Politics, Law & Military
တရုတ်-ဖိလစ်ပိုင် နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာဖြစ်ထွန်းစေရေး အပြည့်အဝ တိုးတက်အောင်ဆောင်ရွက်ရန် သမ္မတရှီ နှင့် သမ္မတဒူတာတေး တို့သဘောတူ
ပေကျင်း ၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် ဖိလစ်ပိုင်နိုင်ငံသမ္မတဒူတာတေး တို့သည် အောက်တိုဘာလ ၂ဝ ရက်က ပေကျင်းမြို့၌ တွေ့ဆုံစဉ် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုကြီးမားကျယ်ပြန့်စွာ ဖြစ်ပေါ်တိုးတက်စေရန်၊ အပြည့်အဝ တိုးတက်အောင်မြင်စေရန် နှင့် မတူကွဲပြားခြားနားချက်များကို ဖြစ်နိုင်သမျှ ကိုင်တွယ်ဖြေရှင်းသွားကြရန်အတွက် နှစ်နိုင်ငံစလုံးက သဘောတူညီခဲ့ကြကြောင်း သိရသည်။
“ ပင်လယ်ပြင်ကိုဖြတ်ကျော်သွားရသော အိမ်နီးချင်းနိုင်ငံများ” အဖြစ် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ပြောဆိုလိုက်ပြီး တရုတ်-ဖိလစ်ပိုင်နှစ်နိုင်ငံဆက်ဆံရေး အခြေခံအုတ်မြစ်သည် အလှည့်အပြောင်းများဖြင့် ပြီးဆုံးခဲ့ရကြောင်း နှင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်လိုသည့် စိတ်ဆန္ဒများမှာမူ မပြောင်းမလဲဘဲ ဆက်လက်ကျန်နေဆဲဖြစ်ကြောင်း ဖြစ်ကြောင်း ရှီက ဆိုသည်။
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် နှင့် ဖိလစ်ပိုင်နိုင်ငံသမ္မတ ဒူတာတေးတို့ဂုဏ်ပြုတပ်ဖွဲ့ကို လိုက်လံ စစ်ဆေးနေကြစဉ်(ဆင်ဟွာ)
တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်နှင့် ဖိလစ်ပိုင်နိုင်ငံသမ္မတဒူတာတေးတို့ ကြိုဆိုရေးကလေးငယ်များကို လိုက်လံနှုတ်ဆက်နေကြစဉ်(ဆင်ဟွာ)
တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်နှင့် ဖိလစ်ပိုင်နိုင်ငံသမ္မတဒူတာတေးတို့ ကြိုဆိုရေးကလေးငယ်များကို လိုက်လံနှုတ်ဆက်နေကြစဉ်(ဆင်ဟွာ)
တရုတ်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံနှင့် ဆက်ဆံရေးကို အမြင့်ဆုံးတန်ဖိုးထားပါကြောင်း နှင့် ကောင်းမွန်သော မိတ်ဖက်နိုင်ငံများဖြစ်လာမည်ဖြစ်ကြောင်း ၊ မတူကွဲပြားခြားနားချက်များကို ဖြစ်နိုင်သမျှကိုင်တွယ်ဖြေရှင်းသွားရမည်ဖြစ်ကြောင်း ၊ နှစ်ဖက်အပြန်အလှန်အကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နှင့် နိုင်ငံရေးအရ စွဲစွဲမြဲမြဲ ယုံကြည် စိတ်ချရသောနိုင်ငံအဖြစ် ပူးပေါင်းလုပ်ဆောင်သွားရန် အသင့်ရှိပါကြောင်း တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က သမ္မတဒူတာတေး၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း ထည့်သွင်းပြောကြားခဲ့သည်။
