Connect with us

Politics, Law & Military

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် အမေရိကန် သမ္မတ အိုဘားမား တို့မှ တွေ့ဆုံးဆွေးနွေးပွဲ ပြုလုပ်ခဲ့ရာ တွင် အရေးပါသည့် သဘောတူညီမှု နှင့် အောင်မြင်မှု များစွာရရှိ

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် အမေရိကန် သမ္မတ အိုဘားမား တို့မှ စက်တင်ဘာ ၂၅ ရက်နေ့က ဝါရှင်တန် မြို့တွင် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ် နေစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ စက်တင်ဘာ ၂၆ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် အမေရိကန် သမ္မတ အိုဘားမား တို့သည် စက်တင်ဘာ ၂၅ ရက်နေ့က ဝါရှင်တန် မြို့တွင် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြပြီး တရုတ် နိုင်ငံ တော် သမ္မတ ရှီကျင့်ဖိန် မှ တရုတ်-အမေရိကန် ဆက်ဆံရေး တိုးမြင့် နိုင်ငံရေး အတွက် အရေးကြီး သော အကြံပြုချက် များပြောကြား ခဲ့ပြီး နှစ်နိုင်ငံ မှ တရုတ်-အမေရိကန် နိုင်ငံကြီး ပုံစံသစ် ဆက်ဆံရေး တည်ထောင်ရန် ဆက်လျက်ကြိုးပမ်း ဆောင်ရွက် သွားရန် သဘောတူညီမှု များရရှိခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မှ တရုတ်-အမေရိကန် ဆက်ဆံရေး သည် ကမ္ဘာ့ပေါ်တွင် အရေးကြီးဆုံးသော နှစ်နိုင်ငံ အပြန်အလှန် ဆက်ဆံရေး တစ်ခု အပါအဝင် ဖြစ်ကြောင်း ၊ သံတမန် ဆက်ဆံရေး ထူထောင် သည့် ၃၆ နှစ် တာ ကာလ အတွင်း တရုတ်-အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေး သည် အခက်အခဲ များစွာကြုံတွေ့ ခဲ့ရသော်လည်း တိုးတက်မှု များရရှိပြီး သမိုင်းတွင် စေသည့် အောင်မြင်မှု များရရှိခဲ့ကြောင်း ၊ ၂၀၁၃ ခုနှစ် ဇွန်လ ပိုင်းတွင် အမေရိကန် သမ္မတ အိုဘားမား နှင့် တွေ့ဆုံ ခဲ့ရာတွင် တရုတ်-အမေရိကန် နိုင်ငံကြီး ဆက်ဆံရေး ပုံစံသစ် တည်ဆောက်ရန် ကို သဘောတူညီမှု များ ရရှိခဲ့ကြောင်း ၊ ၂ နှစ်တာ ကာလ အတွင်း တရုတ်-အမေရိကန် ဆက်ဆံရေး သည် အဆက်မပြတ် တိုးတက်မှု များရရှိခဲ့ပြီး နှစ်နိုင်ငံ ပြည်သူလူထု ကို အကျိုး ဖြစ်ထွန်း စေခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ နှင့် အတူတကွ ထိပ်တိုက် ရင်ဆိုင်မှု များ မဖြစ်ပွားစေရေး ၊ အပြန်အလှန် လေးစားကာ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်ရေး ၊ နှစ်နိုင်ငံ ဒေသတွင်း နှင့် အပြည်ပြည်ဆိုင်ရာ ကိစ္စ ရပ်များတွင် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ နိုင်ရေး ၊ အပြုသဘော ဆောင်သည့် ဆောင်ရွက်မှု များဖြင့် သဘောထားကွဲလွှဲမှု များနှင့် အထိခိုက်မခံ သည့် ကိစ္စရပ်များ ကို ထိန်းချုပ်သွားရန် ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မှ တရုတ်-အမေရိကန် ဆက်ဆံရေး တိုးမြင့်နိုင်ရန် အောက်ပါ အချက် (၆) ချက်ကို အကြံပြုခဲ့သည်။(၁) နှစ်နိုင်ငံ ထိပ်တန်း အရာရှိများ နှင့် အဆင့်ဆင့် သော အစိုးရ အဖွဲ့တို့မှ အနီးကပ် ပူူးပေါင်းဆောင်ရွက်မှု များပြုလုပ်၍ တရုတ်-အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြင့် နိုင်ရေး အတွက် နှစ်နိုင်ငံ ထိပ်တန်း အရာရှိများ တွေ့ဆုံဆွေးနွေးမှု များမှ တစ်ဆင့် တွန်းအား ပေးဆောင်ရွက် သွားရမည် ဖြစ်ကြောင်း ၊ (၂) နှစ်နိုင်ငံ ကုန်သွယ်ရေး ၊ စစ်ရေး ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ၊ တရားဥပဒေ စိုးမိုးရေး ၊ စွမ်းအင် အရင်းအမြစ် ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ရေး ၊ အခြေခံအဆောက်အဦး တည်ဆောက်ရေး စသည့် ကဏ္ဍ များတွင် ပူးပေါင်းဆောင်ရွက်မှု များတိုးချဲ့ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ၊ (၃) ယာဉ်ကျေးမှု ဖလှယ်ခြင်း ဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး နှင့် လူမှုဘဝ ကို အထောက်အကူ ပြုနိုင်ရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ (၄) နှစ်နိုင်ငံ ရိုးရာ အစဉ်အလာ ၊ လူနေမှု သဘာဝ ၊ တိုးတက်ရေး လမ်းစဉ် ၊ တိုးတက်မှု အခြေအနေ တို့အပေါ် အပြန်အလှန် လေးစားမှု ထားရှိ၍ အတူတကွ တိုးတက်ရေး ဖြစ်စေရန် တွန်းအား ပေးရမည် ဖြစ်ကြောင်း ၊(၅) အာရှ-ပစိဖိတ် ဒေသ တွင်း ကိစ္စ ရများတွင် ဆက်လျက်၍ ပူးပေါင်းဆွေးနွေး ဆောင်ရွက်မှု များတိုးချဲ သွားရမည် ဖြစ်ကြောင်း ၊ (၆) ဒေသတွင်း နှင့် အပြည်ပြည် ဆိုင်ရာ ကိစ္စ ရပ်များတွင် ဖြစ်ပွား လာသည့် မျိုးစုံ သော စိန်ခေါ်မှု များကို ဖြေရှင်းသွားကာ တရုတ်-အမေရိကန် မဟာဗျူဟာ ပူးပေါင်းမှု ကို ပိုမို ပြည့်စုံအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် သမ္မတ အိုဘားမား မှ အမေရိကန်-တရုတ် နှစ်နိုင်ငံ သည် ကိစ္စရပ် ပေါင်းများစွာ တွင် တူညီသည့် အကျိုးရရှိခဲ့ကြောင်း ၊ ကဏ္ဍပေါင်းများစွာ တွင်လည်း ပူးပေါင်းဆောင်ရွက်မှု မှ တစ်ဆင့် အောင်မြင်မှု များရရှိခဲ့ကြောင်း ၊ အမေရိကန် နိုင်ငံ အနေဖြင့် အီရန် နျူကလီးယား ဘက်စုံ သဘောတူညီမှု ရရှိရန် ဆောင်ရွက်မှု ၊ မြောက်ကိုးရီးယား ကျွန်းစွယ် နျူးလက်နက် မတည်ရှိရေး ၊ အာဖဂန်နစ္စတန် နိုင်ငံ ပြန်လည် ထူထောင်ရေး စသည့် လုပ်ငန်ဆောင်ရွက်မှုများတွင် တရုတ် နိုင်ငံ ၏ အရေးပါသည့် ဆောင်ရွက်မှု များကို ကျေးဇူးတင်ရှိကြောင်း ၊ ဤ ကိစ္စရပ်များ နှင့် ပတ်သက်၍ တရုတ် နိုင်ငံ နှင့် ဆက်လျက် အနီးကပ် ပူးပေါင်း ဆောင်ရွက်သွားလိုကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် ရာသီဥတု ပြောင်းလဲရေး ၊ ကျန်းမာရေး ၊ သဘာဝ တောရိုင်း တိရိစ္ဆာန် မောင်ခိုမှု တိုက်ဖျက်ရေး တို့တွင် ပိုမို ပူးပေါင်း ဆောင်ရွက်သွား ရရန် လိုအပ်ကြောင်း ပြောကြား ခဲ့သည်။

