Connect with us

Politics, Law & Military

တရုတ်-ချီလီ နှစ်နိုင်ငံ ခေါင်းဆောင်တို့မှ တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာ မိတ်ဖက်ပူးပေါင်း ဆက်ဆံရေး တည်ထောင်ကြောင်း ပူးတွဲ ကြေညာစာတမ်း ထုတ်ပြန်

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ချီလီ နိုင်ငံ သမ္မတ Michelle Bachelet ရှေ့မှောက်၌ နှစ်နိုင်ငံ ကဏ္ဍအသီးသီး သဘောတူညီမှု လက်မှတ်များ ရေးထိုးနေသည်ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဆန်ဒီယာဂို ၊ နိုဝင်ဘာ ၂၃ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နိုဝင်ဘာ ၂၂ ရက်နေ့တွင် ဆန်ဒီယာဂို (San Diego) တွင် ချီလီ နိုင်ငံ သမ္မတ Michelle Bachelet နှင့် တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံ ခေါင်းဆောင်တို့မှ တရုတ်-ချီလီ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို ဖွံ့ဖြိုးတိုးတက်ရန်အတွက် နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာ မိတ်ဖက်ပူးပေါင်း ဆက်ဆံရေး တည်ထောင်ကြောင်း ပူးတွဲ ကြေညာစာတမ်း ထုတ်ပြန် ခဲ့ကြသည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က လက်တင်အမေရိက တွင် ကျော်ကြားသည့် စကားတစ်ခွန်းဖြစ်သည့် “စစ်မှန်သော မိတ်ဆွေသူငယ်ချင်း သည် ကမ္ဘာ့အစွန်းတစ်ဘက်မှ သင်၏ နှလုံးသား နှင့်ချိတ်ဆက်နိုင်တယ်”ဟူသည့် စကားရှိကြောင်း ၊ တရုတ် နိုင်ငံ နှင့် ချီလီ နိုင်ငံ တို့သည် ဤကဲ့သို့သော မိတ်ဆွေ သူငယ်ချင်း များဖြစ်ကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် မိုင်ပေါင်း သောင်းချီဝေးကွာနေသော်လည်း နှလုံးသားချင်း ချိတ်ဆက်ကာ တရုတ်-ချီလီ ဆက်ဆံရေး သမိုင်းတွင် “ပထမ” ပေါင်းများစွာကို ဖန်တီးနိုင်ခဲ့ကြောင်း ၊ နှစ်နိုင်ငံသည် အပြန်အလှန် ယုံကြည်မှု လွန်စွာမြင့်မားပြီး စီးပွားရေး တွင် နှစ်ဦးနှစ်ဘက် အကျိုးဖြစ်ထွန်စေကာ ဘက်စုံပူးပေါင်းဆောင်ရွက်မှုများသည်လည်း တစ်နေ့တစ်ခြား ပိုမိုနီးကပ် လာကြောင်း ၊ တရုတ်-ချီလီ နှစ်နိုင်ငံ ဆက်ဆံရေးသည် ရင့်ကျက်တည်ငြိမ်သည့် အဆင့်သို့ရောက်ရှိနေပြီဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် သမ္မတ ရှီကျင့်ဖိန် က တရုတ် နိုင်ငံ အနေဖြင့် ချီလီ နိုင်ငံ နှင့် ခေါင်းဆောင်ပိုင်း ဆက်ဆံရေး တိုးချဲ့ ဆောင်ရွက်သွားလိုပြီး နှစ်နိုင်ငံ လွတ်လပ်စွာ ကုန်သွယ်ရေး ဇုန်ကိုလည်း ပိုမို ပြည့်စုံကောင်းမွန်အောင် ဆောင်ရွက် သွားလိုကြောင်း ၊ ရင်းနှီးမြှုပ်နှံခြင်းပူးပေါင်းဆောင်ရွက်မှု တိုးချဲ့သွားပြီး နည်းပညာ တီထွင်ဆန်းသစ်မှု ကိုလည်း တိုးမြှင့်သွားလိုကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် တရုတ် လုပ်ငန်းရှင်များအား ချီလီ အခြေခံအဆောက်အအုံ ၊ အစိမ်းရောင်စွမ်းအင် နှင့် အခြားကဏ္ဍ များတွင် ပါဝင် ဆောင်ရွက်မှု များကို ထောက်ခံအားပေးသွားမည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း နှင့် ယဉ်ကျေးမှု ဖလှယ်ခြင်းတို့ကို တိုးချဲ့သွားပြီး နှစ်နိုင်ငံ ဘက်စုံ အဖွဲ့အစည်း နှင့် ဌာနဆိုင်ရာ တို့၏ ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်မှု ကိုလည်း မြှင့်တင် သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ချီလီ နိုင်ငံ သမ္မတ Michelle Bachelet က တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ ချီလီ နိုင်ငံ သို့လာရောက် လည်ပတ်ခြင်း သည် နှစ်နိုင်ငံ နိုင်ငံရေး ဆွေးနွေးမှု နှင့် စီးပွားရေး ချိတ်ဆက်မှု အတွက် များစွာ တိုးမြှင့် ပေးနိုင်မည် ဖြစ်ကြောင်း ၊ ချီလီ နိုင်ငံံ အနေဖြင့် နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာ မိတ်ဖက် ပူးပေါင်း ဆက်ဆံရေး ဖြင့် နှစ်နိုင်ငံ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု ကို ပိုမို နက်ရှိုင်းစေပြီး ပူးပေါင်းဆောင်ရွက်မှု အသစ်များကိုလည်း ဆောင်ရွက်သွားလိုကြောင်း ၊ ချီလီ-တရုတ် လွတ်လပ်စွာ ကုန်သွယ်မှု အဆင့်မြှင့်တင်ခြင်းသည် နှစ်နိုင်ငံ စီးပွားရေး နှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ကိုတိုးချဲ့ပေးနိုင်မည် ဖြစ်ကြောင်း ၊ ချီလီ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ မှ လုပ်ငန်းရှင်များအား ရင်းနှီးမြှုပ်နှံမှု လာရောက် ပြုလုပ်ရန် ဖိတ်ခေါ်ပြီး တရုတ် နိုင်ငံ မှ ဖော်ဆောင်သည့် အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ်(AIIB) ကိုလည်း အမြန်ဆုံး ဝင်လိုကြောင်း ၊ ချီလီ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် အနီးကပ် ပူးပေါင်းကာ အပြည်ပြည်ဆိုင်ရာ ကိစ္စရပ်များတွင် ညှိနှိုင်းပူးပေါင်းဆောင်ရွက် သွားလိုကြောင်း ပြောကြား ခဲ့သည်။