တရုတ်-ဖိလစ်ပိုင် နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်စွာဖြစ်ပေါ်တိုးတက်စေရန် နှင့် ကောင်းမွန်သော အရေးကြီးသည့် အခြေခံအုတ်မြစ်များကို ချမှတ်နိုင်ရန် တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်၍ မတူကွဲပြားချက်များကို တွေ့ဆုံဆွေးနွေးခြင်း နှင့် ညှိနှိုင်းတိုင်ပင်ခြင်း နည်းလမ်းများဖြင့် အဖြေရှာသွားရမည်ဖြစ်ကြောင်း သမ္မတရှီ ကဆိုသည်။
နှစ်နိုင်ငံဆက်ဆံရေးအတွက် အတိတ်ကာလ အတွေ့အကြုံများကို သင်ခန်းစာအဖြစ် ရယူပြီး နှစ်ဖက်အကျိုးစီးပွားအတွက် တံခါးဖွင့်လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ရှီကပြောကြားခဲ့ပြီး မတူကွဲပြားခြားနားချက်များကို တက်စွမ်းသမျှ ပူးပေါင်းဆောင်ရွက်၍ နှစ်နိုင်ငံဆက်ဆံရေးတိုးတက်ခိုင်မာအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
“ တရုတ်နိုင်ငံ နဲ့ ဖိလစ်ပိုင်နိုင်ငံတို့ဟာ အနာဂတ်မျိုးဆက်တွေအတွက် ချစ်ကြည်ရင်းနှီးတဲ့ မိတ်ဖက်ဆက်ဆံရေး အခြေခံကောင်းများကို အုတ်မြစ်ချပေးခဲ့ရမှာပါ။ ထိပ်တိုက်ရင်ဆိုင်ဖို့နဲ့ရန်လိုဖို့အကြောင်း မရှိပါဘူး။ အိမ်နီးချင်းဆက်ဆံရေးတိုးတက်ခိုင်မာအောင် နှစ်ဖက်စလုံးက လုံ့လစိုက်သင့်ပါတယ်” ဟု ရှီက ပြောသည်။
တရုတ် နှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် သံတမန်ဆက်ဆံရေး စတင်တည်ထောင်စဉ်ကတည်းက တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်ပြီး ကွဲပြားခြားနားချက်များကို တွေ့ဆုံဆွေးနွေးရေး နှင့် ညှိနှိုင်တိုင်ပင်ရေး နည်းလမ်းများဖြင့် ကိုင်တွယ်ဖြေရှင်းသွားရန် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခဲ့ကြကြောင်း ရှီကဆိုသည်။ “ ဒါဟာ နိုင်ငံရေးဉာဏ်အမြော်အမြင်ကြီးမားမှု နဲ့ တရုတ်-ဖိလစ်ပိုင် နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်စွာတိုးတက်ရေး နဲ့ကောင်းမွန်စွာ ဖြစ်ထွန်းရေးအတွက် အရေးကြီးတဲ့အခြေခံအုတ်မြစ်တွေကို တည်ဆောက်ပေးမယ့် အောင်မြင်တဲ့ အလေ့အကျင့်ကောင်းတစ်ခုပါပဲ ” ဟု ရှီက ပြောကြားခဲ့သည်။
တရုတ်နှင့်ဖိလစ်ပိုင်နိုင်ငံတို့သည် တွေ့ဆုံဆွေးနွေးရေး နှင့် ညှိနှိုင်းတိုင်ပင်ရေး ကို လိုက်နာစောင့်ထိန်း ခဲ့သည့် ကာလတစ်လျှောက် သဘောတူရန် ခက်ခဲသည့် ကိစ္စရပ်များကို အခိုက်အတန့်တစ်ခုတွင် အဖက်ဖက်က ပွင့်လင်းစွာ အပြန်အလှန်ဖလှယ်မှုများပြုလုပ်နိုင်ခဲ့ကြောင်း ၊ မတူကွဲပြားချက်များကို ကောင်းစွာကိုင်တွယ်နိုင်ခဲ့ကြောင်း ၊ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်သယ်ဆောင်နိုင်ခဲ့ကြောင်း နှင့် ပြသနာများကို ယာယီဖယ်ရှားနိုင်ခဲ့ကြောင်း ရှီက ဆိုသည်။