ရှီကျင့်ဖိန် မှ နှစ်နိုင်ငံ စစ်ရေးဆက်ဆံမှု သည် နှစ်နိုင်ငံ ဆက်ဆံရေး ၏ အရေးကြီး အစိတ်အပိုင်း တစ်ခု ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ မှ စစ်တပ်ရေးရာ ထိပ်တန်း အရာရှိများ အပြန်အလှန် ဆက်သွယ်မှု ပုံစံ ကို ထိန်းသိမ်း ထားရမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ မှ ဖိတ်ကြားမှု အရ “RIMPAC-2016” စစ်ရေးလေ့ကျင့်မှု တွင် ပါဝင်သွားမည် ဖြစ်ကြောင်း ၊ ထို့ပြင် နိုဝင်ဘာ လပိုင်းတွင် အမေရိကန် Seattle မြို့တွင် ပြုလုပ် မည့် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ သဘာဝ ဘေးအန္တာရယ် ကယ်ဆယ်ရေး စစ်ရေးလေ့ကျင့်မှု ကိုလည်း တပ်ဖွဲ့ စေလွှတ်မည် ဖြစ်ကြောင်း အထူးပြောကြား ခဲ့သည်။

ထို့ပြင် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မှ တရုတ် နိုင်ငံ သည် တရုတ် နိုင်ငံတော် အချုပ်အခြာ အာဏာ တည်တံခိုင်မြဲရေး ကိစ္စရပ်တွင် လွန်စွာ အထိခိုက်မခံကြောင်း ၊ အမေရိကန် နိုင်ငံ မှ ကတိ ပြုမှု များကို တင်းကျပ်စွာ လိုက်နာကာ တရုတ် နိုင်ငံ ပြန်လည်ပေါင်းစည်းရေး နှင့် တည်ငြိမ်ရေး ကို ပျက်ပြား စေမည့် မည့်သည့် ဆောင်ရွက်မှု ကိုမှ မထောက်ခံရန် ကိုလည်း အထူးပြောကြား ခဲ့သည်။

အမေရိကန် သမ္မတ အိုဘားမား မှ အမေရိကန် နိုင်ငံ အနေဖြင့် နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ မှ အပြန်အလှန် ယုံကြည်မှု စနစ်တည်ဆောက်ရာတွင် ရရှိလာသော အောင်မြင်မှု များကို ချီးကျူးကြောင်း ၊ အမေရိကန် အနေဖြင့် တရုတ် တစ်နိုင်ငံ တည်းဟူသော မူဝါဒ ကို ထောက်ခံပြီး တရုတ်-အမေရိကန် အတူတကွ ထုတ်ပြန်ကြေညာ ခဲ့သည့် သဘောတူညီချက်ကို လည်း ခိုင်မြဲစွာ လိုက်နာ သွားမည် ဖြစ်ကြောင်း ၊ ဤ ရပ်တည်မှု သည် ပြောင်းလည်းသွားမည် မဟုတ်ကြောင်း ၊ အမေရိကန် အနေဖြင့် ထိုင်ဝမ် ခွဲထွက်ရေး ၊ တိဘက် ခွဲထွက်ရေး ၊ ရှင်းကျန်း ခွဲထွက်ရေး စသည်တို့ကို မထောက်ခံကြောင်း နှင့် ဟောင်ကောင် ကိစ္စရပ် တွင်လည်း ဝင်ရောက် စွတ်ဖက်မည် မဟုတ်ကြောင်း ပြောကြား ခဲ့သည်။

