Politics, Law & Military
အာရှတိုက်၌ ဘုံကြွယ်ဝချမ်းသာမှုကို အာရှပြည်သူလူထုများ မျှော်လင့်ဟု သမ္မတ ရှီပြောကြား
ပေကျင်း၊ မေ ၁၅ ရက် (ဆင်ဟွာ)
အာရှပြည်သူများအနေဖြင့် ဘုံကြွယ်ဝချမ်းသာမှုရှိသော အာရှတိုက်အား မျှော်လင့်လျက်ရှိကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က မေလ ၁၅ ရက်တွင် ပြောကြားလိုက်သည်။
အာရှနိုင်ငံအားလုံးအနေဖြင့် ပွင့်လင်း၍ အားလုံးပါဝင်မှုှရှိသော ဟန်ချက်ညီစွာဖြင့် အားလုံးအတွက် အကျိုးရလဒ်ရှိသော ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအရ လွှမ်းခြုံနိုင်မှုကို ပူးတွဲမြှင့်တင်သွားမည်ဖြစ်ကြောင်း၊ ဆင်းရဲနွမ်းပါးမှုနှင့် နိုင်ငံအချို့ နောက်ပြန်သွားနေမှုအား အဆုံးသတ်ရန် အတူတကွပူးတွဲလုပ်ဆောင်ကြမည် ဖြစ်ကြောင်း အာရှယဉ်ကျေးမှုဖလှယ်ရေးညီလာခံ ဖွင့်ပွဲအခမ်းအနား မိန့်ခွန်း၌ သမ္မတ ရှီက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ (Xinhua)