ဖိလစ်ပိုင်နိုင်ငံသမ္မတ ဒူတာတေးသည် အောက်တိုဘာလ ၁၈ ရက် မှ ၂၁ ရက်အထိ တရုတ်နိုင်ငံသို့လေးရက်ကြာ တရားဝင်ချစ်ကြည်ရေးခရီးစဉ် အဖြစ်ရောက်ရှိပြီး တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့်တွေ့ဆုံစဉ် နှစ်ဖက်ဆက်ဆံရေးတိုးတက်ခိုင်မာစေရန် ၊ ဖွံ့ဖြိုးလာစေရန်အတွက် သမိုင်းဝင်ခရီးစဉ် တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် သမ္မတဒူတာတေးက ၎င်း၏ခရီးစဉ်သည် နှစ်နိုင်ငံပြည်သူများအတွက် အကျိုးဖြစ်ထွန်းမှုရှိစေမည့် ခရီးစဉ်ဖြစ်မည်ဟု ယုံကြည်ထားသည်။ တရုတ် နှင့် ဖိလစ်ပိုင် နိုင်ငံတို့အကြား နောက်ဆုံးအကြိမ်အဖြစ် နိုင်ငံ့ခေါင်းဆောင်များ၏ တရားဝင် အလည်အပတ်ခရီးစဉ်သည် လွန်ခဲ့သော ၅ နှစ်က သမ္မတဒူတာတေး မတိုင်မီ ဖိလစ်ပိုင်နိုင်ငံသမ္မတအဖြစ် တာဝန်ယူခဲ့သည့် ဘန်နီနိုအာကွီနို ၃ လက်ထပ်တွင် ဖြစ်ကြောင်း သိရသည်။ ယခင် ဖိလစ်ပိုင်သမ္မတ(ဟောင်း) အာကွီနို ၃ သည် ၂ဝ၁၁ ခုနှစ် စက်တင်ဘာလတွင် တရုတ်နိုင်ငံသို့လာရောက်လည်ပတ်ခဲ့သည်။
တရုတ်နိုင်ငံ နှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် တရုတ်နိုင်ငံကို ဆန့်ကျင်လိုသည့် ဖိလစ်ပိုင်နိုင်ငံသမ္မတဘန်နီနိုအာကွီနို လက်ထက်တွင် တောင်တရုတ်ပင်လယ် အငြင်းပွားမှုကြောင့် ဆိုးရွားခဲ့ရသည်။
တရုတ်-ဖိလစ်ပိုင်နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ခိုင်မာစေရန် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က နိုင်ငံရေးအရ ယုံကြည်မှုခိုင်မာစေရန် ၊ စဉ်ဆက်မပြတ်ပူးပေါင်းဆောင်ရွက်ရေး တိုးချဲ့ရန် ၊ ပြည်သူအချင်းချင်းအပြန်အလှန်ပူးပေါင်းဖလှယ်မှု တိုးမြှင့်ရန် နှင့် ဖက်ပေါင်းစုံ နှင့်ဒေသဆိုင်ရာ အရေးကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုတွန်းအားပေးဆောင်ရွက်သွားရန် ဟူသော အချက်အလက်ကို အဓိကဆွေးနွေးခဲ့သည်။
ထို့ပြင် နှစ်နိုင်ငံဆက်ဆံရေးတိုးတက်ခိုင်မာအောင် တည့်မတ်ပေးရန် အဆင့်မြင့်အရာရှိအချင်းချင်း အပြန်အလှန် ပူးပေါင်းဖလှယ်မှုများကို တိုးမြင့်လုပ်ဆောင်သွားရန် နှင့် အစိုးရအချင်းချင်းအကြား ၊ ပါတီအချင်းချင်းအကြား ၊ လွှတ်တော်အချင်းချင်းအကြား နှင့် ဒေသဆိုင်ရာအာဏာပိုင်အချင်းချင်းအကြား ပူးပေါင်းဆောင်ရွက်မှု နှင့် အပြန်အလှန်ဖလှယ်မှုများကို တွန်းအားပေးသွားရန် နှစ်ဖက်စလုံးသို့သမ္မတရှီက တိုက်တွန်းခဲ့သည်။
ထို့ပြင် ခေတ်သစ်ပိုးလမ်းမကြီး၏ မူဘောင်အောက်တွင် ဖိလစ်ပိုင်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများတိုးမြင့်လုပ်ဆောင်သွားရန် တရုတ်နိုင်ငံက အသင့်ရှိကြောင်း ၎င်းကဆက်ပြောသည်။
