ပေကျင်း၊ ဇွန် ၇ ရက် (ဆင်ဟွာ) ကမ္ဘာက အထူးအရေးပါသော အာရုံစိုက်မှုအဖြစ် ၁၈ ကြိမ်မြောက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (Shanghai Cooperation Organization= SCO) ထိပ်သီးအစည်းအဝေးကို တရုတ်နိုင်ငံ အရှေ့ပိုင်း ချင်းသောင်မြို့မှာ မကြာမီကျင်းပတော့မည် ဖြစ်သည်။
ပေကျင်း၊ ဇွန် ၆ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်၏ မကြာမီလာရောက်မည့် တရုတ်နိုင်ငံခရီးစဉ်က နှစ်နိုင်ငံ ဆက်ဆံရေးအတွက် တွန်းအားသစ်ဖြစ်စေမည်ဟု တရုတ်နိုင်ငံက ယုံကြည်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဇွန်လ ၅ ရက်တွင် ပြောကြားခဲ့သည်။
ချန်ဒူး ၊ ဇွန် ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအနောက်တောင်ပိုင်း စီချွန်းပြည်နယ်တွင် ဇွန်လ ၅ ရက် နံနက်ပိုင်းက ယခုနှစ်အတွက် ပထမဆုံး ပန်ဒါဝက်ဝံ အထီး-အမ အမွှာနှစ်ကောင် မွေးဖွားခဲ့ကြောင်း သိရသည်။
ပရီတိုးရီးယား ၊ ဇွန် ၅ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ နှင့် တောင်အာဖရိက နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Lindiwe Sisulu တို့က ဇွန်လ ၄ ရက်နေ့ ၌...
ပေကျင်း ၊ ဇွန် ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံရဲတပ်ဖွဲ့က နိုင်ငံအတွင်းရှိ ကောလိပ်ကျောင်းများဝင်ခွင့်စာမေးပွဲများတွင် စာကူးချမှုများမဖြစ်ပေါ်စေရန် မေလ နှောင်းပိုင်းကတည်းက ဆောင်ရွက်နေပြီး အဆင့်မြင့်နည်းပညာသုံး စာကူးချ နိုင်သောကိရိယာများ ရောင်းချခြင်း နှင့် ထုတ်လုပ်ခြင်းကို လိုက်လံဖမ်းဆီးလျက်ရာ ပြစ်မှုပေါင်း ၁၂ ခုထိ ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဇွန် ၄ ရက်(ဆင်ဟွာ) ကမ္ဘာ့အကြီးဆုံး နှင့် အခက်ခဲဆုံး ဆင်းရဲနွမ်းပါးမှု စစ်မြေပြင်ဖြစ်နေသည့် တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုစစ်တလင်းကို အနိုင်ယူရန် နှင့် တရုတ်လူမျိုးတို့၏ အတွေးအမြင်၊ ဖြေရှင်းချက်များနှင့်အတူ ကမ္ဘာ့ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်ကို လျင်လျင်မြန်မြန်တိုးတက်မှုရအောင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ဦးဆောင်ဦးရွက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ချင်းသောင်၊ ဇွန် ၄ ရက် (ဆင်ဟွာ) ၁၈ ကြိမ်မြောက် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (Shanghai Coorperation Organization) ထိပ်သီးအစည်းအဝေး၏ မီဒီယာစင်တာကို ဇွန်လ ၆ ရက်မှစတင်ကာ ပြည်တွင်း ပြည်ပ သတင်းစာဆရာများအတွက် ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း အစည်းအဝေးဖြစ်မြောက်ရေးစီစဉ်သူများက ဇွန်လ ၃ ရက်တွင်...
ပေကျင်း ၊ ဇွန် ၃ ရက်(ဆင်ဟွာ) အမေရိကန်က ဇွန်လ ၁ ရက်နေ့မှစ၍ ဥရောပသမဂ္ဂ၊ ကနေဒါနှင့် မက္ကစီကို နိုင်ငံများအား သံမဏိနှင့်အလူမီနီယံခွန်စည်းကြပ်မည်ဟူသော သတင်းထွက်ပေါ်လာပြီးနောက် နိုင်ငံတကာအသိုင်းအဝိုင်း၏ဝေဖန်ပြောဆိုမှုများ ပေါ်ပေါက်လာသည်။ ဝါရှင်တန်၏ ဤလုပ်ရပ်မှာ ဘက်ပေါင်းစုံကုန်သွယ်ရေးစနစ်ကို ပျက်စီးစေမည့်အန္တရာယ်များ ထပ်တိုးစေသောကြောင့် နိုင်ငံတကာက စိုးရိမ်ကြောင့်ကြမှုများ ဖြစ်ပွားနေကြသည်။
ကျဲ့ကျန်း ၊ ဇွန် ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်(Zhejiang) ၊ ဟန်ဇူးမြို့နယ်( Hangzhou) ၊ ဟုန်းချီကျေးရွာ (Hongqi) တွင် ဇွန်လ ၂ ရက်က ကောက်စိုက်ပြိုင်ပွဲ တစ်ခုကျင်းပခဲ့ကြောင်း သိရသည်။
ဘရပ်ဆဲလ် ၊ ဇွန် ၂ ရက် (ဆင်ဟွာ) အီးယူ ကော်မရှင် ဥက္ကဋ္ဌ Jean-Claude Juncker နှင့် တရုတ် နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ တို့က ဇွန်လ ၁ ရက်နေ့ ၌ ဘရပ်ဆဲလ် မြို့တွင်...