Politics, Law & Military
သမ္မတရှီက ဒုတိယကမ္ဘာစစ်ရလဒ် ထိန်းသိမ်းစောင့်ရှောက်ရေး ရုရှားနိုင်ငံနှင့်အတူ လုပ်ဆောင်သွားရန် တရုတ်နိုင်ငံက အသင့်ရှိကြောင်း ပြောကြား

ပေကျင်း ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်က နိုင်ငံတကာ ညီမျှမှု နှင့် တရားမျှတမှုအပြင် ဒုတိယကမ္ဘာစစ်(WWII) စစ်အောင်နိုင်ခြင်း ရလဒ်အား ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် နိုင်ငံတကာအသိုက်အဝန်းနှင့်အတူ လက်တွဲကြိုးပမ်းအားထုတ်ခြင်းကို ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်နှင့်အတူ ပူးပေါင်း လုပ်ဆောင်သွားရန် ၎င်းအနေဖြင့် အသင့်ရှိကြောင်း ယနေ့ စက်တင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။
ကမ္ဘာ့ဖက်ဆစ်စနစ်တိုက်ဖျက်ရေးစစ်ပွဲ စစ်အောင်နိုင်ခြင်း ၇၅ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားတွင် သမ္မတရှီကျင့်ဖိန်သည် ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်ထံ အပြန်အလှန်ပေးပို့သော သဝဏ်လွှာ၌ အထက်ပါအတိုင်း မှတ်ချက်ပြု ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ (Xinhua)