Connect with us

Politics, Law & Military

ဖိလစ်ပိုင် သမ္မတ ပြန်ကြားရေးလုပ်ငန်း အတွင်းဝန်နှင့် ဆင်ဟွာ ဥက္ကဋ္ဌ တွေ့ဆုံ

ဆင်ဟွာ ဥက္ကဋ္ဌ ချိုက်မင်းကျို (ဝဲ) နှင့် ဖိလစ်ပိုင် သမ္မတ ပြန်ကြားရေးလုပ်ငန်း ရုံး အတွင်းဝန် မာတင် အန်ဒါနာ (ယာ) တို့ အောက်တိုဘာလ ၁၉ ရက်က လက်ဆွဲ နှုတ်ဆက်နေကြစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

ဆင်ဟွာ သတင်း အေဂျင်စီ ဥက္ကဋ္ဌ ချိုက်မင်းကျိုသည် ဖိလစ်ပိုင် ဥက္ကဋ္ဌ ရိုဒရီဂို ဒူတာတေး၏ ပြန်ကြားရေး လုပ်ငန်း အတွင်းဝန် မာတင် အန်ဒါနာနှင့် အောက်တိုဘာလ ၂၀ ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဒူတာတေး၏ တရုတ်နိုင်ငံ ခရီးစဉ်သည် တရုတ်-ဖိလစ်ပိုင် ဆက်ဆံရေးတွင် သမိုင်းဝင် ဖြစ်ရပ်ဖြစ်ကြောင်း ချိုက်က ပြောကြားခဲ့သည်။

ဖိလစ်ပိုင် သမ္မတ ဒူတာတေးနှင့် ကိုယ်စားလှယ်အဖွဲ့တို့သည် တရုတ်နိုင်ငံ ပေကျင်းသို့ ပထမဆုံး ခရီးစဉ်အဖြစ် အောက်တိုဘာလ ၁၈ ရက် ညနေပိုင်း၌ ရောက်ရှိလာခဲ့သည်။ ဒူတာတေးသည် ဖိလစ်ပိုင် သမ္မတ အဖြစ် တာဝန်ယူခဲ့သည့် ဇွန်လကတည်းက ပထမဆုံး အာဆီယံ ပြင်ပနိုင်ငံအဖြစ် တရုတ်နိုင်ငံသို့ လာရောက်ခြင်း ဖြစ်သည်။

“ဒီခရီးစဉ်က အောင်မြင်မှုကြီးတွေ ရရှိနိုင်ဖို့ မျှော်လင့်ထားတယ်” ဟု ချိုက်က ပြောသည်။

ဆင်ဟွာ သတင်းဋ္ဌာနအနေဖြင့် အပြုသဘောဆောင်သည့် သတင်းအချက်အလက်များ ပိုမို ဖြန့်ဖြူးပေးနိုင်ရန် ဖိလစ်ပိုင် သမ္မတ ပြန်ကြားရေးလုပ်ငန်း ရုံးနှင့် နိုင်ငံ၏ အဓိက မီဒီယာလုပ်ငန်းများနှင့် အတူတကွ အလုပ်လုပ်ကိုင်ရန် အဆင်သင့်ရှိပါကြောင်း၊ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် နှစ်နိုင်ငံ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန် နားလည်မှု ကြီးထွားလာစေရန်နှင့် ဆက်ဆံရေး ဖွံ့ဖြိုးမှု အကျိုးရလဒ် ရရှိစေမည် ဖြစ်ကြောင်း ချိုက်က ပြောကြားခဲ့သည်။

ဆင်ဟွာသည် သြဇာကြီးမားသည့် သတင်း အေဂျင်စီ တစ်ခု ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံနှင့် ပတ်သက်ပြီး သတင်းရေးသားသည့် ရပ်တည်ချက်အား ချီးကျူးကြောင်း အန်ဒါနာက ပြန်လည် ပြောကြားခဲ့သည်။

ဖိလစ်ပိုင် သမ္မတ ပြန်ကြားရေးလုပ်ငန်း ရုံး အနေဖြင့် ဆင်ဟွာနှင့်အတူ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားမည် ဖြစ်ကြောင်း၊ ဖိလစ်ပိုင် သတင်းဋ္ဌာနများနှင့် တရုတ် သတင်းအေဂျင်စီတို့ ခိုင်မာသည့် ရင်းနှီးချစ်ကြည်မှု တိုးတက်လာရေး စသည်တို့အတွက် တွန်းအားပေးသွားမည် ဖြစ်ကြောင်း အဆိုပါ ဖိလစ်ပိုင် ပြန်ကြားရေး အတွင်းဝန်က ကတိပြုခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.