Connect with us

Politics, Law & Military

တရုတ်နိုင်ငံ က တံခါးဖွင့်ဝါဒကို ဆက်လက်ကျင့်သုံးသွားမည်ဟု သမ္မတရှီပြောကြား


ပေကျင်း၊ မတ် ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က တရုတ်နိုင်ငံသည် ဘက်ပေါင်းစုံ၌ ပွင့်လင်းမြင်သာမှုရှိသည့် မူဝါဒနှင့် အတူရှိနေမည်ဖြစ်ပြီး ဖြေလျှော့မှုများအား ဆက်လက်လုပ်ဆောင်သွားကာ ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှုများ လွယ်ကူချောမွေ့စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မတ် ၅ ရက်ကပြောကြားခဲ့သည်။

အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) နှစ်ပတ်လည်အစည်းအဝေး၌ ကိုယ်စားလှယ်များနှင့် စားပွဲဝိုင်းဆွေးနွေးပွဲပြုလုပ်စဉ် ရှီက ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ရှန်ဟိုင်းကိုယ်စားလှယ်အဖွဲ့က လက်ခံကျင်းပသော ဆွေးနွေးပွဲ၌ NPC အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ရှီက တရုတ်နိုင်ငံ သည် ဖွင့်ထားသော တံခါးများကို တစ်ဖန်ပိတ်သွားမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အတွင်းရေးမှူးချုပ် နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သည့် ရှီက ရှန်ဟိုင်းတာဝန်ရှိသူများအနေဖြင့် လွတ်လပ်စွာတွေးခေါ်ကြံဆသင့်ပြီး အတွေ့အကြုံသစ်များကို ရှာဖွေကာ နိုင်ငံ၏ အတုယူဖွယ်စံပြပုဂ္ဂိုလ်များဖြစ်အောင် ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။

အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) နှစ်ပတ်လည်အစည်းအဝေးပွဲ၏ စားပွဲဝိုင်းဆွေးနွေးပွဲ၌ တရုတ်သမ္မတရှီကျင့်ဖိန် မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ရှီက ပြုပြင်ပြောင်းလဲမှု နှင့် ပွင့်လင်းမြင်သာမှု တို့တွင် ရှေ့ဆောင်လမ်းပြဖြစ်သော ရှန်ဟိုင်း သည် လွတ်လပ်သော ကုန်သွယ်ရေးဇုန်(FTZ) ပြုပြင်ပြောင်းလဲမှုများအား လေးလေးနက်နက်လုပ်ဆောင်ရန်၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုများအား တိုးမြှင့်ဆောင်ရွက်ရန်၊ လူမှုနယ်ပယ်စီမံခန့်ခွဲမှုအား တိုးတက်အောင်ဆောင်ရွက်ရန်၊ ပါတီအား တိကျသော နည်းလမ်းများဖြင့် ကဏ္ဍပေါင်းစုံတွင် စီမံအုပ်ချုပ်ရန် တိုက်တွန်းပြောကြားခဲ့သည်။

ရှန်ဟိုင်းသည် ၂၀၁၃ခုနှစ်တွင် တရုတ်နိုင်ငံ၏ ပထမဆုံးရှေ့ပြေး လွတ်လပ်သောစီးပွားရေးဇုန် (FTZ) တည်ရှိရာ နေရာဖြစ်လာခဲ့ပြီး နိုင်ငံခြားစီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံနိုင်သည့် ကဏ္ဍများအားခွဲဝေ သတ်မှတ်ပေးသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံခန့်ခွဲရေးအတွက် စီးပွားရေးဆိုင်ရာ အမည်ပျက်စာရင်း အပါအဝင် စီးပွားရေးမူဝါဒသစ်များဆောင်ရွက်ရန် စမ်းသပ်သည့် နေရာတစ်ခုသဖွယ်ဖြစ်လာခဲ့ကြောင်း သိရသည်။

ရှီက ပိုးလမ်းမကြီးအစပျိုးမှုအား ဆောင်ရွက်ရန် နှင့် နိုင်ငံ၏စီးပွားရေးကို ပြည်ပနိုင်ငံများသို့ တိုးချဲ့ရာ၌ အကူအညီဖြစ်စေရန် ရှန်ဟိုင်းသည် လွတ်လပ်သောစီးပွားရေးဇုန် (FTZ) မှ ပွင့်လင်မြင်သာမှုရှိပြီး ဆန်းသစ်တီထွင်မှုရှိသော ဇုန်အဖြစ် ပြောင်းလဲရန် တိုက်တွန်းပြောကြားခဲ့သည်။

သမ္မတ က တီထွင်ဆန်းသစ်မှု သည် စီးပွားရေးဖွံဖြိုးတိုးတက်မှု အတွက် အဓိက သော့ချက်တစ်ခုဖြစ်သလို စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအတွက်လည်းအရေးကြီးကြောင်း၊ အခြေခံသိပ္ပံပညာ နှင့် အဓိကနည်းပညာရပ်များ၏ ရှာဖွေတွေ့ရှိမှုများအား အဆင့်မြှင့်တင်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ရှန်ဟိုင်းမြို့စီမံခန့်ခွဲရေးနှင့် ပတ်သက်၍ သမ္မတရှီက ရှန်ဟိုင်းသည် သန့်ရှင်းလုံခြုံစိတ်ချရပြီး စနစ်ကျသည့် နိုင်ငံတကာမြို့တစ်မြို့ဖြစ်လာစေရန် စမတ်နည်းပညာသုံး မြို့စီမံခန့်ခွဲရေးတွင် အင်တာနက်နှင့် သတင်းအချက်အလက်များအား ပိုမို ရယူသုံးစွဲသင့်ကြောင့် ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.