ချင်းသောင်၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ်ရှိ လေဆိပ်သစ်ဖြစ်သော ချင်းသောင် ကျောင်းတုန်း နိုင်ငံတကာလေဆိပ် (Qingdao Jiaodong International Airport) အား ဩဂုတ် ၁၂ ရက်တွင် တရားဝင်လုပ်ငန်းလည်ပတ်လျက်ရှိကြောင်း ချင်းသောင် လေဆိပ်အုပ်စုက ပြောကြားခဲ့သည်။
ပေကျင်း ၊ ဩဂုတ် ၁၂ ရက်(ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းအထိ တရုတ်နိုင်ငံက လက်ရှိဆင်းရဲနွမ်းပါးမှုမျဉ်းအောက် ရှိနေသော ကျေးလက်နေပြည်သူ ၉၈ ဒသမ ၉၉ သန်းအား ၈ နှစ်တာ ကြိုးပမ်းအားထုတ်ပြီးသည့်နောက် ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်အောင် ဆွဲတင်နိုင်ခဲ့ကြောင်း စက္ကူဖြူစာတမ်းအရ သိရသည်။
ပေကျင်း၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အဓိကလေဆိပ်များတွင် ခရီးဆောင်အိတ်များ ခြေရာခံရာ၌ ရေဒီယိုကြိမ်နှုန်းဖြင့်ခွဲခြားဖော်ထုတ်သည့် (RFID) နည်းပညာဖြင့် ဂရုတစိုက်ဆောင်ရွက်ပြီး ၎င်းတို့၏ ခရီးဆောင်အိတ်စီမံခန့်ခွဲခြင်း ဝန်ဆောင်မှုစွမ်းရည်မြှင့်တင် သွားမည်ဖြစ်ကြောင်း နိုင်ငံ၏လေကြောင်းအာဏာပိုင်များ၏ အဆိုအရ သိရသည်။
လန်ဒန်၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် အနာဂတ် သန့်ရှင်းသောစွမ်းအင် အကူးအပြောင်း၌ ကမ္ဘာပေါ်တွင် ဦးဆောင်လျက်ရှိပြီး ၎င်း၏ အစိမ်းရောင်နည်းပညာ ထုတ်လုပ်မှုက အကြောင်းပြချက်ဖြစ်ကြောင်း ဘီဘီစီ၏ ဩဂုတ် ၉ ရက်တွင် ထုတ်ပြန်သည့် ဆောင်းပါးအရ သိရသည်။
ကျိန့်ကျိုး၊ ဩဂုတ် ၁၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအလယ်ပိုင်း ဟဲနန်ပြည်နယ်တွင် သက်တမ်းအားဖြင့် လွန်ခဲ့သော နှစ်ပေါင်း ၂,၅၀၀ခန့်က တည်ရှိခဲ့သည့် ကမ္ဘာ့ရှေးအကျဆုံး ဒင်္ဂါးသွန်းအလုပ်ရုံ နေရာကို တူးဖော်တွေ့ရှိခဲ့ကြောင်း သိရသည်။ ရေဒီယိုကာဘွန်နည်းပညာအသုံးပြု၍ တရုတ်နိုင်ငံ ရှေးဟောင်းသုတေသနပညာရှင်များက ဟဲနန်ပြည်နယ် မြို့တော် ကျိန့်ကျိုး(Zhengzhou) အနောက်ဘက်ပိုင်း Xingyang မြို့ရှိ Guanzhuang...
ရင်ချွမ်း ၊ ဩဂုတ် ၁၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နှင့် ရုရှားနိုင်ငံအကြား ပူးတွဲစစ်ရေးလေ့ကျင့်မှု တစ်ခုဖြစ်သည့် ZAPAD/INTERACTION-2021 စစ်ရေးလေ့ကျင့်မှုကို တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း နင်းရှဟွေကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) ၏ ပေါင်းစည်းလက်နက်ကိုင်တပ်ဖွဲ့ နည်းဗျူဟာမြောက် လေ့ကျင့်ရေးစခန်း၌ ဩဂုတ် ၉ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ...
ဝူဟန် ၊ ဩဂုတ် ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့၌ နောက်ဆုံး COVID-19 ရောဂါ ပြန်လည်ဖြစ်ပွားမှုကို ထိန်းချုပ်ရန် ငါးရက်အတွင်း အားလုံးပါဝင်သည့် nucleic acid စစ်ဆေးခြင်း အဆင့် ပြီးဆုံးခဲ့ပြီ ဖြစ်ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများက ဩဂုတ် ၈ ရက်တွင်...
ကူမင်း၊ ဩဂုတ် ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၌ လှည့်လည်သွားလာနေကြသော အာရှတောဆင်ရိုင်းအုပ်သည် ၎င်းတို့၏ မူလနေရာသို့ ချဉ်းနင်းဝင်ရောက်နေပြီဖြစ်ကြောင်း သိရသည်။
ရင်ချွမ်း ၊ ဩဂုတ် ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း နင်းရှဟွေကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) လေ့ကျင့်ရေးစခန်းတစ်ခု၌ ဩဂုတ် ၉ ရက်မှ ၁၃ ရက်အထိ တရုတ်နိုင်ငံ နှင့် ရုရှားနိုင်ငံ တပ်များက ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ ZAPAD/INTERACTION-2021 ဟု အမည်ပေးထားသည့်...
ပေကျင်း၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ်ပေါ်သွားယာဉ် Zhurong သည် ဩဂုတ် ၆ ရက်အထိ ဂြိုဟ်နီကြီး (အင်္ဂါဂြိုဟ်) မျက်နှာပြင်ပေါ်တွင် မီတာ ၈၀၀ ကျော် ခရီးနှင်လျက်ရှိကြောင်း တရုတ် အမျိုးသား အာကာသစီမံခန့်ခွဲမှုဦးစီးဌာန၏ လကမ္ဘာ စူးစမ်းလေ့လာရေးနှင့် အာကာသအစီအစဉ်စင်တာအရ သိရသည်။...