Connect with us

Politics, Law & Military

ကနေဒါနှင့် ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်ရန် တရုတ်နိုင်ငံ အသင့်ရှိဟု တရုတ် ဝန်ကြီးချုပ် လီခဲ့ချန် ပြောကြား

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် (လယ်)၊ ကနေဒါနိုင်ငံ အထက်လွှတ်တော် ဥက္ကဋ္ဌ ဂျော့ရှ် ဖူရေး (ယာ) နှင့် အောက်လွှတ်တော် ဥက္ကဋ္ဌ ဂျက်ဖ် ရီဂန်တို့အား တွေ့ရစဉ် (ဆင်ဟွာ)

အော့တဝါ၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ကနေဒါနှင့် တရုတ် နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရန်အတွက် ကဏ္ဍသစ် တိုးချဲ့ကာ ထိတွေ့ဆက်ဆံမှု တိုးမြင့်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်ရန် အသင့်ရှိကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က စက်တင်ဘာလ ၂၂ ရက်ကပြောကြားခဲ့သည်။

ယင်း မှတ်ချက်အား ကနေဒါနိုင်ငံ အထက်လွှတ်တော် ဥက္ကဋ္ဌ ဂျော့ရှ် ဖူရေးနှင့် အောက်လွှတ်တော် ဥက္ကဋ္ဌ ဂျက်ဖ် ရီဂန်တို့နှင့် တွေ့ဆုံစဉ် လီက ပြောကြားခဲ့ခြင်း ဖြစ်သည်။
တရုတ်နှင့် ကနေဒါ ပြည်သူများသည် ကာလရှည် ချစ်ကြည် ရင်းနှီးမှုရှိထားပြီး ဖြစ်သလို နှစ်နိုင်ငံ စီးပွားရေးများသည်လည်း ပူးပေါင်းဆောင်ရွက်မှုအတွက် ကျယ်ပြန့်သော မျှော်လင့်ချက်များဖြင့် လိုက်ဖက်ညီစွာ မြင့်တက်လျက်ရှိကြောင်း လီက ပြောသည်။
အမျိုးသားရေး ဆိုင်ရာ မတူညီသော အခြေအနေများနှင့် ယဉ်ကျေးမှု နောက်ခံ အကြောင်းရင်များသည် တရုတ်နှင့် ကနေဒါ နှစ်နိုင်ငံ အတွက် ရှိမြဲ ဖြစ်သော်လည်း အချို့ ကိစ္စရပ်များတွင် သဘောမတူမှုများ သို့မဟုတ် မတူညီသော အမြင်များလည်း ရှိနေဆဲ ဖြစ်ကြောင်း၊ သို့သော်လည်း ထို မတူညီမှုများထက် ဘုံ အကျိုးစီးပွားက ပို၍ ကြီးမားကြောင်း လီက မှတ်ချက်ပြု ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ ဥပဒေပြုလွှတ်တော်သည် ကနေဒါနိုင်ငံ အထက်လွှတ်တော်နှင့် အောက်လွှတ်တော်နှင့်အတူ ဥပဒေပြုရေးနှင့် တရားဥပဒေ စိုးမိုးရေး အတွေ့အကြုံများ ဖလှယ်ရေးနှင့် ဆက်သွယ်မှု လွယ်ကူစေရေး၊ တရုတ်-ကနေဒါ ဆက်ဆံရေးနှင့် နားလည်မှု မြှင့်တင်ရေး၊ နှစ်နိုင်ငံ ပြည်သူများ ချစ်ကြည်ရေး စသည်တို့တွင် ကူညီရန် လီက ပြောကြားခဲ့သည်။
တရုတ်-ကနေဒါ ဆက်ဆံရေးနှင့် ပတ်သက်၍ ဝန်ကြီးချုပ် လီ၏ ပြောကြားချက်အား ဖူရေးနှင့် ရီဂန်တို့က သဘောတူခဲ့ပြီး နှစ်နိုင်ငံ ဥပဒေပြု လွှတ်တော်များအကြား နှစ်ဘက် ဆက်သွယ်ရေး တိုးမြှင့်ခြင်းဖြင့် နှစ်နိုင်ငံ နားလည်မှု မြင့်တက်စေပြီး အများစု သဘောတူညီချက် ရရှိအောင်နှင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအောင် အကူအညီ ဖြစ်နိုင်လိမ့်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ် ဝန်ကြီးချုပ် လီခဲ့ချန်သည် ကနေဒါနိုင်ငံသို့ ချစ်ကြည်ရေး ခရီးအဖြစ် ရောက်ရှိနေခြင်း ဖြစ်ပြီး တရုတ် ဝန်ကြီးချုပ် တစ်ဦးအနေဖြင့် ၁၃ နှစ်တာကာလအတွင်း ပထမဆုံး လာရောက်ခြင်းလည်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.