Connect with us

Politics, Law & Military

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှု ကိစ္စရပ် ဆိုင်ရာ ခေါင်းဆောင်များ၏ အလုပ်သဘော နေ့လည်စာ ဧည့်ခံ ဆွေးနွေးပွဲ ကိုတက်ရောက်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိနှ် ကုလသမဂ္ဂ ရုံးချုပ် ထံသို့ လက်ဆောင် ပစ္စည်း ပေးအပ်ပွဲ အခမ်းအနားတွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း နှင့် လက်ဆွဲ နှုတ်ဆက်စဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ ၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် စက်တင်ဘာ ၂၇ ရက်နေ့က အမေရိကန် နိုင်ငံ နယူးယောက်မြို့ ရှိ ကုလသမဂ္ဂ ရုံးချုပ်တွင် ပြုလုပ်သည့် ရာသီဥတု ပြောင်းလဲမှု ကိစ္စရပ် ဆိုင်ရာ ခေါင်းဆောင်များ၏ အလုပ်သဘော နေ့လည်စာ ဧည့်ခံ ဆွေးနွေးပွဲ ကို တက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲ ကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူချုပ် ဘန်ကီမွန်း ၊ ၂၀၁၄ ခုနှစ် ရာသီဥတု ပြောင်းလဲမှု အစည်းအဝေး ကျင်းပ ခဲ့သည့် ပီရူး နိုင်ငံ သမ္မတ Ollanta Humala ၊ ၂၀၁၅ ခုနှစ် ရာသီဥတု ပြောင်းလဲမှု အစည်းအဝေး ကျင်းပ သည့် ပြင်သစ် နိုင်ငံ သမ္မတ François Hollande နှင့် နိုင်ငံပေါင်း ၃၀ ကျော်မှ ခေါင်းဆောင်များ နှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း ကိုယ်စားလှယ်များက တက်ရောက် ခဲ့ကြသည်။

ဆွေးနွေးပွဲ တွင် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မှ ယခုနှစ်ကုန်ပိုင်း တွင် ပြင်သစ် နိုင်ငံ ပဲရစ်တွင် ကျင်းပ မည့် ရာသီဥတု ပြောင်းလဲမှု အစည်းအဝေး တွင် ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ စည်းစနစ် သစ်များ ချမှတ်မည် ဖြစ်သောကြောင့် အပြည်ပြည်ဆိုင်ရာ အသိုက်အဝန်း အတွက် စိမ်းလန်းမှု ဆိုင်ရာ ကာဗွန် လျှော့ချမှု တိုးတက်ရေး လမ်းစဉ် အတွက် လမ်းပြ သဖွယ် ဖြစ်လာမည် ဖြစ်ကြောင်း ၊ နိုင်ငံ တကာမှ လက်တွေ့ကျသော ဆောင်ရွက်မှု များဖြင့် ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ သဘောတူညီမှု စာချုပ်ပါ အချက်အလက် များကို လိုက်နာ သွားရမည် ဖြစ်ကြောင်း ၊ ဖွံဖြိုးပြီး နိုင်ငံများ၏ အရင်းအနှီး နှင့် နည်းပညာ ပိုင်းဆိုင်ရာ ထောက်ပံ့မှု ကို အကောင်အထည် ဖော်ဆောင်ရွက်သွားကြပြီး ၂၀၂၀ ခုနှစ်တွင် နှစ်စဉ် အမေရိကန် ဒေါ်လာ ၁၀၀ ဘီလီယံ ထောက်ပံ့မှု များပြုလုပ်ကာ ဖွံဖြိုးဆဲ နိုင်ငံများနှင့် ရာသီဥတု ပြောင်းလဲရေး ဆိုင်ရာ မိတ်ဆွေ ပုံစံ နည်းပညာ ထောက်ပံ့မှုများ ပြုလုပ်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ရှီကျင့်ဖိန် မှ တရုတ် နိုင်ငံ သည် ရာသီဥတု ပြောင်လဲမှု နှင့် ပတ်သက်၍ အစဉ်အမြဲ တာဝန်ယူ ဆောင်ရွက်သည့် ပုံစံ ဖြင့် တက်ကြွစွာ ဆောင်ရွက် ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အစိုးရ မှလည်း ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ မူဝါဒ များကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ တွင် ထည်းသွင်း ထားပြီး ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ တွင် ၂၀၁၅ ခုနှစ် ၌ ပြည်တွင်း ကုန်ထုတ် လုပ်ငန်း များမှ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လုပ်မှု ကို ၃၃.၈ ရာခိုင်နှုန်း လျှော့ချ နိုင်ခဲ့ကြောင်း ၊ ၂၀၂၀ ခုနှစ် တွင် ကာဗွန် ထုတ်လုပ်မှု ကို ၄၀ မှ ၄၅ ရာခိုင်နှုန်း အထိ လျှော့ချ သွားမည် ဖြစ်ကြောင်း ၊ ပြီးခဲ့သော ၂ ရက်က လည်း တရုတ်-အမေရိကန် နှစ်နိုင်ငံ မှ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ပူတွဲ ကြေညာ စာတမ်း အား ထုတ်ပြန် ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ကမ္ဘာ့တောင်ပိုင်း နိုင်ငံ များဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး ဖေါင်ဒေးရှင်း အမြန်ဆုံး ထူထောင်နိုင်ရန် တွန်းအား ပေးသွားမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ မှ ကမ္ဘာ့ နိုင်ငံ အသီးသီး နှင့် ပူးပေါင်း၍ ရာသီဥတု ပြောင်းလဲမှု ကို ရင်ဆိုင်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချူပ် ဘန်ကီမွန်း မှ ရာသီဥတု ပြောင်းလဲမှု ပြဿနာ သည် ကမ္ဘာလုံး ဆိုင်ရာ ဆက်လက်ဖွံ့ဖြိုးတိုးတက် နိုင်ရေး အတွက် အလွန်အရေးပါကြောင်း ၊ ယခု နေ့လည်စာ ဧည့်ခံ ဆွေးနွေးပွဲ မှ တစ်ဆင့် ပဲရစ် အစည်းအဝေး တွင် အလုံးစုံ လက်ခံ နိုင်သည့် သဘောတူညီမှု ရရှိရန် အတွက် တွန်းအား တစ်ရပ် ဖြစ်စေရန် မျှော်လင့်ပြီး သဘောတူညီမှု စာချုပ် ဆွေးနွေးမှု လုပ်ငန်းစဉ် ကိုလည်း အရှိန်မြှင့်တင် ဆောင်ရွက် သွားရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)