မော်စကို ၊ ဇန်နဝါရီ ၁၃ ရက်(ဆင်ဟွာ) ပြည်ပနိုင်ငံများ၌ တရုတ်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများသည် ဗိုလ်ကျစိုးမိုးရန် အားထုတ်ကြံရွယ်ခြင်းမဟုတ်ကြောင်း ၊ သို့သော် ပြောင်းလဲနေသည့်ကမ္ဘာကြီးတွင် တိုးတက်ဖြစ်ထွန်းမှုလမ်းကြောင်းအား ဆုပ်ကိုင်ခြင်းကို ထိန်းသိမ်းရန်အတွက်ဖြစ်ကြောင်း ဗြိတိန်စာရေးဆရာ နှင့် လေ့လာသုံးသပ်သူ Tom Fowdy က ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံသည် ကမ္ဘာတစ်ဝှမ်းတွင် ၎င်း၏...
ပေကျင်း၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီက၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ (၂၀၂၁-၂၀၂၅) တွင် ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အဆင်ပြေချောမွေ့စေရန် အစီအစဉ်တစ်ရပ်အား ဇန်နဝါရီ ၁၂ ရက်က ထုတ်ပြန်လိုက်ကြောင်း သိရသည်။ တရုတ်နိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုးတွင် ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်း...
ပေကျင်း၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) ထိုင်ဝမ်ရေလက်ကြား နှစ်ဖက်ဒေသရှိ ပြည်သူများအနေဖြင့် အမျိုးသားပြန်လည်ပေါင်းစည်းရေးကို နားလည်သဘောပေါက်ရေးအတွက် အတူတကွရှေ့ဆက်ဆောင်ရွက်သွားသင့်ကြောင်း တရုတ်ပြည်မကြီး ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၁၂ ရက်တွင် ပြောကြားခဲ့သည်။
နန်ကျင်း၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ဘက် ကုန်စည်တင်ပို့မှုတွင် အဓိက အချက်အချာမြို့ဖြစ်သော စူးကျိုးမြို့နှင့် လာအိုနိုင်ငံ၏ မြို့တော် ဗီယင်ကျန်းမြို့အကြား ကုန်စည်ပို့ဆောင်ရေးရထားလမ်းကြောင်းကို စတင်ပြေးဆွဲခဲ့ကြောင်း ရထားအော်ပရေတာ၏ပြောကြားချက်အရ သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် ကပ်ရောဂါအလွန်ခေတ်တွင် ညှိနှိုင်းဆောင်ရွက်မှုသဘောထားဖြင့် ပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ဇန်နဝါရီ ၁၁ ရက်၌ ပြောကြားခဲ့သည်။
ပေကျင်း၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) ဒီမိုကရက်တစ်တိုးတက်ရေးပါတီ(DPP)အာဏာပိုင်များက နိုင်ငံရေးခြယ်လှယ်ကစားပြီး ထိုင်ဝမ်ကျွန်းတွင် “ထိုင်ဝမ်ရေလက်ကြား အရေးကြုံလျှင် အမေရိကန် သေချာပေါက် ကူညီပေးမည်”ဟူသော စိတ်ကူးယဉ်မှုကို အလေးထား ဖန်တီးပြောကြားနေကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံး ပြောရေးဆိုခွင့်ရှိသူ ကျူးဖုန့်လျန်က ဇန်နဝါရီ ၁၂ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ပေကျင်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) ပြီးခဲ့သည့်နှစ်များတွင် အမေရိကန်က ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ ဘာသာရေးစသည်တို့ကို ဘန်းပြကာ တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွပ်ဖက်ခဲ့ရာ တရုတ်နိုင်ငံ၏ အကျိုးစီးပွားကို ဆိုရွားစွာထိခိုက်စေကြောင်း၊ တရုတ်နိုင်ငံသည် ဥပဒေနှင့်အညီ တန်ပြန်အရေးယူမှုများ ပြုလုပ်ခြင်းသည် သဘာဝကျကြောင်း၊ တရုတ်နိုင်ငံသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာ၊ ဂုဏ်သိက္ခာနှင့်...
ပေကျင်း၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် COVID-19 ကပ်ရောဂါကြောင့် စိန်ခေါ်မှုများနှင့် မသေချာမှုရှိနေသော်ငြားလည်း အားကောင်းသော စီးပွားရေး ကြံ့ကြံ့ခံနိုင်ခြင်းနှင့်အတူ ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထူရေးအတွက် မျှော်လင့်ချက်မြင့်တက်နေဆဲဖြစ်ကြောင်း သိရသည်။
နန်နင်း၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးဝမ်ရိ (Wang Yi) သည် ဆော်ဒီအာရေဗျနိုင်ငံခြားရေးဝန်ကြီး မင်းသား Faisal bin Farhan Al Saud နှင့် ၂၀၂၂ ခုနှစ်၊ ဇန်ဝါရီ ၁၀ ရက်တွင် တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်းဆူးပြည်နယ်၊ Wuxi...
ပေကျင်း၊ ဇန်နဝါရီ ၁၀ ရက်(ဆင်ဟွာ) ၂၀၂၂ ခုနှစ် ပေကျင်း ဆောင်းရာသီ အိုလံပစ်နှင့် ဆောင်းရာသီ မသန်စွမ်းအိုလံပစ်အားကစားပွဲ၏ ပင်မ မီဒီယာ စင်တာ စီမံခန့်ခွဲမှုများ တရားဝင်စတင်ပြီဖြစ်ကြောင်း သိရသည်။ ဇန်နဝါရီ ၄ ရက်မှ ၂၂ ရက် စမ်းသပ်လည်ပတ်သည့်ကာလအတွင်း ကမ္ဘာ့အနယ်နယ်အရပ်ရပ်မှ သတင်းမီဒီယာသမား ၁,၇၀၀...