နှစ်နိုင်ငံ ခေါင်းဆောင်၏ ယခု အကြိမ် တွေ့ဆုံဆွေးနွေးမှု မှ နှစ်နိုင်ငံ မှ ဆွေးနွေး ညှိနှိုင်း ဆောင်ရွက်မှု များကို တွန်းအား ပေးဆောင်ရွက်ပြီး အဆင့်မြင့် အကျိုးတူ ရင်းနှီးမြှုပ်နှံ ဆိုင်ရာ သဘောတူညီမှု စာချုပ် ရရှိရန် ကို သဘောတူညီခဲ့သည်။ စွမ်းအင် အရင်းအမြစ် ၊ သဘာဝ ပတ်ဝန်းကျင် ၊ နည်းပညာ လုပ်ငန်း ၊ အခြေခံအဆောက်အဦး တည်ဆောက်ရေး ၊ စိုက်ပျိုးရေး နှင့် ကျန်းမာရေး စသည့် ကဏ္ဍ များတွင် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့သွားရန် သဘောတူညီခဲ့သည်။ မက်ခရို စီးပွားရေး မူဝါဒ ညှိနှိုင်းမှု တိုးချဲရန် သဘောတူညီခဲ့ပြီး အတူတကွ ကမ္ဘာ့စီးပွားရေး တိုးတက်ရန် နှင့် ငွေကြေး ကဏ္ဍ တည်ငြိမ်မှု ရရှိရန် တရုတ်-အမေရိကန် ပုံမှန် စီးပွားရေး တွေ့ဆုံဆွေးနွေးမှု စနစ် တည်ထောင်ရန် သဘောတူညီ ခဲ့သည်။ နှစ်နိုင်ငံ အနေဖြင့် G-20 အဖွဲ့ ၊ ကမ္ဘာ့ဘဏ် ၊ အပြည်ပြည် ဆိုင်ရာ ငွေကြေး ရံပုံငွေ အဖွဲ့ စသည့် အဖွဲ့အစည်း များတွင် ပူးပေါင်းဆောင်ရွက်မှု များတိုးချဲသွားရန် သဘောတူညီမှု ရရှိခဲ့သည်။ အမေရိကန် နိုင်ငံ မှ တရုတ် နိုင်ငံ ယွမ်းငွေ အား အပြည်ပြည် ဆိုင်ရာ ငွေကြေး ရံပုံငွေ အဖွဲ့ ၏ သတ်မှတ်ချက်များ နှင့်တကွ Special Drawing Right (SDR) ငွေကြေး တစ်ရပ် အဖြစ် ထည့်သွင်း သွားရန် ထောက်ခံခဲ့ပြီး ၂၀၁၀ ခုနှစ် G-20 ခေါင်းဆောင် ထိပ်တီး အစည်းအဝေး မှ သဘောတူညီမှု ရရှိခဲ့သည့် အပြည်ပြည်ဆိုင်ရာ ငွေကြေး ရံပုံငွေ အဖွဲ့ ပြုပြင်ပြောင်းလဲရေး နှင့် အုပ်ချုပ်မှု ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှု ကို အမြန်ဆုံး အကောင်အထည် သွားရန် သဘောတူညီ ခဲ့သည်။

