ပေကျင်း၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ဝန်ကြီးဝမ်ရိသည် ဗီယက်နမ်နိုင်ငံသို့ နိုဝင်ဘာ ၂ရက်မှ ၃ရက်အထိ တရားဝင်ခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက နိုဝင်ဘာ ၂ရက် နံနက်ပိုင်းတွင်ပြောကြားခဲ့သည်။
ပေကျင်း၊နိုဝင်ဘာ ၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်သည် နိုဝင်ဘာ ၈ ရက် မှ ၁ဝ ရက်အထိ တရုတ်နိုင်ငံသို့တရားဝင်ချစ်ကြည်ရေးခရီးစဉ် လာရောက်လည်ပတ်မည်ဖြစ်ကြောင်း ယနေ့(နိုဝင်ဘာ ၂ ရက်) နံနက်ပိုင်းတွင် ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် လုခန်က ပြောကြားခဲ့သည်။
ပေကျင်း ၊ နိုဝင်ဘာ ၂ ရက်(ဆင်ဟွာ)
ပေကျင်း၊နိုဝင်ဘာ ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန် နှင့် ရုရှားနိုင်ငံဝန်ကြီးချုပ် မတ်ဗီဒက်တို့သည် အောက်တိုဘာ ၃၁ ရက်တွင် ပေကျင်းမြို့၌ တွေ့ဆုံ၍ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုခိုင်မာစေရန် နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။
ပေကျင်း၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ၂၀၂၀ ခုနှစ်တွင် ကြွယ်ဝချမ်းသာသော ခေတ်မီ လူမှုအဖွဲ့အစည်း တစ်ရပ် တည်ဆောက်ရာတွင် အရေးပါသော လုပ်ငန်း တစ်ခုမှာ ဆင်းရဲမွဲတေမှု လျှော့ချရေးဖြစ်ကြောင်း အစိုးရက အသိအမှတ်ပြုခဲ့ပြီး ပြည်သူများအား ဆင်းရဲတွင်းထဲမှ ဆွဲတင်နိုင်ရန် အကူအညီဖြစ်စေမည့် ကျေးလက်ဒေသ ခရီးသွားလုပ်ငန်း...
ပေကျင်း၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးအတွက် တရုတ်နိုင်ငံ၏ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်မှုများသည် နိုင်ငံတကာက အတုယူထိုက်သော စံပြဆောင်ရွက်ချက်များဖြစ်ပြီး တရုတ်နိုင်ငံသည် ပြုပြင်ပြောင်းလဲမှု နှင့် ပွင့်လင်းမြင်သာမှုများ စတင်ဆောင်ရွက်ခဲ့သည့် လွန်ခဲ့သော ဆယ်စုနှစ် ၃ခုမှစ၍ လူသန်းပေါင်း ၇၀၀ခန့်ကို အလွန်အမင်း ဆင်းရဲနွမ်းပါးမှု မှ လွတ်မြောက်အောင်...
ပေကျင်း၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၌ စက်တင်ဘာလအကုန်တွင် 4G အင်တာနက်ကွန်ရက်အသုံးပြုသူ စုစုပေါင်း သန်း၉၅၀ ရှိကြောင်း စီးပွားရေးလုပ်ငန်း နှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဋ္ဌာန (MIIT) က အောက်တိုဘာ ၂၇ ရက် တွင် ထုတ်ပြန်ခဲ့သည့် စာရင်းများအရ သိရသည်။
ပေကျင်း၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ဝမ်ယန် သည် အောက်တိုဘာ ၂၇ ရက်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Wilbur Ross နှင့် ဖုန်းပြောဆိုမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ CPC ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်က အောက်တိုဘာ ၁၈ရက် တွင် ၁၉ကြိမ်မြောက် CPC အမျိုးသားညီလာခံသို့ တင်သွင်းသည့် အစီရင်ခံစာအား ပြည်သူ့ပုံနှိပ်တိုက်က ပုံနှိပ်ထုတ်ဝေခဲ့ကြောင်း သိရသည်။
ရှီးကျားကျွမ်း၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှထုတ်လုပ်သော ဟိုက်ဒရိုဂျင်လောင်စာဆဲလ်အသုံးပြု ဓါတ်ရထားတစ်စီးအား နိုင်ငံမြောက်ပိုင်း ဟဲပေပြည်နယ် ထောင်စန်းမြို့တွင် အောက်တိုဘာ ၂၆ ရက်က စီးပွားဖြစ်စတင်မောင်းနှင်ခဲ့ကြောင်း သိရသည်။