နှစ်ဖက်အပြန်အလှန်အကျိုးဖြစ်ထွန်းမည့်ရလဒ်များထွက်ပေါ်လာစေရန် တရုတ်-ဖိလစ်ပိုင်နှစ်နိုင်ငံစလုံးအနေဖြင့် ဘက်ပေါင်းစုံတွင် ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာများကို တိုးချဲ့လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ရှီက တိုက်တွန်းပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ဖိလစ်ပိုင်ပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေမည့် ဖိလစ်ပိုင်နိုင်ငံ၏ အခြေခံအဆောက်အအုံတည်ဆောက်ရေးလုပ်ငန်းများ ၊ မီးရထားလမ်းများ ၊ မြို့ပြရထားလမ်းပိုင်းများ ၊ အဝေးပြေးလမ်းမ ၊ ဆိပ်ကမ်းများ နှင့် အခြားကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေရန် ပါဝင်လုပ်ကိုင်သွားရန် ဆန္ဒရှိကြောင်း သမ္မတရှီက ပြောသည်။
ထို့ပြင် ဖိလစ်ပိုင်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများသည် ဖိလစ်ပိုင်နိုင်ငံ၌ လာရောက်လုပ်ကိုင်ရန် အဆင်သင့်ရှိပါကြောင်း တရုတ်နိုင်ငံသမ္မတ ကဆိုသည်။
ဖိလစ်ပိုင်အစိုးရသစ်၏ မူးယစ်ဆေးဆန့်ကျင်တိုက်ဖျက်ရေး၊ အကြမ်းဖက်မှု နှင့် ဒုစရိုက်မှု နှိမ်နင်းရေး စသည့် လုပ်ငန်းစဉ်များကို တရုတ်နိုင်ငံက အားပေးထောက်ခံကြောင်း နှင့် အဆိုပါ ကိစ္စရပ်များတွင် ဖိလစ်ပိုင်အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်သွားရန် ဆန္ဒရှိပါကြောင်း ရှီက ဆိုသည်။
ထို့ပြင် ငါးဖမ်းလုပ်ငန်းများ ၊ ပညာရေး ၊ သတင်းမီဒီယာ ၊ ယဉ်ကျေးမှု နှင့် ခရီးသွားလုပ်ငန်းများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက် ပိုမိုခိုင်မာစေရန် သမ္မတ ရှီက ပြောသည်။
ဖိလစ်ပိုင်ကျွန်းနိုင်ငံ၏ ရှေးဟောင်းနန်းမြို့တော်သို့တရုတ်နိုင်ငံမှ ဆုလု(Sulu) ဘုရင်မင်းမြတ်လာရောက်လည်ပတ်ခဲ့သည့် နှစ် ၆ဝဝ ပြည့်အထိမ်းအမှတ်အခမ်းအနားကို လာမည့်နှစ်တွင် နှစ်ဖက်စလုံးက စည်ကားသိုက်မြိုက်စွာ ကျင်းပသွားရန် ရှီက အကြံပြုခဲ့သည်။
အာရှ-ပစိဖိတ်စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအဖွဲ့နှင့် ကုလသမဂ္ဂအဖွဲ့များကဲ့သို့ ဘက်ပေါင်းစုံမူဘောင်များတွင် ဖိလစ်ပိုင်နိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်သွားရန် တရုတ်နိုင်ငံက မျှော်လင့်ကြောင်း ရှီကပြောသည်။
တရုတ် နှင့် ဖိလစ်ပိုင် နိုင်ငံတို့ကြားတွင် ချိုးဖျက်၍ မရနိုင်သည့် နှစ်ပေါင်းရှည်ကြာ ရင်းနှီးချစ်ခင်မှုများရှိကြောင်း နှင့် တရုတ်နိုင်ငံသည် အင်အားကြီးမားသောနိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံသမ္မတ ဒူတာတေးက ဆိုသည်။