နှစ်နိုင်ငံ စစ်ဘက် ဆိုင်ရာ တွင်လည်း ပူးပေါင်း စစ်ရေးလေးကျင့်မှု များပိုမို လုပ်ဆောင်သွားရန် နှင့် နှစ်နိုင်ငံ ကဏ္ဍပေါင်းစုံ အကြမ်းဖက်မှု ပူးပေါင်း တိုက်ဖျက်ရေး တို့တွင်လည်း သဘောတူညီမှု ရရှိခဲ့သည်။ နှစ်နိုင်ငံ မှ ပင်လယ် ဓားပြ တိုက်ဖျက်ရေး ၊ လူသားခြင်း စာနာထောက်ထားမှု ဆိုင်ရာ ကူညီကယ်ဆယ်ရေး ၊ အပြည်ပြည် ဆိုင်ရာ ငြိမ်းချမ်းရေး လုပ်ငန်း များ ၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး နှင့် တရားဥပဒေ စိုးမိုးမှု ပူးပေါင်း ဆောင်ရွက်ရေး စသည့် ကဏ္ဍ များတွင် ပူးပေါင်းဆောင်ရွက်မှု များတိုးချဲ့သွားရန် သဘောတူညီခဲ့ပြီး နိုင်ငံ ဖြတ်ကျော် ဒုစရိုက်မှု တိုက်ဖျက်ရေး တွင် လည်း အတူတကွ ဆောင်ရွက်သွားရန် သဘောတူညီ ခဲ့သည်။

နှစ်နိုင်ငံ မှ ဆက်လျက်၍ရာသီဥတု ပြောင်းလည်မှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပူးတွဲကြေညာချက် ကို ထက်မံ ထုတ်ပြန် သွားမည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ မှ အာဖရိက ၊ အာရှ စသည့် ဒေသများတွင် စားနပ်ရိက္ခာ လုံခြုံရေး ၊ အများပြည်သူ ကျန်းမာရေး အဖွဲ့အစည်းတည်ဆောက်ရေး ၊ အရေးပေါ် ဘေးဒုက္ခ ကယ်ဆယ်ရေး စသည့် ကဏ္ဍ ၃ ခုတွင် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့သွားရန် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး ခဲ့သည်။ ၂၀၁၅ ခုနှစ် နောက်ပိုင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း အစီအစဉ် အကောင်အထည် ဖော်ရာတွင် နှစ်နိုင်ငံ မှ အပြည်ပြည်ဆိုင်ရာ နျူကလီးယား မပြန့်ပွားရေး ဆိုင်ရာ သတ်မှတ်ချက်များ ကို လိုက်နာ သွားရန် သဘောတူညီ ခဲ့သည်။ နှစ်နိုင်ငံ မှ မြောက်ကိုးရီးယား ကျွန်းစွယ် နျူကလီးယား ကင်းမဲ့ရေး ကို ငြိမ်းချမ်းစွာ ဖြေရှင်းသည့် ပုံစံ ဖြင့် အကောင်အထည် ဖော်သွားရန် ထက်မံ ထုတ်ပြန် ခဲ့ကြသည်။

နှစ်နိုင်ငံ မှ ၂၀၁၆ ခုနှစ် အား တရုတ်-အမေရိကန် ခရီးသွား နှစ် အဖြစ် သတ်မှတ် ရန် သဘောတူညီ ခဲ့ကြသည်။ တရုတ် နိုင်ငံ မှ လာမည့် ၃ နှစ်တာ ကာလ အတွင်း နှစ်နိုင်ငံ မှ ကျောင်းသား ၅ သောင်း အပြန်အလှန် ပညာတော် သင် စေလွှတ်ရန် ကူညီထောက်ပံ့ပေးသွားမည် ဖြစ်ပြီး အမေရိကန် နိုင်ငံ မှ လည်း ၂၀၂၀ ခုနှစ် မတိုင်မှီ အမေရိကန် ကျောင်းသား ၁ သန်း တရုတ် ဘာသာ စကား သင်ယူ နိုင်ရန် ဆောင်ရွက် သွားရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။ နှစ်နိုင်ငံ ခေါင်းဆောင် မှ တောင်တရုတ် ပင်လယ်အရေး ၊ ဆိုက်ဘာ လုံခြုံရေး နှင့် လူ့အခွင့်အရေး စသည့် ကဏ္ဍ များတွင်လည်း သဘောထား အမြင်များ ဖလှယ် ခဲ့ကြပြီး တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မှ တရုတ် နိုင်ငံ ၏ ရပ်တည်မှု ကို ပြောကြား ခဲ့ပါသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.