ထျန်းကျင်း၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာတင်သင်္ဘော MSC Gulsun သည် ဇူလိုင်လ ၈ ရက်က တရုတ်နိုင်ငံ ဆိပ်ကမ်းမြို့ဖြစ်သော ထျန်းကျင်းမှ ဥရောပတိုက် အနောက်မြောက်သို့ ဦးတည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇူလိုင် ၈ရက် (ဆင်ဟွာ) ၂၀၁၉ World Internet of Things (WIOT) ပြပွဲကို တရုတ်နိုင်ငံ၏ အရှေ့ဘက် ကျန်းဆူးပြည်နယ်၊ ဝူရှီးမြို့တွင် စက်တင်ဘာ ၇ ရက် မှ ၁၀ ရက် အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ပေကျင်း ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ ယခုနှစ် ဇွန်လ ကုန်ပိုင်းအထိ မော်တော်ကား အရေအတွက် အစီးရေ သန်းပေါင်း ၃၄ဝ ရှိကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန(MPS) က ဇူလိုင် ၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ပေကျင်း၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် အီရန် နျူကလီးယားအရေး တင်းမာမှုအခြေအနေ မဆိုးဝါးစေရန် အီရန် နျူကလီးယားသဘောတူညီချက်ကို အားလုံးအတူ ထိန်းသိမ်းကြရန် တိုက်တွန်းကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ ကိန်းစွမ်(Geng Shuang)က ဇူလိုင် ၂ ရက်တွင် ပြောကြားခဲ့သည်ဟု သိရသည်။
ပေကျင်း ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် အမေရိကန် နိုင်ငံသမ္မတဒေါ်နယ်ထရမ့် တို့သည် ပြီးခဲ့သော ရက်သတ္တပတ်တွင် ဂျပန်နိုင်ငံ အိုဆာကာမြို့၌ တွေ့ဆုံခဲ့ကြရာ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးကိစ္စရပ်များကို တန်းတူညီမျှမှု နှင့် အပြန်အလှန်လေးစားမှုကို အခြေခံ၍ အဖြေရှာရန်လိုလားသည့် လက္ခဏာများကို ကမ္ဘာကြီးက တွေ့မြင်ခဲ့ကြရသည်။
ရန်ကုန်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area)သည် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဆက်လက်တည်ရှိနေကြောင်း၊ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ နောက်(၄၈)နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ယနေ့သတင်းထုတ်ပြန်သည်။
ပေကျင်း ၊ ဇွန် ၃ဝ ရက်(ဆင်ဟွာ) သက်တမ်း ၉၈ နှစ်ရှိပြီဖြစ်သော တရုတ်နိုင်ငံကွန်မြူနစ်ပါတီ(CPC) သည် အဖွဲ့ဝင် သန်းပေါင်း ၉ဝ ထိ ပြည့်တင်းခဲ့ပြီဖြစ်ကြောင်း CPC ဗဟိုကော်မတီ၏ ပါတီစည်းရုံးရေးဌာနက ယနေ့ဇွန် ၃ဝ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အိုဆာကာ ၊ ဇွန် ၂၉ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ၊ အိုဆာကာမြို့၌ ဂျီ-၂၀ အစည်းအဝေး တက်ရောက်ရန် ရောက်ရှိနေသော တရုတ်ပြည်သူ့ သမ္မတ နိုင်ငံသမ္မတ ရှီကျင့်ဖိန် က အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကို ဝီဒိုဒို နှင့် အိုဆာကာ မြို့၌ ဇွန်လ ၂၈ ရက်က...
အိုဆာကာ ၊ ဇွန် ၂၉ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က ဇွန်လ ၂၈ ရက် တွင် ဂျပန် နိုင်ငံ အိုဆာကာ မြို့ ၌ ကျင်းပ ပြုလုပ်သည့် တရုတ်-ရုရှား-အိန္ဒိယ ခေါင်းဆောင်များ အစည်းအဝေး ကို...
အိုဆာကာ ၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) BRICS ထိပ်သီး အစည်းအဝေး အား ဇွန်လ ၂၈ ရက် ၌ ဂျပန် နိုင်ငံ အိုဆာကာ မြို့ တွင် ကျင်းပ ပြုလုပ် ခဲ့ပြီး တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်...