ဟောင်ကောင်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ဟောင်ကောင်မြို့လယ်၌ ရှာဖွေတွေ့ရှိသော မပေါက်ကွဲသေးသည့် ဒုတိယကမ္ဘာစစ် လက်ကျန်ဗုံးတစ်လုံးကို ဇန်နဝါရီလ ၂၈ ရက် နေ့လယ်ပိုင်းတွင် ဟောင်ကောင်ရဲတပ်ဖွဲ့က အချိန် တစ်နာရီကျော်ကြာ ကြိုးပမ်းခဲ့ပြီးနောက် အောင်မြင်စွာ စနက်တံဖြုတ် ဖယ်ရှားရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံ ဆက်ဆံရေး ခိုင်မာစွာ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ်သို့ ပြန်လည် ရောက်ရှိလာစေရန် အတူတကွ ပူးတွဲလုပ်ဆောင်ကြရန် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ယနေ့ (ဇန်နဝါရီလ ၂၈ ရက်) တွင် တိုက်တွန်း ပြောကြားလိုက်သည်။
ပေကျင်း၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး တာရိုကိုမို သည် ဇန်နဝါရီ ၂၇ ရက်မှ ၂၈ရက်အထိ တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်လာရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင် က ပေကျင်းမြို့တွင် ဇန်နဝါရီ ၂၆ ရက်က ကြေညာခဲ့သည်။
စီချန်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် ရှိ စီချန်ဂြိုဟ်တုလွှတ်တင်ရေးစင်တာ မှ Long March-2C ဂြိုဟ်တုသယ်ဆောင်ရေးဒုံးပျံ ဖြင့် အဝေးထိန်းအာရုံခံစနစ်ပါရှိသည့် Yaogan-30 အမျိုးအစား ဂြိုဟ်တုများကို ဇန်နဝါရီ ၂၅ ရက် ဒေသစံတော်ချိန် နေ့လည် ၁း၃၉နာရီတွင် လွှတ်တင်ခဲ့ကြောင်း...
နန်ကျင်း၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် စူးစမ်းရှာဖွေမှုတစ်ခု၌ ရှားပါး ငါးမျိုးစိပ်တစ်ခုကို ဂူလေ့လာရေးအဖွဲ့တစ်ဖွဲ့က တွေ့ရှိခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံပိုင် သတင်းအေဂျင်စီ တစ်ခုဖြစ်သော ဆင်ဟွာ သတင်းအေဂျင်စီ (Xinhua News Agency) က အင်္ဂလိပ်ဘာသာ မိုဘိုင်း Portal တစ်ခုဖြစ်သော Xinhua News app တစ်ခုအား ဇန်နဝါရီလ ၂၃ ရက်က ထုတ်ပြန်လိုက်သည်။
ပေကျင်း၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်၏ အထူးသံတမန် ဆုန့်ထောင်း (Song Tao) သည် ကျူးဘားနိုင်ငံသို့ ဇန်နဝါရီ ၂၁ရက် တွင် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
ဟိုင်းကို၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံရှိ ပြည်တွင်း လေကြောင်းလိုင်းတစ်ခုက ဇန်နဝါရီလ ၁၈ ရက်က ၎င်းတို့၏ လေယာဉ်များပေါ်၌ မိုဘိုင်းဖုန်း သုံးစွဲရန် ခွင့်ပြုလိုက်ကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၇ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့၏ အနောက်တောင်ဘက် (၁၉)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၁၈.၃၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၁၈ ဒီဂရီ၊ အနက်(၇)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့...
ကျိုချွမ်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကိုဖီသဲကန္တာရ ရှိ ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေး စင်တာက ပေကျင်းစံတော်ချိန် ဇန်နဝါရီ ၁၃ ရက် နေ့လည် ၃း၁၀နာရီတွင် မြေအရင်းအမြစ် ရှာဖွေဖော်ထုတ်ရေး ဂြိုဟ်တုတစ်လုံးအား သတ်မှတ်ဂြိုဟ်ပတ်လမ်းကြောင်း အတွင်းသို့ လွှတ်တင်ခဲ့ကြောင်း သိရသည်။