Politics, Law & Military
တရုတ်နိုင်ငံက ကာကွယ်ရေးအသုံးစရိတ်ကို ၇ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန်ရှိ

ပေကျင်း ၊ မတ် ၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် ၂ဝ၁၇ ခုနှစ်အတွင်း နိုင်ငံ၏ကာကွယ်ရေးအသုံးစရိတ်ကို ၇ ရာခိုင်းနှုန်းအထိ တိုးမြှင့်သွားရန် ရှိကြောင်း သိရသည်။
တရုတ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံအနေဖြင့် ၂၀၁၇ ခုနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ကို တရုတ်ယွမ်ငွေ ၁.၀၄၄ ထရီလီယံ ( အမေရိကန်ဒေါ်လာ ၁၅၁.၅ ဘီလီယံ) အထိ အသုံးပြုသွားရန် စီစဉ်ထားကြောင်း နှင့် ၎င်းမှာ စုစုပေါင်း ပြည်တွင်း ထုတ်လုပ်မှုတန်ဖိုး (GDP) ၏ ၁.၃ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။(Xinhua)