ကွမ်ကျိုး၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ) ကမ္ဘာ့အရှည်ဆုံး ပင်လယ်ဖြတ်ကူးတံတားအဖြစ်သတ်မှတ်ခံရသည့် ဟောင်ကောင်-ကျူးဟိုင်-မကာအို တံတားဖွင့်လှစ်ပြီး တစ်နှစ်ပြည့်နှစ်ပတ်လည်နေ့ဖြစ်သည့်အောက်တိုဘာလ ၂၃ ရကအထိ ခရီးသည်ပေါင်း ၁၄သန်း၊ မော်တော်ယာဉ်ပေါင်း ၁ဒသမ၅ သန်း ဖြတ်သန်းသွားလာခဲ့ကြောင်း သိရသည်။
HOHHOT ၊ အောက်တိုဘာ ၂၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ၊ အော်ဒိုစ်မြို့ Otog Banner မြက်ခင်းပြင်ရှိ တောင်ကုန်း တစ်ခုပေါ်တွင် တိဘက်ဗုဒ္ဓဘာသာ နှင့် ဆက်စပ်သော နံရံဆေးရေး ပန်းချီ တစ်ထောင် နီးပါး ရှိသော လှိုဏ်ဂူများ နှင့် အတူ ဘုရားကျောင်းများ နှင့်...
ချုံချင်း၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ချုံချင်းမြို့၏ ပြည်ပကုန်သွယ်မှုပမာဏမှာ ၂၀၁၉ ခုနှစ် ပထမကိုးလတာကာလအတွင်း ၁၂ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး အာဆီယံက အကြီးဆုံး ကုန်သွယ်ဖက် ဖြစ်လာခဲ့ကြောင်း သိရသည်။
အယ်လ်ဆာ၊အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ) ၂၀၁၉ ခုနှစ် Ejina Populus သစ်တောဥယျာဉ်ဖြတ်ကျော် နိုင်ငံတကာ မာရသွန်အပြေးပြို်ငပွဲကို တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အယ်လ်ဆာ(Alxa) ဒေသခွဲ ၊ အေဂျီနာ(Ejina)တံခွန်နယ်တွင် အောက်တိုဘာ ၂၀ ရက်က စတင်ကျင်းပခဲ့ကြောင်း သိရသည်။
ဟာဆာ၊အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဘက်ဒေသရှိ ဂုဏ်သိက္ခာကြီးမားသော တိဘတ် ဗုဒ္ဓဘာသာစာပေများသင်ကြားပို့ချပေးသည့် စီရာဘုန်းတော်ကြီးကျောင်း(Sera) ကို ၁၄၁၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ရာ ယခုအခါ သက်တမ်းအားဖြင့် နှစ်ပေါင်း ၆၀၀ ပြည့်မြောက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ပေကျင်း ၊ အောက်တိုဘာ ၂၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က အင်ဒိုနီးရှားနိုင်ငံသမ္မတအဖြစ် ဒုတိယသက်တမ်း ဆက်လက်တာဝန်ထမ်းဆောင်မည့် သမ္မတဂျိုကိုဝီဒိုဒိုထံ ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာတစ်စောင်ကို အောက်တိုဘာ ၂၀ ရက်တွင် ပေးပို့ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဆာမိုအာကျွန်းနိုင်ငံ မြို့တော် အာပီယာ၌ ပြုလုပ်သည့် တတိယအကြိမ်မြောက် တရုတ်-ပစိဖိတ်ကျွန်းနိုင်ငံများ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာတစ်စောင်ကို အောက်တိုဘာ ၂၁ ရက်က ပေးပို့ခဲ့ကြောင်း သိရသည်။
ချန်ဆား၊ အောက်တိုဘာ ၂၁ ရက်(ဆင်ဟွာ) ကျန်းကျားကျဲ့ ဟွမ်စီကျိုက် နိုင်ငံတကာမိုးမျှော်ကြိုးတန်းလမ်းလျှောက်ပြိုင်ပွဲကို အောက်တိုဘာလ ၂၀ ရက်က တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ကျန်းကျားကျဲ့ ဝူလင်းယွမ်တွင်ကျင်းပရာ တရုတ်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ ကနေဒါ နိုင်ငံ ၅ နိုင်ငံမှ ကျွမ်းကျင်အဆင့်ရှိ ပြိုင်ပွဲဝင် ၁၀...
ပေကျင်း၊ အောက်တိုဘာ ၂၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က အောက်တိုဘာ ၂၀ ရက်တွင် တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဝူးကျန့်မြို့၌ ဖွင့်လှစ်ကျင်းပသည့် ၆ ကြိမ်မြောက် ကမ္ဘာ့အင်တာနက် ကွန်ရက်ညီလာခံသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။
ဝူဟန် ၊ အောက်တိုဘာ ၂၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ပထမပါတီကွန်ဂရက်သို့တက်ရောက်လာသော တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) ပူးတွဲထောက်ပို့တပ်ဖွဲ့နှင့် အဆင့်မြင့် စစ်တပ်အရာရှိကြီးများကို တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲပေပြည်နယ်တွင် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။