Politics, Law & Military
တရုတ်နိုင်ငံတော် ကောင်စီဝင် လာအိုနိုင်ငံသို့ သွားရောက်မည်

ပေကျင်း၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် လာအိုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith ၏ ဖိတ်ကြားချက်ဖြင့် ဒီဇင်ဘာလ ၁၆ ရက်နှင့် ၁၇ ရက်အတွင်း လာအိုနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လုခန်းက ဒီဇင်ဘာလ ၁၄ ရက်တွင် ပြောကြားလိုက်သည်။
ဝမ်သည် လာအိုနိုင်ငံ ခရီးစဉ်အတွင်း စတုတ္ထအကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ကာ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်မည် ဖြစ်ကြောင်း လုက ပြောခဲ့သည်။ (Xinhua)