နှစ်နိုင်ငံ ခေါင်းဆောင်တို့မှ တရုတ်-ချီလီ ဆက်ဆံရေးအား ဘက်စုံ မဟာဗျူဟာ မိတ်ဆွေ ဆက်ဆံရေး သို့ တိုးမြှင့်ရန် သဘောတူညီ ခဲ့ကြပြီး နှစ်နိုင်ငံ ဆက်ဆံရေး ၏ သမိုင်းစာမျက်နှာသစ်ကို ဖော်ဆောင်နိုင်ခဲ့သည်။ နှစ်နိုင်ငံ အပြန်အလှန် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု အတွက် တွန်းအားပေးနိုင်ခဲ့ပြီး နှစ်နိုင်ငံ ပြည်သူလူထု ကိုလည်း ပိုမို အကျိုးဖြစ်ထွန်းစေမည် ဖြစ်သည်။ နှစ်နိုင်ငံ အနေဖြင့် ဘက်စုံ ၊ ကဏ္ဍစုံ နှင့် အဆင့်ဆင့် သော ဆက်ဆံမှု များကို တိုးမြှင့်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံ အနေဖြင့် မိမိ နိုင်ငံ အခြေအနေနှင့် ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်ရေး လမ်းစဉ် လျှောက်လှမ်းသည်ကို ထောက်ခံအားပေးသွားပြီး နှစ်နိုင်ငံ အကျိုးစီးပွား နှင့် သက်ဆိုင်သည့် အရေးကြီး ကိစ္စရပ်များတွင် အပြန်အလှန် ထောက်ခံသွားရန် သဘောတူညီ ခဲ့ကြသည်။

ထို့ပြင် နှစ်နိုင်ငံ အနေဖြင့် ၂၀၁၅ ခုနှစ်တွင် ချုပ်ဆိုခဲ့သည့် “တရုတ် ပြည်သူ့သမ္မတ နိုင်ငံ နှင့် ချီလီ နိုင်ငံ အစိုးရ အတူတကွ ဆောင်ရွက်ရေး အစီအစဉ်”စာချုပ် ဖြင့် ရေရှည်ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်သွားရန် နှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သည့် ကိစ္စရပ်များတွင် ကျင့်သုံးသွားရန်သဘောတူညီ ခဲ့သည်။ နှစ်နိုင်ငံ အနေဖြင့် မဟာဗျူဟာ ချိတ်ဆက်မှုများကို ဆော်ရွက်သွားပြီး ကဏ္ဍစုံ အပြန်အလှန် ဖြည့်စွက်မှု ဖြင့် နှစ်ဦးနှစ်ဘက် အကျိုးရရှိရန်ကို လည်းသဘောတူညီ ခဲ့သည်။ နှစ်နိုင်ငံ အနေဖြင့် ယဉ်ကျေးမှု ၊ ပညာရေး နှင့် သဘာဝဘေး ကာကွယ်တားဆီးရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု များ တိုးချဲ့ရေး နှင့် နှစ်နိုင်ငံ ခရီးသွားလာမှု တို့ကို တိုးချဲ့ရန်လည်း သဘောတူညီ ခဲ့ကြသည်။ နှစ်နိုင်ငံ မှ အပြည်ပြည်ဆိုင်ရာ ကိစ္စရပ် အသီးသီး တွင်အနီးကပ် ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ပြီး ကမ္ဘာ့ တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်သွားရန် သဘောတူညီ ခဲ့ကြသည်။

အစည်းအဝေး အပြီး တွင် နှစ်နိုင်ငံ ခေါင်းဆောင်တို့မှ စီးပွားရေး ၊ စိုက်ပျိုးရေး ၊ အရည်အသွေး စစ်ဆေးရေး ၊ ယဉ်ကျေးမှု ၊ ပညာရေး ၊ အီလက်ထရောနစ်စီးပွားရေး စနစ် (E-commerce) ၊ ဆက်သွယ်ရေး နှင့် ငွေကြေးဆိုင်ရာ စသည့် ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်မှု လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို တက်ရောက် ခဲ့ပြီး နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး တည်ဆောက်ခြင်းဆိုင်ရာ ပူးတွဲ ကြေညာ စာတမ်းကို ထုတ်ပြန် ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.