Connect with us

Politics, Law & Military

ကမ္ဘာ့ အကြီးဆုံး သင်္ဘောအတင်အချ ပြုလုပ်သည့် ဓာတ်လှေကားအား ၂၄ နာရီပတ်လုံး လည်ပတ်နိုင်ရန် စတင်

ယန်ဇီမြစ်ပေါ်ရှိ ကမ္ဘာ့ အကြီးဆုံး ရေအားလျှပ်စစ် စီမံကိန်း Three Georges ဆည်အား တွေ့ရစဉ် (ဆင်ဟွာ)

ရီချန်း၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ Three Georges ဆည်ရှိ သင်္ဘောအတင်အချ ပြုလုပ်သည့် ဓာတ်လှေကား (Shiplift) အား နှစ်လကြာ ပထမအဆင့် စမ်းသပ်မှု ပြုလုပ်ပြီးနောက် နိုဝင်ဘာလ ၁၈ ရက်က ၂၄ နာရီ စမ်းသပ်မှု စတင်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်္ဘောအတင်အချ ပြုလုပ်သည့်နေရာအား စက်တင်ဘာလက စတင်ကာ နေစဉ် နံနက် ၈း၀၀ နာရီမှ ညနေ ၅း၀၀ နာရီအထိ စမ်းသပ် အသုံးပြုခွင့် ပြုထားခဲ့ကြောင်း၊ ၂၄ နာရီ သွားလာနိုင်ရန်အတွက် စမ်းသပ်မှုအား Three Georges ဆည်၏ ရေမျက်နှာပြင် အမြင့် ၁၄၅ မီတာရောက်သည့်အချိန်အထိ ပြုလုပ်သွားမည် ဖြစ်ကြောင်း Three Georges ရေကြောင်း သွားလာမှု အာဏာပိုင်က ပြောသည်။ညဘက် လုပ်ငန်း လည်ပတ်ရန်အတွက်မူ လွန်ခဲ့သည့် သီတင်းပတ်က ပြုလုပ်ခဲ့ပြီး ဖြစ်သည်။အဆိုပါ သင်္ဘော အတင်အချ ပြုလုပ်သည့် ဓာတ်လှေကားအား တရုတ်နှင့် ဂျာမန် အဖွဲ့က ဒီဇိုင်းရေးဆွဲထားပြီး ကမ္ဘာပေါ်တွင် အကြီးဆုံးနှင့် ခေတ်မီဆုံး ဖြစ်ကြောင်း China Three Gorges Corp ထံမှ သိရသည်။

တရုတ်နိုင်ငံ၏ အရှည်ဆုံး ယန်ဇီမြစ်ပေါ်ရှိ ကမ္ဘာ့ အကြီးဆုံး ရေအားလျှပ်စစ် စီမံကိန်းအတွက် မူလရှိပြီးသား အဆင့် ငါးဆင့်ရှိသော သင်္ဘော အတင်အချ ပြုလုပ်ရန် ရေပြင်ညှိစနစ် အနီး၌ အဆိုပါ သင်္ဘော အတင်အချ ပြုလုပ်သည့် ဓာတ်လှေကားအား တပ်ဆင်ထားခြင်း ဖြစ်သည်။ စမ်းသပ်ခြင်း လုပ်ငန်းများမှာ နောက်ထပ် တစ်နှစ်ခန့် ကြာလိမ့်ဦးမည် ဖြစ်ကြောင်း သိရသည်။ဆည်အား ဖြတ်သန်းရန် အလေးချိန် အများဆုံးတန် ၃,၀၀၀ ရှိသော သင်္ဘောများအတွက် ဒေါင်လိုက် မတင်ပေးမည့် ဓာတ်လှေကားများက ကူညီပေးနိုင်လိမ့်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.