ့ အရှေ့တောင်အာရှနိုင်ငံများနဲ့ ပူးပေါင်း၍ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက်လည်း အထူးအလေးပေးဆောင်ရွက်လျက်ရှိပါတယ်။ ထို့သို့ဆောင်ရွက်မှုများ အနက် မဟာပင်လယ်အော်ဧရိယာစီမံကိန်းဟာလည်း တစ်ခုအပါအဝင်ဖြစ်ပြီး ယင်းစီမံကိန်းဟာ တရုတ်နိုင်ငံရဲ့ အဆင့်မြှင့်တင်ပြီးသား စီးပွားရေးစနစ်ကို များစွာ...
ပေကျင်း၊ မတ် ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဖင်လန်နိုင်ငံနှင့် အမေရိကန် နိုင်ငံများသို့ ဧပြီလအတွင်း ချစ်ကြည်ရေး ခရီးသွားရောက်မည် ဖြစ်ပြီး အမေရိကန်နိုင်ငံ ဖလော်ရီဒါတွင် အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ပြောခွင့်ရပုဂ္ဂိုလ်...
ဟောင်ကောင်၊ မတ် ၃၀ ရက် (ဆင်ဟွာ) အလေးချိန် ၅၉.၆၀ ကာရက်ရှိသော ပန်းရောင် စိန် တစ်ပွင့်အား ဧပြီလ ၄ ရက်နေ့ ဟောင်ကောင်တွင် ပြုလုပ်မည့် Sotheby ၏ ဟောင်ကောင် ကျောက်မျက်နှင့် ကျောက်စိမ်း နွေဦးပြပွဲ၌ လေလံတင် ရောင်းချသွားမည် ဖြစ်သည်။
နန်ကျင်း၊ မတ် ၂၈ ရက် (ဆင်ဟွာ) စွမ်းရည်ပြည့် ကွန်ပျူတာများနှင့် ဉာဏ်ရည်မြင့် စက်ရုပ်များ ပိုမို တိုးတက်မှု ရှိလာစေရေး နာနို သိပ္ပံနှင့် နာနို နည်းပညာအတွက် ပေါင်းကူး ဖြစ်လာစေမည့် ကမ္ဘာပေါ်တွင် အကြီးဆုံး ဘက်စုံသုံး လက်တွေ့အသုံးချ နာနို သုတေသန အဆောက်အအုံအား တရုတ်...
ပေကျင်း ၊ မတ် ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် နီပေါနိုင်ငံဝန်ကြီးချုပ် Pushpa Kamal Dahal တို့နှစ်ဦးသည် မတ်လ ၂၇ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးစဉ် ခေတ်သစ်ပိုးလမ်းမကြီး တည်ဆောက်ရေးတွင် နှစ်နိုင်ငံပိုမိုပူးပေါင်းဆောင်ရွက်သွားကြရန် သဘောတူညီခဲ့ကြောင်း သိရသည်။
ဝဲလ်လင်တန်၊ မတ် ၂၇ ရက် (ဆင်ဟွာ) ဖွံ့ဖြိုးပြီး အနောက်နိုင်ငံများအနက် ပထမဆုံးနိုင်ငံအဖြစ် နယူးဇီလန်နိုင်ငံက ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်း ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အား ယနေ့ (မတ်လ ၂၇ ရက်) တွင် တရုတ်နိုင်ငံနှင့်အတူ လက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။