Politics, Law & Military
တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က ဆွစ်ဇာလန် ဖက်ဒရယ် ကောင်စီ၏ ဧည့်ခံ ကြိုဆိုပွဲ သို့ တက်ရောက် မိန့်ခွန်းပြောကြား
ဘန်း ၊ ဇန်ဝါရီ ၁၆ ရက် (ဆင်ဟွာ)
တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ဆွစ်ဇာလန် နိုင်ငံ ဗန်းမြို့တွင် ကျင်းပ သည့် ဆွစ်ဇာလန် ဖက်ဒရယ် ကောင်စီ၏ ဧည်ခံ ကြိုဆိုပွဲ သို့ တက်ရောက် မိန့်ခွန်းပြောကြား ခဲ့သည်။
တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဇနီး ဖိန်လိယွမ် တို့က ဒေသစံတော်ချိန် ၁၅ နာရီ ၂၀ မိနစ် ချိန်တွင် ကြိုဆို ဧည့်ခံပွဲ ပြုလုပ်ရာ အဆောက်အအုံ တို့ရောက်ရှိခဲ့ကြရာ ဆွစ်ဇာလန် နိုင်ငံ သမ္မတ Doris Leuthard နှင့် ခင်ပွန်း တို့က ကားရပ်နားရာ နေရာတွင် လာရောက်ကြိုဆို ခဲ့ပြီး ကျန်ရှိသည့် ကောင်စီ အဖွဲ့ဝင် ၆ ဦးကလည်း ကြိုဆိုပွဲ ကျင်းပရာ ဒုတိယ ထပ်တွင် ကြိုဆိုခဲ့ကြသည်။
တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား ဆွစ်ဇာလန် ဖက်ဒရယ် ကောင်စီ အဖွဲ့ဝင် တို့မှ ကြိုဆိုစဉ်(ဆင်ဟွာ)
တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က ဆွစ်ဇာလန် ဖက်ဒရယ် ကောင်စီ၏ ဧည့်ခံ ကြိုဆိုပွဲတွင် မိန့်ခွန်း ပြောကြားနေစဉ်(ဆင်ဟွာ)
အခမ်းအနားတွင် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က ဆွစ်ဇာလန် နိုင်ငံ သမ္မတ နှင့် ကောင်စီအဖွဲ့ဝင်များ အနေဖြင့် လာရောက်လည်ပတ်သည့် တရုတ် နိုင်ငံ ကိုယ်စားလှယ် အဖွဲ့အပေါ် ချစ်ကြည်ရင်းနှီးစွာ ဧည်ခံ ကြိုဆိုခဲ့ခြင်းသည် ဆွစ်ဇာလန် နိုင်ငံ ပြည်သူလူထု တို့မှ တရုတ် နိုင်ငံ ပြည်သူလူထု အပေါ်ထားရှိသည့် နက်ရှိုင်းသည့် ချစ်ကြည်ရေး နှင့် ဆွစ်ဇာလန် နိုင်ငံ အစိုးရ ၏ တရုတ် နိုင်ငံ နှင့် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် အလေးထားခြင်း ကို ပေါ်လွင်စေခဲ့ကြောင်း ၊ ထို့အတွက်ကြောင့် မိမိ အနေဖြင့် လွန်စွာ ချီးမွမ်းကျေးဇူးတင်ကြောင်း ၊ တရုတ်-ဆွစ်ဇာလန် နှစ်နိုင်ငံ သည် ပထဝီ အနေအထားရ ဝေးကွာသော်လည်း နှစ်နိုင်ငံ ပြည်သူလူထု အကြားချစ်ကြည်ဆက်ဆံရေး သည် ကာလရှည်ကြာစွာ တည်ရှိခဲ့ကြောင်း ၊ နှစ်နိုင်ငံ ပြည်သူလူထု အနေဖြင့် အပြန်အလှန် ချစ်ခင်ကြပြီး တရုတ် နိုင်ငံ ၏ ရှည်လျားသည့် သမိုင်းကြောင်း ကို ဆွစ်ဇာလန် နိုင်ငံသားများက နှစ်သက်ကြပြီး တရုတ်နိုင်ငံသား များကလည်း ဆွစ်ဇာလန် နိုင်ငံ၏ ထူးခြားသည့် ဆွဲဆောင်မှုကြောင့် နှစ်စဉ် ဆွစ်ဇာလန် နိုင်ငံ သို့ သွားရောက် လည်ပတ်ခဲ့ကြောင်း ပြောကြား ခဲ့သည်။
