ပေကျင်း၊ နိုဝင်ဘာ ၄ရက် (ဆင်ဟွာ) တားမြစ်မြို့တော် အဖြစ် လူသိများသည့် ပေကျင်းရှိ နန်းတော်ပြတိုက်၏ မြေနေရာ ၈၀ရာခိုင်နှုန်း အား အများပြည်သူ ကြည့်ရှုလေ့လာနိုင်ရန် ၂၀၂၀မတိုင်မီ ဖွင့်လှစ်ပေးသွားရန် စီစဉ်နေကြောင်း ပြတိုက်ဒါရိုက်တာ Shan Jixiang က နိုဝင်ဘာ ၃ရက်တွင်ပြောကြားခဲ့သည်။
ပေကျင်း ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် မူးယစ်းဆေးဝါးတိုက်ဖျက်ရေး နှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး အပါအဝင် အရေးကိစ္စရပ်များကို မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ကော်စိန်ခွမ်း က နိုဝင်ဘာလ ၃ ရက်တွင်ပြောကြားလိုက်သည်။
ပေကျင်း၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) တရုတ်ဝန်ကြီးချုပ် လီခဲ့ချန်သည် အာရှဥရောပ လေးနိုင်ငံသို့ သွားရောက်၍ နိုင်ငံတကာ အစည်းအဝေးပွဲများ တက်ရောက်ရန် နိုဝင်ဘာ ၂ရက် နံနက်ပိုင်းတွင် ပေကျင်းမှ ထွက်ခွာလာခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်သွားရန် တရုတ်နိုင်ငံအနေဖြင့် ဆန္ဒရှိကြောင်း နိုဝင်ဘာလ ၁ ရက်က ပြောကြားလိုက်သည်။
ပေကျင်း ၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်၏ ဖိတ်ကြားချက်အရ (ယနေ့) အောက်တိုဘာလ ၃၁ ရက် မှ နိုဝင်ဘာလ ၆ ရက်အထိ မလေးရှားနိုင်ငံဝန်ကြီးချုပ် နာဂျစ်ရာဇာတ်သည် တရုတ်နိုင်ငံသို့တရားဝင် ချစ်ကြည်ရေးခရီးစဉ်အဖြစ်လာရောက်လည်ပတ်မည်ဖြစ်ကြောင်း သိရသည်။
ပေကျင်း၊ အောက်တိုဘာလ ၂၈ ရက် (ဆင်ဟွာ) ရှန်ဟိုင်း စတော့ခ်ရှယ်ယာ ရောင်းဝယ်ရေးဋ္ဌာနတွင် Xinhuanet ကုမ္ပဏီ လီမိတက်က အစုရှယ်ယာများအား အောက်တိုဘာလ ၂၈ ရက် စတင်ရောင်းချခဲ့ရာ ရှယ်ယာများ အရောင်းစဖွင့်ပြီးနောက် ရှယ်ယာများ တစ်ရှိန်ထိုး မြင့်တက်လာခဲ့ပြီးနောက် ချက်ချင်း အရောင်းပိတ်လိုက်ရကြောင်း သိရသည်။
ပေကျင်း ၊ အောက်တိုဘာ ၂၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ နိုင်ငံတော်ကောင်စီဝင် ယန်ကျဲ့ချီ (Yang Jiechi) နှင့် ဗြိတိန်နိုင်ငံတော်ဝင်မင်းသားအင်ဒရူး တို့သည် တရုတ်နိုင်ငံ ပေကျင်းမြို့၌ အောက်တိုဘာလ ၂၆ ရက်က တရုတ်-ဗြိတိန်နှစ်နိုင်ငံဆက်ဆံရေးအပြန်အလှန်ပူးပေါင်းဖလှယ်ရေး နှင့် အနာဂတ်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ချန်ဒူ၊အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) အမေရိကန် မင်းသားနှင့် ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း အာနိုး (Arnold Schwarzenegger) အား တရုတ် ရုပ်ရှင် ဇာတ်ကား တစ်ကားဖြစ်သည့် “The Guest of Sanxingdui” ၌ မြင်တွေ့ရမည် ဖြစ်သည်။ အဆိုပါ ဇာတ်ကား၌ ၎င်းသည်...
ပေကျင်း၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကြက်ခြေနီအသင်းက တိုင်ဖွန်းမုန်တိုင်း ဟိုင်မာ ဝင်ရောက်ခဲ့မှုကြောင့် အပျက်အစီးများဖြစ်ပေါ်ခဲ့သည့် ဖိလစ်ပိုင်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀တန်ဖိုးရှိ လူသားချင်းစာနာထောက်ထားသည့် ထောက်ပံ့ရေးပစ္စည်းများ လှူဒါန်းသွားမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။
ပေကျင်း၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ) ဆိုမာလီ ပင်လယ်ဓါးပြများ က ၅နှစ်ကြာ ဓားစာခံအဖြစ် ဖမ်းဆီးထားသည့် အာရှနိုင်ငံသား သင်္ဘောသား ၂၆ဦး ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန က အောက်တိုဘာ ၂၃ ရက် ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။