ပေကျင်း၊ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ရုပ်ရှင်လုပ်ငန်းတွင်၂ဝ၁၇ ခုနှစ်၌ ပြည်တွင်းရုပ်ရှင်ဇာတ်ကားများက ဈေးကွက်၏ ၅၃.၈၄ ရာခိုင်နှုန်းအထိ တိုးတက်ပါဝင်လာခြင်းနှင့်အတူ ဝင်ငွေ တရုတ်ယွမ် ၅၅.၉ ဘီလီယံ( အမေရိကန်ဒေါ်လာ ၈.၆ ဘီလီယံ) ရရှိခဲ့ရာ ၁၃.၄၅ ရာခိုင်နှုန်းထိ တိုးတက်ခဲ့ကြောင်း တရုတ်နိုင်ငံ သတင်းစာ ၊ ပုံနိုပ်ထုတ်ဝေမှု...
ပေကျင်း၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)
ပေကျင်း ၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က နှစ်သစ်ဆုမွန်ကောင်း စကားဆိုရာတွင် ၂ဝ၁၈ ခုနှစ်တွင် တရုတ်နိုင်ငံသည် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကတိပြုစကားဆိုခဲ့သည်။
ပေကျင်း၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ၂၀၁၈ ခုနှစ်တွင် ရုရှားနိုင်ငံနှင့်အတူ နိုင်ငံရေးအရ ပေါင်းစည်းမှုရှိခြင်းနှင့် မဟာဗျူဟာကျသော အပြန်အလှန် ယုံကြည်ခြင်း၊ နယ်ပယ်စုံတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်ခြင်းဖြင့် လက်တွဲလုပ်ဆောင်ရန် အသင့်ရှိကြောင်း ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင်အား...
ပေကျင်း၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံနှင့် မွန်ဂိုလီယားဒေသတွင် ၂၀၁၇ ခုနှစ်အတွင်း မွေးရာပါနှလုံးရောဂါခံစားနေရသော ကလေးငယ် ၇၄ ဦးအား အခမဲ့ဆေးကုသပေးခဲ့ကြောင်း တရုတ်နိုင်ငံ ကြက်ခြေနီဖောင်ဒေးရှင်း၏ နှစ်ပတ်လည် လုပ်ငန်း အစီရင်ခံစာ၌ ဖော်ပြထားသည်။
ပေကျင်း၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ချင်ဟိုင်ပြည်နယ် တွင် မားစ်ဂြိုလ်၏ ပတ်ဝန်းကျင်အခြေအနေ ကို တုပ၍ ရွာတစ်ရွာကို တည်ဆောက်နေကြောင်း သိရသည်။
ရှီချန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် ရှိ ရှီချန်ဂြိုလ်တုလွှတ်တင်ရေးစင်တာ မှ အဝေးထိန်းအာရုံခံစနစ်ပါရှိသည့် ဂြိုလ်တုများကို Long March-2C ဂြိုလ်တုသယ်ဆောင်ရေးဒုံးပျံဖြင့် ဒီဇင်ဘာ ၂၆ရက် နံနက် ၃း၄၄နာရီတွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ သည် တရုတ်-အာဖဂန်နစ္စတန်-ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲသို့ တက်ရောက်ရန် ရောက်ရှိလာသော အာဖဂန်နစ္စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဆာလာဟတ်ဒင် ရက်ဘာနီ နှင့် ပေကျင်းမြို့၌ ဒီဇင်ဘာ ၂၅ရက်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဂွမ်ကျိုး ၊ ဒီဇင်ဘာ ၂၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံထုတ် ကုန်းရေ နှစ်မျိုး သွားနိုင်သည့် AG600 လေယာဉ်ကို နိုင်ငံတောင်ပိုင်း ကွမ်ဒေါင်း(Guangdong) ပြည်နယ်၌ ယနေ့(ဒီဇင်ဘာ ၂၄ ရက်)တွင် အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ကြောင်း သိရသည်။
ကျုံချွမ်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ဂိုဘီသဲကန္တာရ ရှိ ကျုံချွမ်ဂြိုလ်တုလွှတ်တင်ရေးစင်တာ မှ မြေယာရှာဖွေဖော်ထုတ်ရေး ဂြိုလ်တု တစ်လုံးအား သတ်မှတ်ဂြိုလ်ပတ်လမ်းကြောင်းအတွင်းသို့ ပေကျင်းစံတော်ချိန် ဒီဇင်ဘာ ၂၃ ရက် နေ့လည် ၁၂း၁၄နာရီတွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။