ထို့နောက်တွင် သမ္မတ ရှီကျင့်ဖိန် က ယခုအကြိမ် လည်ပတ်ရေး ခရီးစဉ် သည် နှစ်နိုင်ငံချစ်ကြည်ရေး ပိုမို ခိုင်မြဲရန် ၊ ပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးရန် ၊ အတူတကွ ငြိမ်ချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ကို ညှိနှိုင်းဆောင်ရွက်ရန် လာရောက်ခြင်း ဖြစ်ကြောင်း ၊ ဆွစ်ဇာလန် နိုင်ငံ နှင့် ကဏ္ဍစုံ လက်တွေ့ပူးပေါင်း ဆောင်ရွက်မှု များကို အတူတကွ လေ့လာသွားမည်ဖြစ်ပြီး တရုတ်-ဆွစ်ဇာလန် နှစ်နိုင်ငံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုသစ် အတွက် အားဖြည့်သွားမည် ဖြစ်ကြောင်း ၊ ကမ္ဘာ့စီးပွားရေး ဖိုရမ် တက်ရောက်ခြင်း နှင့် ဆွစ်ဇာလန် နိုင်ငံ ရှိ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများကို သွားရောက် လည်ပတ်ခြင်းဖြင့် လက်ရှိ ကမ္ဘာ့ငြိမ်းချမ်းရေး ၊ အတူတကွဖွံ့ဖြိုးတိုးတက်ရေး ၊ ကမ္ဘာ့အရေးကြီး ကိစ္စရပ်များ ဖြေရှင်းရေး တို့ကို အဘက်ဘက်မှ သဘောထား အမြင်များကို စုစည်းကာ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်း အတွက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ဆွစ်ဇာလန် နိုင်ငံ သမ္မတ Doris Leuthard က ဆွစ်ဇာလန် နိုင်ငံ သည် တရုတ် နိုင်ငံ ၏ ယုံကြည်ရသော မိတ်ဆွေ နိုင်ငံ ဖြစ်ကြောင်း ၊ ၁၉၅၀ ခုနှစ်တွင် သံတမန် ဆက်ဆံရေး ထူထောင်ပြီး နောက်တွင် နှစ်နိုင်ငံ ဆက်ဆံရေး အဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ခဲ့ပြီး အားအင်များဖြင့် ပြည့်ဝနေကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် ၂၀၁၆ ခုနှစ်တွင် မိတ်ဘက် မဟာဗျူဟာ ဆက်ဆံရေးအသစ် တည်ထောင်နိုင်ခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး၏ သမိုင်း စာမျက်နှာသစ်ကို ရေးထိုးနိုင်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ ဆွစ်ဇာလန် နိုင်ငံ သို့လာရောက်လည်ပတ်ခြင်းသည် ဆွစ်ဇာလန်-တရုတ် ဆက်ဆံရေး ပိုမို နက်ရှိုင်းစွာ ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေး နိုင်မည် ဖြစ်ကြောင်း ၊ ဆွစ်ဇာလန် နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် အတူတကွ ခေတ်သစ်ပိုးလမ်းမကြီး ( One Belt One Road ) တည်ဆောက်မှု ကို တွန်းအားပေးသွားမည် ဖြစ်ပြီး ပညာရေး ၊ လူမှုရေး ၊ ခရီးသွား ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် ရေအရင်းအမြစ် စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ ကုလသမဂ္ဂ စသည့် အဖွဲ့အစည်းများတွင် ပိုမို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ဆွစ်ဇာလန် နိုင်ငံ သမ္မတ Doris Leuthard မကြာမီအချိန်တွင် ရောက်ရှိတော့မည့် တရုတ် နိုင်ငံ ၏ ရိုးရာ နှစ်သစ်ကူး အတွက် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် တရုတ် နိုင်ငံ ပြည်သူလူထု တို့အတွက် ဆုမွန်တောင်း စကားပြောကြားခဲ့သည်။(Xinhua)