တရုတ်နိုင်ငံ၏ စွမ်းဆောင်ချက်များကို ချီးကျူးဂုဏ်ပြုပါကြောင်း ၊ နှစ်နိုင်ငံ၏ ဖွံ့ဖြိုးရေးဆိုင်ရာ မဟာဗျူဟာများသည် အမြင့်ဆုံး အံဝင်ဂွင်ကျမှုရှိကြောင်း နှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် အလွန်အရေးပါကြောင်း ဖိလစ်ပိုင်သမ္မတက ဆိုသည်။
ဘက်ပေါင်းစုံအဆင့်ဆင့်တွင် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု အပြန်အလှန်ဖလှယ်ရေးကို နက်ရှိုင်းစွာလုပ်ဆောင်သွားရန် နှင့် လူမှု စီးပွား ဖွံဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံ၏ ခိုင်မာစွာအားပေးထောက်ခံမှုကို ဖိလစ်ပိုင်နိုင်ငံက ဂုဏ်ပြုပါကြောင်း ဒူတာတေးက ပြောသည်။
တရုတ် နှင့် ဖိလစ်ပိုင် နိုင်ငံတို့အကြား စီးပွားရေး၊ကုန်သွယ်ရေး ၊ ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး ၊ သိပ္ပံ နှင့် နည်းပညာ ၊ စက်မှုလုပ်ငန်း ၊ အခြေခံအဆောက်အအုံ ၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး နှင့် ဘေးအန္တရာယ်လျော့ပါးရေး၊ ခရီးသွားလုပ်ငန်း၊ လေကြောင်း ၊ သတင်းမီဒီယာ၊ မူးယစ်ဆေးဝါးထိန်းချုပ်မှု၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ၊ ပင်လယ်ရေကြောင်း ထိန်းသိမ်းရေး နှင့် ယဉ်ကျေးမှုကဏ္ဍများကို ပူးပေါင်းဆောင်ရွက်သွားရန် ဖိလစ်ပိုင်နိုင်ငံသမ္မတ ဒူတာတေးက ထုတ်ဖော်ပြောကြားခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံသမ္မတဒူတာတေး၏ တရုတ်နိုင်ငံ အလည်အပတ်ခရီးစဉ်အတွင်း တရုတ်နိုင်ငံ နှင် ဖိလစ်ပိုင်နိုင်ငံတို့အကြား အမေရိကန်ဒေါ်လာ ၁၃.၅ ဘီလီယံ တန်ဖိုးရှိ သဘောတူညီမှု နှင့် နားလည်မှု စာချွန်လွှာပေါင်း ၁၃ ခုကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
ဖိလစ်ပိုင်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အာရှ အခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုဘဏ်သည် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်သည်ဟု ဒူတာတေးက မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ တရုတ်-အာဆီယံ ဆက်ဆံရေးခိုင်မာစေရေးအတွက် ပို၍ နီးကပ်လာအောင် ရှေးရှုတွန်းအားပေးသွားရန် နှင့် ဒေသတွင်းနှင့်နိုင်ငံတကာအရေးကိစ္စရပ်များတွင် တရုတ်နိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်မှုတိုးမြင့်လုပ်ဆောင်သွားရန် ဖိလစ်ပိုင်နိုင်ငံက အသင့်ရှိပါကြောင်း ဖိလစ်ပိုင်နိုင်ငံသမ္မတဒူတာတေးက ပြောကြားခဲ့သည်။(Xinhua)