Politics, Law & Military
အထူးရဲတပ်ဖွဲ့သစ် ဖွဲ့စည်းကြောင်း တရုတ် ကြေညာ
ပေကျင်း၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် အထူးရဲတပ်ဖွဲ့သစ် တစ်ရပ် ဖွဲ့စည်းလိုက်ကြောင်း ဇန်နဝါရီလ ၁၈ ရက်က ကြေညာလိုက်သည်။
အဆိုပါ အထူးတပ်ဖွဲ့ကို သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး၊ အစားအသောက်နှင့် ဆေးဝါးများ၊ ခရီးသွားလာရေးနှင့် သီးခြားအဖွဲ့ ဟူ၍ အုပ်စုလေးခု ခွဲကာ ရဲအရာရှိ ၁၅၀ ဦးကျော်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပေကျင်း မြို့တော်ဆိုင်ရာ အများပြည်သူ လုံခြုံရေးဗျူရိုအောက်ရှိ အဆိုပါ အထူးရဲတပ်ဖွဲ့၏ လက်ထောက် အကြီးအကဲ လန်းယန်က ပြောသည်။
အဆိုပါ တပ်ဖွဲ့များအား ဗျူရိုတွင် စုစည်းကာ သင်တန်းပေးခဲ့ရကြောင်း လန်းက ဆိုသည်။
တရုတ်နိုင်ငံ ပေကျင်းမြို့တော်တွင် ရက်သတ္တပတ် တစ်ပတ်ကျော်ကြာ မြူခိုးများ တည်ရှိနေခဲ့ပြီးနောက် လေထု ညစ်ညမ်းမှုကို ကိုင်တွယ်ရန် သဘာဝပတ်ဝန်းကျင် ရဲတပ်ဖွဲ့ ဖွဲ့စည်းရန် ဇန်နဝါရီလ အစောပိုင်းတွင် ပေကျင်း ယာယီ မြို့တော်ဝန် Cai Qi က ကြေညာခဲ့သည်။ (Xinhua)