Connect with us

Politics, Law & Military

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် ကနေဒါနိုင်ငံ မြို့တော် အော့တဝါသို့ ချစ်ကြည်ရေး ခရီး ရောက်ရှိ

တရုတ် ဝန်ကြီးချုပ် လီခဲ့ချန်အား ကနေဒါနိုင်ငံမှ တာဝန်ရှိသူများက ကြိုဆိုနေစဉ် (ဆင်ဟွာ)

အော့တဝါ၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် တရားဝင် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ကနေဒါနိုင်ငံ စက်တင်ဘာလ ၂၁ ရက်က ရောက်ရှိခဲ့ပြီး ၁၃ နှစ်တာအတွင်း တရုတ် ဝန်ကြီးချုပ် တစ်ဦး၏ ပထမဆုံး ခရီးစဉ်လည်း ဖြစ်ကြောင်း သိရသည်။

လီနှင့် အတူ ဇနီး ချန်းဟုန်၊ တရုတ်နိုင်ငံ အဆင့်မြင့် အရာရှိကြီးများသည် တရုတ်နိုင်ငံသို့ G20 ထိပ်သီး အစည်းအဝေး တက်ရောက်ခဲ့သော ကနေဒါနိုင်ငံ ဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုး၏ တရားဝင် ဖိတ်ကြားချက်ဖြင့် လာရောက်ခြင်း ဖြစ်သည်။
ခရီးစဉ်အတွင်း လီနှင့် ကနေဒါ ဝန်ကြီးချုပ်တို့သည် နှစ်ပတ်လည် ဆွေးနွေးပွဲ နည်းလမ်းအား ကြေညာရန် ရှိပြီး ဘုံ ကိစ္စရပ်များ၌ ကနေဒါနှင့်အတူ အမြင်ဖလှယ်မှုများနှင့် နယ်ပယ် အားလုံး၌ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖလှယ်မှုများ တိုးမြှင့်ရေး၊ ခေတ်သစ်ကာလတွင် တရုတ်-ကနေဒါ ဆက်ဆံရေး ဖွံ့ဖြိုးရေး စသည့်တို့အား ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် လီနှင့် ထရူးဒိုးတို့၏ ပူးတွဲ ဆွေးနွေးပွဲများ ကျင်းပရန်ရှိသလို နှစ်ဘက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်များအား လက်မှတ်ရေးထိုးသွားမည် ဖြစ်ကြောင်း၊ ကနေဒါ ဘုရင်ခံချုပ်၊ အထက် လွှတ်တော် ဥက္ကဋ္ဌ၊ အောက်လွှတ်တော် ဥက္ကဋ္ဌနှင့် ဒေသခံ ခေါင်းဆောင်များနှင့် တွေ့ဆုံသွားမည် ဖြစ်သည်။
Montreal မြို့တွင် ပြုလုပ်မည့် ကနေဒါ-တရုတ် စီးပွားရေး ဖိုရမ်နှင့် အခြား ယဉ်ကျေးမှုဆိုင်ရာ ပွဲများသို့ လီနှင့် ထရူးဒိုးတို့ တက်ရောက်ကြမည် ဖြစ်ကြောင်း သိရသည်။
ဝန်ကြီးချုပ် လီသည် ၇၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက်ပြီးနောက် ကနေဒါနိုင်ငံသို့ လာရောက်ခြင်း ဖြစ်ပြီး ကျူးဘားနိုင်ငံသို့ ဆက်လက် ထွက်ခွာမည် ဖြစ်သည်။
တရုတ်သည် ကနေဒါ၏ ဒုတိယ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်ပြီးနှစ်နိုင်ငံ ကုန်သွယ်မှုသည် ၂၀၁၅ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၆၇.၂ ဘီလီယံ ရှိကြောင်း ကနေဒါနိုင်ငံ စုစုပေါင်း ကုန်သွယ်မှု၏ ၈.၁ ရာခိုင်နှုန်း ရှိကြောင်း ကနေဒါနိုင်ငံ စာရင်းအင်း အချက်အလက်များအရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.