ပေကျင်း၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း နိန်ကျားဟွေ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် စက်တင်ဘာလ ၅ ရက်၌ ကျင်းပသည့် စတုတ္ထအကြိမ်မြောက် တရုတ်-အာရပ်နိုင်ငံများ ကုန်စည်ပြပွဲသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။
ကူမင်း၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) BRICS အဖွဲ့ဝင်နိုင်ငံများသည် နည်းပညာကူးပြောင်းခြင်းနှင့် ပြောင်းလဲခြင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ ယူနန်ပြည်နယ် အနောက်တောင်ပိုင်း မြို့တော် ကူမင်းရှိ BRICS နည်းပညာ ကူးပြောင်းရေးစင်တာက စက်တင်ဘာလ ၃ ရက်တွင် ကျင်းပသော ကွန်ဖရင့်တစ်ခုအရ သိရသည်။
နန်ကျင်း၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) ကမ္ဘာပေါ်တွင် ပထမဆုံး ကြက်ခြေနီတက္ကသိုလ်အား တရုတ်နိုင်ငံ ကြက်ခြေနီအဖွဲ့အစည်း (RCSC) နှင့် Soochow တက္ကသိုလ်တို့က တရုတ်နိုင်ငံ ကျန်းစုပြည်နယ် အရှေ့ပိုင်း စူကျိုးမြို့တွင် တည်ထောင်လိုက်ကြောင်း RCSC ပြောကြားချက်အရ သိရသည်။
ပေကျင်း ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) နွေရာသီခရီးသွားထူထပ်သည့် ကာလအဆုံးသတ်ချိန်ထိ တရုတ်နိုင်ငံသားအများစုသည် ရထားဖြင့် အများဆုံး သွားလာမှုပြုလုပ်ခဲ့ကြောင်း အမျိုးသားမီးရထားသယ်ယူပို့ဆောင်ရေးဌာန၏ နောက်ဆုံးထုတ်ပြန်သော အချက်အလက်များအရ သိရသည်။
ပေကျင်း၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် မြောက်ကိုရီးယားနိုင်ငံသို့ စက်တင်ဘာလ ၂ ရက်မှ ၄ ရက်အထိ သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က သြဂုတ်လ ၃၀ ရက်တွင် ပြောကြားလိုက်သည်။
ပေကျင်း၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ထူးချွန်သူများအား ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်ဆုများ၊ ချစ်ကြည်ရေးဆုများနှင့် အမျိုးသားရေးဂုဏ်ပြုဆုများအား တရုတ်နိုင်ငံ တည်ထောင်ခြင်း နှစ် ၇၀ ပြည့်အခမ်းအနားတွင် ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
ပေကျင်း၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဖိလစ်ပိုင်နိုင်ငံ သမ္မတ ရိုဒရီဂို ဒူတာတေး (Rodrigo Duterte) နှင့် ပေကျင်းမြို့ရှိ Diaoyutai နိုင်ငံတော်ဧည့်ဂေဟာ၌ သြဂုတ်လ ၂၉ ရက်တွင် တွေ့ဆုံကာ ဆက်ဆံရေး တိုးတက်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့ကြသည်။
ပေဂျင်း ၊ သြဂုတ် ၂၉ ရက်(ဆင်ဟွာ) တရုတ် နိုင်ငံက အမေရိကန်၏ သွင်းကုန်များ အပေါ် ဒုတိယ အကြိမ် အထူးကုန်စည် စည်းကြပ်ခြင်းမှ ကင်းလွတ် ခွင့်များ အတွက် မကြာမီ လျှောက်လွှာများ လက်ခံခြင်းကို စတင်သွားမည် ဖြစ်ကြောင်း သိရသည်။
ပေကျင်း ၊ သြဂုတ် ၂၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် အောက်တိုဘာ ၁ ရက်တွင် ကျရောက်မည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခြင်း နှစ် ၇ဝ ပြည့် ဂုဏ်ပြုအခမ်းအနားသို့တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ဟောင်ကောင်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) ၂၀၁၉ ခုနှစ် အာရှ၏ ထိပ်တန်းတံဆိပ် ၅၀၀စာရင်းကို ထုတ်ပြန်ရာတွင် တရုတ်ဆက်သွယ်ရေးကုမ္ပဏီကြီးဖြစ်သည့် ဟွာဝေး တံဆိပ်က တရုတ်သုံးစွဲသူများအတွက် ရေပန်းအစားဆုံးအဖြစ်ရပ်တည်ခဲ့ကြောင်းသိရသည်။