Connect with us

Politics, Law & Military

နန်ကျင်းအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု အမှန်တရားကို အဆက်မပြတ်ဖော်ထုတ်သွားမည့် ဂျပန်အငြိမ်းစား ကျောင်းဆရာမတစ်ဦး နှင့် တစ်ခဏတာ

ဂျပန်အငြိမ်းစား ကျောင်းဆရာမ တာမာကီ မာဆုအိုကာ အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တိုကျို၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)

“နန်ကျင်းအစုလိုက်အပြုံလိုက် အသတ်ခံရမှုနဲ့ ပတ်သက်တဲ့ သမိုင်းကြောင်း အမှန်တရားတွေ ဖော်ထုတ်တာကို ဘယ်တော့မှ ရပ်တန့်သွားမှာမဟုတ်ပါဘူး” ဟု ၁၉၃၇ခုနှစ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု နှင့် ပတ်သက်သည့် အမှတ်ရစရာများကို နှစ် ၃၀ကြာ ဖြတ်သန်းမှတ်တမ်းတင် လာခဲ့သည့် ဂျပန်နိုင်ငံမှ မူလတန်းကျောင်းဆရာမ တာမာကီ မာဆုအိုကာ က မကြာသေးမီကပြုလုပ်သော တွေ့ဆုံဆွေးနွေးခန်းတစ်ခု ၌ ဆင်ဟွာသို့ပြောကြားခဲ့သည်။

လွန်ခဲ့သည့် ၈၁နှစ်က တရုတ်နိုင်ငံသို့ ကျူးကျော်ဝင်ရောက်လာသော ဂျပန်စစ်တပ်များသည် ထိုစဉ်က တရုတ်နိုင်ငံမြို့တော်ဖြစ်သည့် နန်ကျင်းမြို့ကို ၁၉၃၇ခုနှစ် ဒီဇင်ဘာ ၁၃ ရက်တွင် သိမ်းပိုက်လိုက်သည့်အပြင် တရုတ်ပြည်သူ နှင့် လက်နက်မဲ့စစ်သား ၃၀၀,၀၀၀ ခန့်ကို ရက်စက်စွာ သတ်ဖြတ်ခဲ့သည်။

နန်ကျင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုသည် ဂျပန်တို့ တရုတ်နိုင်ငံအား ကျူးကျော်စစ်ဆင်နွှဲစဉ် ၎င်းတို့ ကျူးလွန်ခဲ့သော အဆိုးရွားဆုံးရာဇဝတ်မှုများအနက် တစ်ခုဖြစ်ပြီး တရုတ်နိုင်ငံသားများအပေါ် ကြီးမားသည့် ဆင်းရဲဒုက္ခများ ဖြစ်ပေါ်စေခဲ့သည်။

မာဆုအိုကာ သည် ယခင်က အိုဆာကာမြို့ ရှိ မူလတန်းကျောင်းတစ်ခုတွင် သမိုင်းဘာသာရပ်ကို သင်ကြားပေးခဲ့သူဖြစ်သည်။ ၎င်းသည် တရုတ်နိုင်ငံအပေါ် ကျူးကျော်စစ်များ၏ မထင်ရှားသော စိတ်မကောင်းစရာ ဖြစ်ရပ်များ အကြောင်းရေးသားထားသည့် သမိုင်းသင်ရိုးစာအုပ်များကို ဖတ်ရှုပြီးနောက် အမှန်တရားကို ရှာဖွေရန် ၁၉၈၈ခုနှစ်တွင် တရုတ်နိုင်ငံ နန်ကျင်းမြို့သို့သွားရောက်ရန် ဆုံးဖြတ်ခဲ့သည်။

မာဆုအိုကာသည် နန်ကျင်းတွင် ဂျပန်စစ်တပ်က ကျူးလွန်ခဲ့သည့် ခေါင်းဖြတ်သတ်ဖြတ်မှုများ၊ အဓမ္မကျင့်မှုများ အပါအဝင် ရက်စက်ကြမ်းကြုတ်မှုများကို သက်သေသာဓကများဖြင့် ဖော်ပြထားသည့် ပြခန်းအား ဘဝတွင် ပထမဆုံးအကြိမ်မြင်တွေ့လိုက်ရစဉ် နာကျင်ခံစားရမှု နှင့် အရှက်တရားကြောင့် ကျလာသည့် မျက်ရည်များကို ချုပ်တည်းထားနိုင်စွမ်းမရှိခဲ့ပါ။

မာဆုအိုကာ က “ဂျပန်ပြန်ရောက်တဲ့အချိန် ကျောင်းသားအားလုံးကို ယခင်က တကယ်ဖြစ်ပျက်ခဲ့တာတွေကို အမှန်အတိုင်း ပြန်ပြောပြရမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကို အဲ့အချိန်မှာ ချလိုက်ပါတယ်” ဟုပြောကြားခဲ့သည်။

