ပေကျင်း ၊ နိုဝင်ဘာ ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် လာမည့်ရက်သတ္တပတ်တွင် တောင်အမေရိကတိုက်သို့တစ်ပတ်ကြာအလည်အပတ်ခရီးသွားရန်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၉ ရက်တွင် ကြေညာခဲ့သည်။
ပေကျင်း ၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်(CPC) သည် ပါတီ၏ (၁၉)ကြိမ်မြောက် အမျိုးသားညီလာခံအတွက် ကိုယ်စားလှယ်လောင်းရွေးကောက်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များကို နိုဝင်ဘာလ ၉ ရက်တွင် စတင် ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရသည်။
ပေကျင်း ၊ နိုဝင်ဘာ ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် အစိမ်းရောင်ဖွံ့ဖြိုးမှု နှင့် သန့်စင်သော စွမ်းအင်ရရှိရေး အစီအစဉ်ကိုတိုးချဲ့ဆောင်ရွက်ခြင်းအစီအစဉ်တစ်ရပ်အနေဖြင့် လာမည့် ၂ဝ၂ဝပြည့်နှစ်တွင် နျူကလီးယားစွမ်းအင်ကီလိုဝပ် ၅၈ သန်းကို ထုတ်ယူသုံးစွဲသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံစွမ်းအင်ထိန်းသိမ်းရေးအဖွဲ့က နိုဝင်ဘာလ ၇ ရက်တွင် ကြေညာလိုက်သည်။
ကွမ်ကျိုး ၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်း ဂွန်ဒေါင်းပြည်နယ် ဇူဟိုင်း(Zhuhai) မြို့၌ ကျင်းပပြုလုပ်ခဲ့သော (၁၁) ကြိမ်မြောက် တရုတ်နိုင်ငံတကာလေယာဉ်ပျံသန်းမှု နှင့်လေကြောင်း ပြပွဲတွင် အမေရိကန်ဒေါ်လာ ၄ဝ ဘီလီယံတန်ဖိုးရှိ လေကြောင်းဆိုင်ရာ အရောင်းအဝယ်ပြုလုပ်မှု စုစုပေါင်း ၄ဝ၂ ခုကို သဘောတူညီမှုရရှိခဲ့ကြောင်း ပွဲစီစဉ်သူများက...
ပေကျင်း၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ပဲရစ် သဘောတူညီချက် အကျိုးသက်ရောက်မှုရှိခြင်းအတွက် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဝမ်းမြောက်ကြောင်း သဝဏ်လွှာ တစ်စောင်အား ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံသို့ ပေးပို့ခဲ့ကြောင်း သိရသည်။
ဘီရှ်ကက်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ) ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်း (Shanghai Coorperation Organization= SCO) အဖွဲ့ဝင်များအား လုံခြုံရေးနှင့် ဒေသတွင်း အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းများနှင့် လုပ်ထုံးလုပ်နည်းများ တည်ထောင်ရေး ပူးပေါင်းဆောင်ရွက်ရေးအတွက် ခိုင်မာစွာ လုပ်ဆောင်ကြရန် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က...
ပေကျင်း၊ နိုဝင်ဘာ ၄ရက် (ဆင်ဟွာ) တားမြစ်မြို့တော် အဖြစ် လူသိများသည့် ပေကျင်းရှိ နန်းတော်ပြတိုက်၏ မြေနေရာ ၈၀ရာခိုင်နှုန်း အား အများပြည်သူ ကြည့်ရှုလေ့လာနိုင်ရန် ၂၀၂၀မတိုင်မီ ဖွင့်လှစ်ပေးသွားရန် စီစဉ်နေကြောင်း ပြတိုက်ဒါရိုက်တာ Shan Jixiang က နိုဝင်ဘာ ၃ရက်တွင်ပြောကြားခဲ့သည်။
ပေကျင်း ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် မူးယစ်းဆေးဝါးတိုက်ဖျက်ရေး နှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး အပါအဝင် အရေးကိစ္စရပ်များကို မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ကော်စိန်ခွမ်း က နိုဝင်ဘာလ ၃ ရက်တွင်ပြောကြားလိုက်သည်။
ပေကျင်း၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) တရုတ်ဝန်ကြီးချုပ် လီခဲ့ချန်သည် အာရှဥရောပ လေးနိုင်ငံသို့ သွားရောက်၍ နိုင်ငံတကာ အစည်းအဝေးပွဲများ တက်ရောက်ရန် နိုဝင်ဘာ ၂ရက် နံနက်ပိုင်းတွင် ပေကျင်းမှ ထွက်ခွာလာခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်သွားရန် တရုတ်နိုင်ငံအနေဖြင့် ဆန္ဒရှိကြောင်း နိုဝင်ဘာလ ၁ ရက်က ပြောကြားလိုက်သည်။