နှစ် ၃၀ အတွင်း မာဆုအိုကာ သည် စစ်ပွဲမှ အသက်ရှင်ကျန်ရစ်သူများ၊ ဒုတိယကမ္ဘာစစ် စစ်မှုထမ်းဟောင်းများကို တွေ့ဆုံမေးမြန်းခြင်းဖြင့် ရရှိလာသော သက်သေအထောက်အထားများကို အခြေခံ၍ သမိုင်းအမှန်ကို ဖော်ထုတ်ရန် စာအုပ်များရေးသားခြင်း နှင့် မှတ်တမ်းရုပ်ရှင်များ ထုတ်လုပ်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။

စစ်ပွဲပြီးဆုံးသွားစဉ်ကတည်းက ဂျပန်နိုင်ငံသည် စစ်၏ သမိုင်းကြောင်းအမှန်ကို ငြင်းပယ်ဖုံးကွယ်ရန် ကြိုးစားနေဆဲဖြစ်ပြီး အချို့သော သမိုင်းလေ့လာသူများကပင် နန်ကျင်းအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုသည် မည်သည့်အခါကမျှ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း ငြင်းဆန်နေဆဲဖြစ်သည်။

၎င်းက “ ခက်ခဲစွာရရှိခဲ့တဲ့ ငြိမ်းချမ်းရေးရဲ့ အဖိုးတန်မှု နှင့် နောက်ထပ်စစ်ပွဲများ ထပ်မံမဖြစ်ပွားအောင် ဂျပန်လူမျိုးတွေ နဲ့ အနာဂတ်မျိုးဆက်သစ်တွေကို နန်ကျင်းအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်တဲ့ သမိုင်းအမှန်တရားကို ဖော်ထုတ်လက်ဆင့်ကမ်းပေးရမှာဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်။

အချို့သော အသက်ရှင်ကျန်ရစ်သူများ နှင့် စစ်ပွဲအား မျက်မြင်ကြုံတွေ့ခဲ့ရသူများ သည် တဖြည်းဖြည်းနည်းပါးလာပြီဖြစ်၍ မာဆုအိုကာအနေဖြင့် အချိန်လု၍ လုပ်ဆောင်နေရသကဲ့သို့ ခံစားနေရသည်။ သမိုင်းဝင် အမှတ်တရများကို ထိန်းသိမ်းရန် အရေးပါပြီး ထိရောက်သည့် နည်းလမ်းတစ်ခုမှာ စစ်ဘေးဒဏ်ခံရသူများ၏ သက်သေခံချက်များကို မှတ်တမ်းတင်ပြီး ယင်းတို့ကို စာအုပ်များ၊ ရုပ်ရှင်များအဖြစ် ပြောင်းလဲခြင်းဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

မကြာသေးမီနှစ်များအတွင်း မာဆုအိုကာ နှင့် ၎င်းတည်ထောင်ထားသော မိုင်ရှင်းကိုင် အမည်ရှိ အဖွဲ့အစည်းတစ်ခု သည် စစ်နှင့် ပတ်သက်သည့် အမှန်တရားအား လက်ဆင့်ကမ်းသွားရန် ဂျပန်နိုင်ငံရှိ အခြား အဖွဲ့အစည်းများ နှင့် ပူးပေါင်းကာ သက်သေအထောက်အထားစုဆောင်းရေး တွေ့ဆုံပွဲများ နှင့် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။

မာဆုအိုကာ က “စစ်ပွဲပြီးဆုံးသွားပြီး နှစ်ပေါင်း ၇၀ကျော်အကြာကုန်ဆုံးသွားပေမယ့် ဂျပန်လူ့အသိုင်းအဝိုင်း ဟာ စစ်နှင့် ပတ်သက်တဲ့ သမိုင်းအမှန်ကို ဝန်ခံဖို့တွန့်ဆုတ်နေသေးပါတယ်။ ယင်းအခြေအနေများအောက်မှာ အမှန်တရားကို လက်ဆင့်ကမ်းဖော်ထုတ်ဖို့အတွက် ဖြစ်နိုင်တဲ့နည်းလမ်းမျိုးစုံသုံးဖို့ လိုအပ်ပါတယ်” ဟုပြောကြားခဲ့သည်။

၎င်းသည် နန်ကျင်းမြို့သို့ သွားရောက်လည်ပတ်ပြီး တရုတ်ပညာတတ်များ နှင့် တရုတ်ပြည်သူများ အပါအဝင် ၁၉၃၇ခုနှစ် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုမှ အသက်ရှင်ကျန်ရစ်သူများ နှင့် တွေ့ဆုံနိုင်ရန် ဂျပန်နိုင်ငံသားများကို စုစည်းပေးနေကြောင်းသိရသည်။

၎င်း၏ ပြောကြားချက်အရ အလားတူ လှုပ်ရှားမှုများသို့ ဂျပန်နိုင်ငံသား ၈၀၀ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

မာဆုအိုကာ က “သမိုင်းကြောင်းကို အပြည့်အဝ အသိအမှတ်ပြုပြီး ရောင်ပြန်ဟပ်စေခြင်းဖြင့်သာ ဂျပန်နိုင်ငံဟာ အိမ်နီးချင်းနိုင်ငံများနဲ့ ဂျပန်တို့ရဲ့ကျူးကျော်စစ်ဒဏ်ကို ခံခဲ့ရသူတွေရဲ့ လေးစားမှုကို ပြန်လည်ရရှိပါလိမ့်မယ်” ဟုပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.